မုဒြာမြိုင်

( 1 မှတ်ချက်)

10000 (ကျပ်)

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့က‌လေးကို နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်….

🌼 ” မုဒြာမြိုင် ” ဟာ နာမည်နဲ့လိုက်အောင်ပဲ သိမ်မွေ့နူးညံ့တယ် ။ ထို့နည်းတူစွာ သူ့အကြောင်းဟာ အရမ်းကို သိုဝှက်နက်နဲလွန်းလှတယ်။ သူ့ရင်ထဲမှာ ဘာတွေရှိနေလဲ ။ သူဟာ ဘယ်လိုအမျိုးသမီးမျိုးလဲဆိုတာ နှစ်ပေါင်း‌၃၀ကျော် အတူနေလာတဲ့သူတောင် ခန့်မှန်းဖို့မလွယ်ဘူး ။

🌼 မြိုင့်ရဲ့ အတ္တတွေ ၊ မာနတွေ ၊ ချစ်ခြင်းတွေဟာ အရိပ်တွေလို ဒီဇာတ်လမ်းထဲမှာ ဝဲပျံပြီး လွင့်မျောနေတယ်။ သူနဲ့ ပတ်သတ်ဆက်နွယ်မိတဲ့သူတိုင်းကို သူဟာ အမြဲလိုလို လွှမ်းမိုးထားလေ့ရှိတယ်။

မုဒြာမြိုင်နဲ့ နန်းခမ်းရှန်ဆိုတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ခင်မင်ဆက်နွယ်မှုကနေ စတင်ခဲ့တဲ့ အဖြစ်အပျက်တချို့ ၊ အဲ့ဒီမှသည် သူတို့ရဲ့ဘ၀ဖြစ်တည်မှုမှာ ထင်ဟပ်လာတဲ့ ကံတရား အပြောင်းအလဲများစွာ……

လူတွေဟာ ရေစက်ကြောင့်ဆုံခဲ့ပြီး ချစ်ကြ၊မုန်းကြ၊ပူလောင်ကြရတယ်။ အေးချမ်းမှုရှိတဲ့ ရေစက်တွေရှိသလို ကံတရားကြောင့် ပူလောင်မွန်းကြပ်ရတဲ့ ရှေးရေစက်တွေလည်း ရှိပါတယ်။ မုဒြာမြိုင်နဲ့ခမ်းတို့ရဲ့ ရေစက်တွေကကော ပူလောင်ရမှာလား ။ အေးချမ်းရမှာလားဆိုတာကတော့……

🌼 မုဒြာမြိုင်ဆိုတဲ့ အမျိုးသမီးရဲ့ချစ်ခြင်း ၊ မုန်းခြင်း ၊ ပေးဆပ်ခြင်း ၊ နာကျည်းခြင်းနဲ့ သံယောဇဉ်မေတ္တာ ခံစားချက်မျိုးစုံ …..ဘ၀ အတက်အကျ အနိမ့်အမြင့်များစွာကို ဒီစာအုပ်ထဲမှာ စိတ်၀င်တစား ဖတ်ရှုရပါလိမ့်မယ်။

🌼 အမျိုးသမီးတစ်ယောက် ၊ ဇာတ်ကောင်တစ်ယောက်၏ နာမည်ကို ဦးတည်ရေးဖွဲ့ထားသော ၀တ္ထုမျိုးကို မျှော်လင့်နေသူ ၊ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကိုမှ ဖတ်ချင်သူတွေအတွက် ဒီ၀တ္ထုက ဖတ်နေရင်း ပြီးလို့ပြီးမှန်း မသိတဲ့အထိ မျှော်လင့်ရကျိုးနပ်စေမှာပါ ။

စာမျက်နှာ

288

စာအုပ်အရွယ်အစား

5.5× 0.4×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဒီဇင်ဘာလ (ပထမအကြိမ်)

24 in stock

မုဒြာမြိုင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Anonymous

    ကျိန်စာ ဆိုတာ တကယ်စူးတတ်သလား ။
    ဝဋ်ကြွေးတွေက ဘဝမကူးပဲ ပြန်လည်တတ်သလား ။
    အောက်လမ်း ပညာတွေက တကယ်ပဲရှိတာလား ။
    လူဝင်စားဆိုတာရော ယုံလား ။
    သည်းထိတ်ရင်ဖိုစရာ .. လျှိုဝှက်ချက်တွေ ၊ ဒွိဟတွေနဲ့
    ကိုယ်တိုင်အဖြေရှာကြည့်ရမယ့် မုဒြာမြိုင် ။

    နာမည်နဲ့လိုက်အောင် နားလည်ရခက်လွန်းတဲ့ စိတ်နဲ့ မြိုင် … မြိုင့်ဘဝက အစကနေ အဆုံးထိ ရင်ဖိုစရာ ၊ အတက်ကျများစွာနဲ့ ။
    ရှမ်းတိုင်းရင်းသူပီပီ ရိုးသားပြီး ၊ သဘောကောင်းတဲ့ ခမ်း ၊ သူ့ရဲ့ တစ်ဖက်သားအပေါ် အားနာပြီး အနစ်နာခံတတ်တဲ့စိတ်ထားက သူ့အတွက် ကောင်းကျိုးဖြစ်ပါ့မလား ။
    ဇာတ်လမ်းရဲ့ ကျောရိုးဖြစ်တဲ့ အိုက်ထူးလေး ..
    အမြဲ သူလိုက်တောင်းနေတဲ့ ဖြေဆေးဟာ ဘယ်လိုဖြေဆေးမျိုးလဲ .. ပြီတော့ အဲဖြေဆေးကရော ရှာတွေ့နိုင်ပါ့မလား ။

    အမျိုးသမီးတို့သည် အချစ်စိတ်လွန်သွားတဲ့အခါ
    အမှားနှင့် အမှန် မခွဲခြားနိုင်တော့တာမျိုးလား … ။
    အမြဲဘေးမှာ အတူနေပြီး ကောင်းပေးခဲ့သူရဲ့ တန်ဖိုးကို ခုမှတွေ့စ ၊ သိစ သူတစ်ယောက်နဲ့ လှဲလှယ်ဖို့ တန်ရဲ့လား ။

    ကိုယ့်ကို တန်ဖိုးအထားချင်ဆုံးသူနဲ့ လွဲချော်ရသူတစ်ဦးရဲ့ နောင်တဟာ ဘယ်လောက်များထိ နာကျင်ရတတ်သလဲ ။

    ဇာတ် အစကနေ အဆုံးထိ အမြင့်တွေထိ ဆွဲခေါ်ပြီး
    ဖြေဆေးရှာခိုင်းထားတဲ့ မုဒြာမြိုင် ။
    သည်းထိတ်ရင်ဖို့စရာ ဖြစ်ရပ်ဆန်းများ နှင့်
    အေးချမ်းလှတဲ့ ရှမ်းပြည်တောင်ပိုင်းက နယ်မြို့လေးရဲ့ အငွေ့အသက်တို့ဟာ စာအုပ် အစကနေအဆုံးထိ တစ်ထိုင်တည်းဖတ်ချင်လောက်အောင် ဆွဲဆောင်ထားပါတယ် ။

    ဒီ ဝတ္ထုလေးဟာ review ရေးရင် ဆွဲယူလိုက်တဲ့ point တိုင်းက Spoiler ထိသွားမဲ့ ဇာတ်မျိုးဖြစ်တာကြောင့် အတော်လေးကိုမှ review ရေးရခက်ပါတယ် ။
    ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ ခံစားသက်ဝင်ပြီး ဖတ်ကြည့်စေချင်ပါတယ် ။

    ဖန်တရာ ထပ်နေတဲ့ ပုံစံတူ ဝတ္ထုတွေ …
    ကျနော့်လိုမျိုး ဖတ်ပြီးသား ဝတ္ထုဟောင်းတွေချည်း အထပ်ထပ်ပြန်ဖတ်နေရသူတွေအနေနဲ့ အပြောင်းလဲ ဖြစ်အောင် ဖတ်သင့်တဲ့ ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါတယ် ။ ဖတ်တဲ့သူတိုင်း ဖတ်ရတန်တဲ့ စာအုပ်လေးဖြစ်မယ်ဆိုတာကိုတော့ 100% အာမခံတာမို့ ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ။

    ချစ်ခင်စွာဖြင့် …

    #TharHtwe

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ညီလေးငယ် စာအုပ်များ