အတိတ်တွေ… အရိပ်တွေ… အမှတ်တရတွေ

( 1 မှတ်ချက်)

6000 (ကျပ်)

တောင်ပေါ်ဒေသရဲ့ ဓလေ့နဲ့ ရွာတော်အရှင်နတ်မင်းကြီးဟာ ရှမ်းတို့ရဲ့ ရိုးရာတွေထဲက မေ့မရမယ့် သင်္ကေတပါပဲ။ ဒီလိုပဲ အမေ့ရဲ့ ကိုယ်သင်းရနံ့နဲ့ မေမြို့ပန်းတို့ဟာလည်း မေ့ဖျောက်မရ မယ့် နှလုံးသားသင်္ကေတဖြစ်ပါတယ်။ မေမြို့ပန်းတွေမြင်တိုင်း မေမြို့ပန်းခင်းထဲမှာ အမေနဲ့အတူ ပန်းတွေ ခူးခဲ့ရတဲ့အချိန်တွေကို သိပ်လွမ်းတယ်.. လို့ ဆိုတယ်။

ဝါဆို ဝါခေါင်မှာဆိုရင်တော့ မိုးတွေ ဖြိုင်ဖြိုင်ရွာသလို သရက်တွေလည်း မြိုင်လို့မှည့်ကြတယ်။ ရွာ နတ်စင်တောအုပ်လေးထဲက တမျှော်တခေါ်မြင့်တဲ့ သရက်ပင်ကြီးမှာ သရက်သီးမှည့်ချိန် ရောက်ရင် သူတို့တစ်တွေ အပြေးသွားကောက်လေ့ရှိကြတယ်။

မိုးလေးတဖွဲဖွဲကျတဲ့အခါ မိုးစက်ဖြူဖြူလေးတွေကို သူ့လို ငေးကြည့်ဖူးပါသလား။ ချယ်ရီတွေ ပွင့်တဲ့အခါမှာ ကြွေကျသွားဖို့အတွက် ဘယ်နှရက်ကြာသလဲ စောင့်ကြည့်ရေတွက်ဖူးပါသလား။

တကယ်တော့ ငယ်ဘဝဆိုတာ လွမ်းစရာ။ သူ့ချည်းသက်သက်တော့မဟုတ်ဘူး.. ကြည်နူးစရာတွေပါ တွဲဖက် ပါတတ်သေးတယ်။ညီလေးငယ်ရဲ့ အက်ဆေးတွေကို ဖတ်ကြည့်ရင်း
ခံစားကြည့်လိုက်ပါဦး။

စာမျက်နှာ

88( woodfree Paper)

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2024 ဒီဇင်ဘာလ(ပထမအကြိမ်)

5 in stock

အတိတ်တွေ… အရိပ်တွေ… အမှတ်တရတွေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thet Naing Aung

    အလွမ်းဆိုတာ ဘယ်တော့မှ
    မေ့ဖျောက်လို့မရနိုင်တဲ့ မှတ်ဉာဏ်တွေပေါ့…..တဲ့။
    သိပ်မှန်တာပေါ့ဗျာ။ အလွမ်းဆိုတာမျိုးက လူတိူင်းနဲ့ကင်းကွာလို့ရတဲ့ အရာတခုမှ မဟုတ်တာ။ လူတိုင်းရဲ့စိတ်ထဲမှာ အလွမ်းဆိုတာ ခိုင်ခိုင်မာမာရှိနေပြီးသားပါ။
    ဒီစာအုပ်လေးကတော့ ကျွန်တော်တို့ရဲ့ တခါကနေ့ရက်လေးတွေကို ပြန်လည်အောက်မေ့ လွမ်းမောစေခဲ့တာပါ။ စာရေးသူရဲ့ကိုယ်တွေ့ခံစားရတဲ့ အရာလေးတွေကို ဖတ်ရင်းနဲ့ ကိုယ်တိုင်အတိတ်နေ့ရက်တွေစီ ပြန်ရောက်သွားမိတော့တာပါပဲ။
    ဖြတ်သန်းခဲ့ရတဲ့ အတိတ်နေ့ရက်တွေစီ လည်ပြန်ကြည့်မိတော့ ပျော်စရာကောင်းခဲ့တာတွေရှိသလို ဝမ်းနည်းကြေကွဲရတာတွေလည်းအများသားလား။ လူ့ဘဝဆိုတာ ဒီလိုပါပဲလေ။ အတက်အကျ အနိမ့်အမြင့် အပြောင်းအလဲတွေနဲ့ ရှင်သန်ရတာမို့လား။ ဒါပေမယ့် နောင်တရစရာကောင်းလောက်တဲ့ ဖြစ်ရပ်မျိုးတော့မကြုံချင်ဘူးပေါ့လေ။ ဘာအကြောင်းရယ်မှမဟုတ်ပဲ စကားမပြောဖြစ်ကြတော့တဲ့ သူငယ်ချင်းနှစ်ယောက်။ တယောက်က ဆုံးပါးသွားမှ စိတ်မကောင်းဖြစ်ရ၊ နာကျင်ရတာမျိုးဖြစ်ရ ။ အဲ့လိုဖြစ်ရပ်မျိုး မဖြစ်ရအောင်တော့ ဆင်ခြင်ဦးမှလို့ တွေးမိပါတယ်။
    ဒီစာအုပ်လေးက အိမ်နဲ့ဝေးနေသူ ကျွန်တော်တို့အတွက်တော့ နှလုံးသားခိုင်ခိုင်နဲ့ ဖတ်ခဲ့ရတဲ့စာအုပ်လေးတအုပ်ပါပဲ။နှလုံးသားတွေ ဘယ်လိုခိုင်ခိုင်ထားပြီး ဖတ်ဖတ် တချို့နေရာလေးတွေဖတ်ရင်းတော့ မျက်ရည်ဝဲမိတာပါပဲ။
    ဒီလိုပါပဲလေ စာဖတ်သူဆိုတာ စာရေးသူတယောက်ရဲ့ ခံစားချက်တွေနဲ့ တထပ်တည်းကျသွားတဲ့အခါ ပြုံးစရာလေးတွေတွေ့ရင်ပြုံးရ ၊ ကျေနပ်စရာလေးတွေတွေ့ရင်ကျေနပ်ရ၊ နာကျင်လွမ်းမောစရာဆိုလည်း အတူလိုက်ပါခံစားရတာပါပဲလေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ညီလေးငယ် စာအုပ်များ