အိပ်မက်ကြွေ
11500 (ကျပ်)
ဒီစာအုပ်မှာ အမှာစာ မရေးလိုက်ဘူး။
ဘာဖြစ်လို့်ဆို ကျွန်တော်ကိုယ်တိုင်မရေးချင်တော့လိုပါ။ အမှာစာအစား စာအုပ်ရဲ့အစမှာ
” တစ်စုံတစ်ယောက်ကို စိတ်လိုလက်ရ ပြောပြချင်တဲ့ နာကျင်စရာ ဒဏ်ရာအပိုင်းစ တချို့ပါ။ ပျော်စရာတွေတော့ နည်းမှာပေါ့ ”
ဆိုတဲ့ စာတိုလေးထည့်ထားတယ်။ ဒီစာသားလေးက
ဒီစာအုပ်အတွက် အကောင်းဆုံးအမှာစာလို့ ဆိုရပါမယ်။ ဖြစ်ရပ်မှန်ကိုပဲ အခြေခံထားတဲ့ ဝတ္ထုဖြစ်တာမို့ ဇာတ်လမ်းကို လုံးဝ ဖော့ပြီးမရေးထားပါဘူး။ ဘာလို့ဆို ဒီဝတ္ထုရေးစဥ်က ဖတ်လို့ကောင်းအောင်ရေးဖို့ထက် ဒီဝတ္ထုထဲက ဇာတ်ကောင်ရဲ့ ခံစားရမူတွေ၊ နာကျင်ရမူတွေ၊မွန်းကြပ်ရမူတွေ၊ စိတ်ဒဏ်ရာတွေကို မြင်သာအောင်ရေးဖို့ပဲ စိတ်အားထက်သန်နေခဲ့လို့ပါ။
ဖခင်အရင်းက သားဖြစ်သူကို ပြတင်းပေါက်ပေါ်က ပစ်ချဖို့လုပ်တာတွေ၊ ကလေးရှေ့မှာ အမေဖြစ်သူကို မျက်လုံး မမြင်ရတော့အောင်ရိုက်တာတွေ၊ မပြည့်စုံလို့ ကျောင်းမှာ Bully လုပ်ခံရတာတွေဟာ တကယ်ကြုံတွေ့ရသူက မပြောပြခဲ့ရင် စိတ်ကူးယဥ်ရေးပြဖို့ဆိုတာ မဖြစ်နိုင်တဲ့ ဇာတ်ကွက်တွေပါ။
ဝတ္ထုတစ်ပုဒ်လုံးကို ဇာတ်ကောင်ရဲ့ ဆန္ဒနောက်လိုက်ပါရေးဖွဲ့ခဲ့ပေမဲ့ တစ်ဘဝလုံးထရော်မာတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ဒီလူတစ်ယောက်ရဲ့ စိတ်ကို အလင်းဘက်ခြမ်းတွန်းပို့ပေးခဲ့တာကတော့ စာရေးသူရဲ့ ဆန္ဒလို့ဆိုရပါလိမ့်မယ်။
စာအုပ်လေးဖတ်ပြီးရင် စိတ်အမှောင်ခြမ်းဘက်မှာ လှောင်ပိတ်မိနေတဲ့သူတွေအတွက် အလင်းဘက်ခြမ်းကို အနည်းငယ်လှစ်ဟပြနိုင်လိမ့်မလားလို့တော့ မျှော်လင့်ပါရဲ့ …. ။
| စာမျက်နှာ | 221 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.1 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2024 စက်တင်ဘာ(ပထမအကြိမ်) |
2 in stock






ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ