အညတရနွံ
6000 (ကျပ်)
မိမွန်…။ သူသည် အညတရ မိန်းကလေးတစ်ယောက်ဖြစ်သည်။ လောကအလယ်တွင် အစက်အပြောက်လေးသဖွယ် ဘဝက သေးနုပ်လှသည်။ ထို့ထက်ပို၍ ဖော်ညွှန်းရလျှင် နွံထဲက ဖူးလာသော ကြာကလေးတစ်ပွင့်…။အဆုံးသတ်တွင် သူသည် အောင်မြင်စွာ ဖူးပွင့်နိုင်ပါမည်လား…။ သူ့ဘဝ အစခရီးလမ်းသည် မုန်တိုင်းဖြင့် ကြမ်းတမ်းစွာ မောင်းနှင်လာခဲ့သည်။ ရန်ကုန်၏ ဇနပုဒ် ကျူးရပ်ကွက်ကလေးတစ်ခုတွင် မာကျောစွာ ရှင်သန် သော်လည်း နှလုံးသားကဝါဂွမ်းပမာ နူးညံ့သည်။ မိသားစုကို နွယ်တစ်ပင်လို သံယောဇဉ်ဖြင့် ရစ်ပတ် နှောင်တွယ်ထားသည်။သို့သော် ဘဝနွံ၏ ဆွဲငင်နှစ်မြှုပ်နေမှုကို သူမ ကျော်လွှား လွန်ဆန်နိုင်ပါ့မလား….။ ထိုနွံထဲမှ ဘယ်ပုံဘယ်နည်းဖြင့် လွတ်မြောက်အောင်ရုန်းကန်နိုင်ပါ့မည်လဲ။ ဒါသည်ပင် သည်ဇာတ်လမ်း သည်စာအုပ်၏ အသက်ကျောရိုးပင်ဖြစ်သည်။ ညီလေးငယ် ၏ ဝတ္ထုဖန်တီးခြင်း အတတ်ပညာသည် စာဖတ်သူကို မိမွန်နှင့်အတူ ဆွဲငင် ညှို့ယူလိမ့်မည်။ လက်က မချချင်အောင် ဖတ်ရှုရမည့် စိတ်ဝင်စားဖွယ်ရာ ဝတ္ထုတစ်ပုဒ်ဖြစ်သည်။
| စာမျက်နှာ | 213 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2022 အောက်တိုဘာလ (ပထမအကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ