မွှေး၍မလှသောပန်းပွင့်များ
12000 (ကျပ်)
ရသစာပေဆိုတာ နှလုံးသားနှင့်စိတ်ခံစားမှုကို တိုးတက်စေတဲ့ စာပေအမျိုးအစားဖြစ်ပြီး ဒီဝတ္ထုလေးကတော့ဂရုဏာရသကို ခံစားရမယ့် ဝတ္ထုလေးဖြစ်ပါတယ်။လောကကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေရှိကြတယ်။ မြတ်ဗုဒ္ဓရဲ့တရားသဘောနဲ့ ရှုမြင်ကြည့်ရင် အတိတ်ကပြုခဲ့သော ကုသိုလ်ကံ၊ အကုသိုလ်ကံအတိုင်း လက်ရှိဘဝမှာခံစား၊ စံစားကြရတယ်မဟုတ်လား။
ယခုဝတ္ထုလေးမှာအတိတ်ကံကြောင့် သာမာန်လူတွေနဲ့မတူညီတဲ့ ဘဝတွေကို ရရှိထားကြတဲ့လူသားနှစ်ဦးရဲ့ ဆုံစည်းမှုရေစက်ကိုဟိုယခင်နှစ်များကာလက ရှမ်းပြည်ရဲ့သစ်လုပ်ငန်းလောကသားများအကြောင်းနဲ့ရောနှောပြီး ရေးဖွဲ့ထားတယ်။ဒီဝတ္ထုလေးကို ဖတ်ပြီး သစ်ခုတ်သမားများရဲ့ဘဝ၊ ရိုးသားတဲ့ကျေးလက်တောင်သူတွေရဲ့ဘဝ၊မြေနှိမ့်ရာလှံစိုက်ခြင်းခံရတဲ့ ဆင်းရဲလူတန်းစားတို့ရဲ့ဘဝတွေ အပြင် အေးမြလှတဲ့ ရှမ်းမောမြေရဲ့ နွေ၊မိုး၊ဆောင်းဥတုရာသီရဲ့ တောတောင်ရေမြေသဘာဝအလှတရားများကိုပါ ဖတ်နေရင်းတငြိမ့်ငြိမ့် စီးမျောခံစားရစေမှာပါ။
ဝတ္ထုကိုဖတ်နေရင်း ဇာတ်ကောင်လေးတွေဟာ ကြွရွလာပြီး စာဖတ်သူတွေကိုသူတို့ဘဝတွေထဲ ဆွဲခေါ်သွားပါလိမ့်မယ်။ညီလေးငယ်ရဲ့ ဝတ္ထုလက်ရာများအတိုင်းစကားပြေအရေးအသား ညက်ညကကလေးနှင့်အတူ ဇာတ်ရဲ့ မြှုပ်ကွက်တွေ၊လှည့်ကွက်တွေကို ဇာတ်ကောင်နဲ့အတူမောရမှာဖြစ်သလို၊တသိမ့်သိမ့်တွေးရင်းလည်း တငြိမ့်ငြိမ့် ဆွေးကျန်ရပါဦးမယ်။ချစ်စရာ ဇာတ်ကောင်လေးတွေကို” မွှေး၍မလှသောပန်းပွင့်များ” နဲ့ တင်စားထားတဲ့ စိတ်ဝင်စားဖွယ်ရာ ဝတ္ထု ကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
| စာမျက်နှာ | 200 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2025 ဩဂုတ်လ (ပထမအကြိမ်) |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ