စီးပွားရေးကျောင်းသွားစရာမလိုတဲ့စီးပွားရေးပညာ

( 0 မှတ်ချက်)

22500 (ကျပ်)

လူတော်တော်များများက အောင်မြင်တဲ့ လုပ်ငန်းတစ်ခုထူထောင်ဖို့၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းအလုပ် တိုးတက်ဖို့အတွက် စီးပွားရေးတက္ကသိုလ်တက်ဖို့ လိုတယ်လို့ ယူဆထားပါတယ်။ ဒါက မမှန်ပါဘူး။ ယနေ့လိုခေတ်ကြီးမှာ စီးပွားရေးလုပ်ပုံကိုင်ပုံအများစု လိုအပ်တာက သာမန်တွေးတောတတ်တဲ့အသိထက် နည်းနည်းလေးပိုရှိမယ်။ ရိုးရိုးသင်္ချာအတွက်အချက် ရမယ်။ သိပ်အရေးကြီးတဲ့ သဘောတရားဗဟုသုတအနည်းငယ် ရှိရမယ်။

ဒီစာအုပ်က စီးပွားရေးလုပ်ငန်းဆိုင်ရာ အခြေခံကျတာလေးတွေကိုပဲ အသားပေးရေးထားတာဖြစ်ပြီး ရည်ရွယ်ချက်က သင့်ကို အချိန်အတိုအတွင်းမှာ အရေးအကြီးဆုံး စီးပွားရေးလုပ်ငန်းသဘောတရားခြုံငုံသုံးသပ်ချက်ကို အရှင်းလင်းဆုံး သိစေဖို့ပဲဖြစ်ပါတယ်။ အယူအဆတစ်ခုချင်းစီကို လွယ်လွယ်ဖတ်လို့ နားလည်မယ့်စကားနဲ့ ရေးထားပါတယ်။ မရှိမဖြစ်လိုအပ်တာ တွေကို သိပြီဆိုတာနဲ့ သင့်ရဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်ဖို့နဲ့ အရေးအကြီးဆုံးက ဘာတွေလဲဆိုတာစဉ်းစားတဲ့အသိရဖို့ကိုလည်း အာရုံစိုက်နိုင်ပြီဖြစ်ပါတယ်။

အခြားရွေးစရာ MBA စာအုပ်အများစုက ထိပ်တန်းစီးပွားရေးကျောင်းသင်ရိုးတွေကို ပုံတူကူးဖို့ ကြိုးစားကြပါတယ်။ ဒီစာအုပ်က ဒီလိုမဟုတ်ပါဘူး။ သင့်ရဲ့ လက်ရှိပညာရေးအခြေအနေ၊ ဒါမှမဟုတ် လုပ်ငန်းအတွေ့အကြုံတွေ ဘယ်လိုပဲရှိနေပါစေ ယေဘုယျစီးပွားရေးအလေ့အထတွေကို အစကနေ သေသေချာချာနားလည်စေဖို့အတွက် အထောက်အကူပေးပါလိမ့်တယ်။

သင်က လုပ်ငန်းတစ်ခုခုမှာ လုပ်နေသူဖြစ်ဖြစ်၊ လုပ်ငန်းရှင်တစ်ယောက်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီအမှုဆောင်အရာရှိတစ်ယောက်ပဲဖြစ်ဖြစ်၊ သင်ဘာအလုပ်ပဲလုပ်နေပါစေ စီးပွားရေးနဲ့ပတ်သက်လို့ ဘယ်နေရာကစရမလဲဆိုတာ သိနေမယ်၊ ကြုံတွေ့ရတဲ့အခြေအနေအပေါ်မူတည်ပြီး စဉ်းစားချင့်ချိန်ဖို့ နားလည်သဘောက်ပေါက်ထားမယ်ဆိုရင် တိုးတက်မှုကြီးကြီးမားမားတွေရဖို့ လမ်းပွင့်သွားစေပါလိမ့်တယ်။ သင့်ဆီက အတွေ့အကြုံတွေနဲ့ ဒီစာအုပ်ဖတ်ပြီးရလာမယ့် ဗဟုသုတတွေကိုပေါင်းလိုက်ရင် သင့်အတွက် စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာအကျိုးရလဒ်ကောင်းတွေ သေချာပေါက်ရမှာဖြစ်ပါတယ်။
===

စီးပွားရေးတက္ကသိုလ်မတက်ထားရင်တောင် လုပ်ငန်းတစ်ခုကို နားလည်စွာ စတင်တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ အရေးကြီးဆုံး စီးပွားရေးသဘောတရားတွေကို ရိုးရှင်းလွယ်ကူစွာ ခြုံငုံနားလည်စေပြီး ကိုယ့်လုပ်ငန်း၊ ကိုယ့်အလုပ်အပေါ် မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်တဲ့ အခြေခံအရင်းအမြစ်ကို ပေးနိုင်တဲ့စာအုပ်ဖြစ်လို့ ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

349 (Woodfree paper)

စာအုပ်အရွယ်အစား

5.6 x 0.6 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2026 ၊ ဇန်နဝါရီလ(ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စီးပွားရေးကျောင်းသွားစရာမလိုတဲ့စီးပွားရေးပညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မျိုးလွင်(MBA) စာအုပ်များ