
တွေးသမျှတိုင်းကို မယုံလိုက်ပါနဲ့
4500 (ကျပ်)
တွေးတာဟာ ဝေဒနာအားလုံးရဲ့ တရားခံဖြစ်ပါတယ်။
ကျွန်တော်တို့တွေးတာကနေ မကောင်းတဲ့စိတ်
လှုပ်ရှားခံစားမှုတွေ ဖြစ်လာကြတော့ တွေးတာတွေကို နောက်ကြောင်းပြန်လိုက်ရင် ဖြေရှင်းရလွယ်သွားစေပါတယ်။
အဲဒါကြောင့် တွေးတာဟာ အကြောင်းရင်းဖြစ်တယ်ဆိုတာ သဘောပေါက်တာနဲ့ တွေးတာကို ထွက်သွားခွင့်ပြုလိုက်ပါ။
မတွေးဘဲနေတဲ့အချိန်ဟာ အပျော်ရွှင်ဆုံးအချိန် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Default State of Mind လို့သတ်မှတ်ထားတဲ့ မူလစံသတ်မှတ်အနေအထား ဖြစ်ပါတယ်။
တွေးတာနဲ့ အတွေးတွေက မတူကြပါဘူး။
Thinking နဲ့ Thoughts ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ပါတာတွေက –
စိတ်ပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားခံစားမှုပိုင်းဆိုင်ရာ
ဝေဒနာတွေရဲ့ ဇာစ်မြစ်နဲ့
ဒါတွေကို ဘယ်လိုအဆုံးသတ်နိုင်တယ်ဆိုတဲ့အကြောင်း
မကောင်းတဲ့အတွေးတွေ၊ ခံစားချက်တွေရဲ့ဒဏ်ကို
မခံရလေအောင် ဘယ်လိုလုပ်နိုင်တယ်ဆိုတဲ့အကြောင်း
ပြင်ပအခြေအနေတွေ ဘယ်လိုရှိနေပေမဲ့ ခြွင်းချက်မဲ့
ချစ်မေတ္တာ၊ ငြိမ်းချမ်းမှု၊
ပျော်ရွှင်မှုတွေကို ဘယ်လိုရရှိနိုင်တဲ့အကြောင်း
သင့်ရဲ့လက်ရှိဘဝအခြေအနေတွေကို မကြိုက်ဘူးဆိုရင် ဘဝအတွေ့အကြုံသစ်တစ်ခု ချက်ချင်းရရှိစေဖို့ ဘယ်လိုလုပ်နိုင်တဲ့အကြောင်း
မကောင်းတဲ့အတွေးတွေထဲမှာ ပိတ်မိရာကနေ
ဘယ်လိုရုန်းထွက်လာနိုင်တဲ့အကြောင်း
စိုးရိမ်ပူပန်မှု၊ ကိုယ့်ကိုယ်ကိုယ်အပြစ်မြင်နေမှု၊ ကိုယ့်ကိုယ်ကိုယ်ဖျက်လိုဖျက်ဆီး လုပ်နေတဲ့အပြုအမူတွေကို
ဘယ်လိုထွက်သွားအောင် လုပ်နိုင်တဲ့အကြောင်း
စဉ်းစားတွေးတောမှု အကန့်အသတ်တွေကိုကျော်လွန်ပြီး အလိုလိုသိစိတ် (Intuition)၊ ကိုယ်တွင်းအသိပညာ (Inner Wisdom) တွေကို ဘယ်လိုရရှိစေနိုင်တဲ့အကြောင်းတွေ
ဖြစ်ပါတယ်။
စာမျက်နှာ | 136 |
---|---|
စာအုပ်အရွယ်အစား | 5 × 0.2 × 8.4 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2023 အောက်တိုဘာလ |
4 in stock
Yazar Htut Kyaw –
Good