သတိဖြင့်ငြိမ်းချမ်းခြင်း
2500 (ကျပ်)
အခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ ခေတ်စားလာတဲ့ သတိအသိရှိခြင်း(Mindfulness)ဆိုတာ ပါဠိစကားလုံး `သတိ´ ကဆင်းသက်လာတာဖြစ်ပါတယ်။နေ့စဥ်ဘဝမှာ သတိအသိနည်းဗျူဟာတွေကို ပုံမှန်လုပ်တဲ့သူတွေဟာ စိတ်တည်ငြိမ်မှု၊ အပန်းပြေမှုပိုရစေပါတယ်။စိတ်အားအင်ပိုပြည့်လာလို့ဘဝမှာ နေရထိုင်ရတာပိုပြီး အားတက်သရောဖြစ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ကိုယ့်အကြောင်း ကောင်းခြင်းဆိုးခြင်းတွေ သိရှိလက်ခံမှုပိုများလာပါတယ်။စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျမှု၊စိုးရိမ်ကြောင့်ကြမှု၊နာတာရှည်နာကျင်မှု၊စွဲလမ်းမှု၊ခုခံအားကျဆင်းမှုတွေရဲ့အန္တရာယ်လျော့နည်းစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပိုပြီး ကရုဏာရှိလာပြီးသူများကိုလည်း ပိုပြီးစာနာတတ်လာပါတယ်။ ဒီစာအုပ်မှာ နေ့စဥ် သတိအသိရှိဖို့ဆိုတာဟာ ကျွမ်းကျင်မှုမဟုတ်၊စိတ်ထားတစ်ခုသာဖြစ်ကြောင်း၊အလေ့အကျင့်လေးပျိုးထောင်ပေးဖို့သာလိုကြောင်း၊စိတ်ဖိစီးမှုလျော့နည်းပြီး စိတ်ငြိမ်းချမ်းမှုရစေဖို့ တစ်နေ့ ၅မိနစ်၊၁၀မိနစ်လောက်အချိန်ပေးလေ့ကျင့်နိုင်မယ့်လေ့ကျင့်ခန်းလေးတွေကိုအကြံပြုထားပါတယ်။သွားသတိ၊စားသတိ၊လမ်းလျှောက်လည်းသတိစတဲ့ သတိဆိုတဲ့ အသိလေးတွေရသလောက် အာရုံပြုပေးခြင်းနည်းကတစ်ဆင့် ဘဝမှာ ပိုပြီးပျော်ရွှင်ချမ်းမြေ့လာစေမယ်ဆိုတာမျှဝေထားပါတယ်။
စာမျက်နှာ | 95 |
---|---|
ပုံနှိပ်မှတ်တမ်း | သားငယ်စာပေ၊ 2022 ဧပြီလ |
စာအုပ်အရွယ်အစား | 5.2 x 0.2 x 7.5 inches |
7 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ