အိမ်ကျွန်

( 3 မှတ်ချက်)

4000 (ကျပ်)

Amazon.com တွင် ကြယ်၅ပွင့်ရ အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ယခု “အိမ်ကျွန်” ရသစိတ်ခွန်အားစာအုပ်တွင် ပါ၀င်တဲ့အဓိကဇာတ်ဆောင်မန်ဒီနေဇာသည် ဆူဒံနိုင်ငံတောင်ပိုင်း နူဘာတောင်တန်းများ၀န်းရံနေတဲ့ ရွာလေးတစ်ရွာမှာ နေပါတယ်။ဆရာဝန်တစ်ယောက်အနေဖြင့်ဆင်းရဲလှတဲ့ဆူဒန်နိင်ငံကိုအလုပ်အကျွေးပြုပြီး ကမ္ဘာ့စင်မြင့်ပေါ်ကိုပို့ဆောင်ပေးဖို့ဆုံးဖြတ်ထားတဲ့ မိန်းခလေးငယ်တစ်ဦး ဖြစ်ပါတယ်။ကံဆိုးမိုးမှောင်ကြတဲ့တစ်နေ့ မူဂျာဟစ်သူပုန်များ မန်ဒီနေဇာ တို့နေထိုင်သောရွာလေးသို့ ရောက်ရှိလာကာ အမျိုးသမီးများကို မုဒိန်းကျင့်ယောက်ျားများကိုသတ် မိန်းခလေးငယ်များ၊ ဆယ်ကျော်သက် ယောက်ျားလေးများကို ဖမ်းဆီးသွားတဲ့အခါ မန်ဒီနေဇာလည်းဖမ်းဆီးခံခဲ့ရပါတယ်။..အသက်ဆယ့်နှစ်နှစ်အရွယ် မန်ဒီနေဇာဟာ ချမ်းသာသော အမျိုးသမီးကြီးထံ ဖမ်းဆီးရောင်းစားခံခဲ့ရပြီးနောက်မန်ဒီနေဇာလေးမှာ အိမ်ကျွန်ဘ၀ အနေရတော့တကိုယ်စာ အခန်းကျဉ်းလေး၊ စားရတော့ စားကြွင်းစားကျန်တစ်နေ့ကိုနာရီပေါင်းများစွာအိမ်အလုပ်များကိုအနှိပ်စက်ခံအညှင်းဆဲခံပိတ်လှောင်ခံဘဝနဲ့ ပညာရေးဆိုတာမသိ၊ ငွေကြေးဆိုတာမမြင်ဖူး၊ ဖုန်းမသုံးတတ်၊
တီဗီရေဒီယို ဆိုတာ မကြားဖူး၊မသိဖူးတဲ့ မန်ဒီနေဇာ……
 
ရှစ်နှစ်အကြာမှာတော့…
အိမ်ကျွန်အနေနဲ့ရောင်းစားခံခဲ့ရတဲ့မန်ဒီနေဇာဟာအနာဂတ်တချိန်ချိန်မှာမိသားစုနဲ့ပြန်တွေ့ကိုတွေ့ရမယ်ဆိုတဲ့ သံဓိဌာန်မလျော့သောဇွဲဝိရိယခံယူချက်တို့ကြောင့်ပင် နောက်ဆုံးအိမ်ကျွန်ဘ၀မှလွတ်မြောက်သွားခဲ့ပါတယ်။ အိမ်ကျွန်ဘဝမှလွတ်မြောက်ပြီးနောက် ဘဝအောင်မြင်ရေးအတွက် ဆက်လက်ကြိုးစားခဲ့ရာ စပိန်နိင်ငံမတ်ဒရစ်အခြေစိုက်နိင်ငံတကာအသားအရောင်ပပျောက်ရေးအသင်းကြီးမှ ပေးအပ်ခဲ့သော ဆူဒန်နိုင်ငံ ကျွန်စနစ်ပပျောက်ရေးနိုင်ငံတကာသို့ပျံနံ့စေခဲ့သူဆု၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုဆိုင်ရာဆု တို့အားချီးမြှင့်ခံခဲ့ရပါတယ်။ ထိုထက်ပို၍ ကမ္ဘာ့အရောင်းရဆုံးစာရေးဆရာမမန်ဒီနေဇာဖောင်ဒေးရှင်းအသင်းကြီးကို ထူထောင်၍ဆူဒန်နိင်ငံတလွားပညာရေးဆိုင်ရာတိုးတက်လာစေရန်၊သောက်သုံးရေးရှားပါးလှသောဒေသများအတွက် ရေတွင်းရေကန်များတူးပေး၍ ကျန်းမာရေးတိုးတက်လာစေရန် အကူညီများပေးလျက်ရှိပါတယ်။
စာမျက်နှာ

336

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

Ind English၊၊ ၂၀၂၀ ဩဂုတ်လ၊ (ပ-ကြိမ်)

21 in stock

အိမ်ကျွန် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Ingyin Khine

    ဒီစာအုပ်လေးကတော့ နာမည်ကိုကြည့်ပြီး အရမ်းဖတ်ချင်လာလို့ ပန်းဆက်လမ်းကနေ အကြာကြီးစောင့်ပြီးမှ ဝယ်လို့ရလာခဲ့တဲ့ စာအုပ်လေး ၁ အုပ်ပါ ❤
    ဒီစာအုပ်မှာ သုတရော ရသပါ ၂ မျိုးလုံးခံစားလို့ရတယ်
    အမျိုးသမီးတစ်ဦးရဲ့ လူတန်းစားခွဲခြားဆက်ဆံခံရတဲ့ အကြောင်းတရားတွေ ကို မျက်ဝါးထင်ထင်မြင်တွေရပါတယ်
    သူတို့လူမျိုးနွယ်စုတွေရဲ့ ယဥ်ကျေးမှု ဓလေ့အစဥ်အလာတွေ ကိုလည်း တကယ်ကို သုတဖြစ်ဖွယ်တွေ့ရပါတယ်
    မိန်းကလေးငယ်တစ်ဦးရဲ့ ဘဝကို အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်ကိုတော့ ချီးကျူးမဆုံးဖြစ်မိတယ် တကယ်တမ်းသာ သူ့နေရာမှာကိုယ်ဆိုရင် အသက်ဆက်ရှင်နိုင်မှာတောင်မဟုတ်ဘူးလို့စာဖတ်နေရင်းနဲ့တောင် ခဏခဏတွေးမိတယ်
    ဒီဇာတ်လမ်းမှာ လူသားခြင်းစာနာထောက်ထားမှုဆိုတာတွေတွေ့ရတယ် အပေါ်ယံကောင်းပြီး အကယ့်စိတ်ထားယုတ်ညံ့တဲ့သူတွေကိုလည်းတွေ့ရတယ်
    သူမျိုးချင်းတူသူအချင်းချင်း တကယ့်စိတ်ဓာတ်ပြည့်ဝစွာ ရိုင်းပင်းကူညီတတ်ပုံတွေကိုလည်းတွေ့ရတဲ့အပြင် ကိုးကွယ်ရာဘာသာချင်းအတူတူ လူတန်းစားမတူရင် အလွန်တရာနှိမ့်ချဆက်ဆံတတ်တဲ့ ပုထုဇဥ်လူသားတွေရဲ့ စရိုက်သဘာဝကိုလည်း တွေ့မြင်ရပြန်တယ်
    နိဂုံးအနေနဲ့ပြောရရင် ဒီစာအုပ်လေးမှာ တကယ့်လူ့လောကရဲ့ ဘဝအနိမ့်အမြင့် အတက်အကျ ဘဝပုံစံတွေကို နှိုင်းယှဥ်ပြထားပြီး လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ရဲ့ ပြယုဒ်တွေကို အပြည့်အဝခံစားနိုင်လို့ ဝယ်ပြီး လုံးဝကို တန်အောင်ဖတ်ရတဲ့ စာအုပ်လေးဖို့ လူတိုင်းဖတ်ရှုသင့်ပါတယ် ❤❤

  2. Min Lwin

    ” အိမ်ကျွန် ” တဲ့…
    သိပ်ကိုမနှစ်မြောချင်စရာစကားလုံးပဲ…
    ဒီအမည်ကိုအခေါ်ခံရတဲ့သူဆို စိတ်ထဲဘယ်လိုနေပါ့မလဲ?

    ဒီလိုနဲ့ မျက်နှာဖုံးပေါ်မှာ အမျိုးသမီးငယ်လေးကိုမြင်ပြီး
    ကျွန်တော်ဖတ်ဖို့အကြောင်းဖန်လာခဲ့တယ်…
    စိတ်ကူးယဥ်ဖန်တီးရေးသားမှုမျိုးမဟုတ်တဲ့ တကယ့်ဤကမ္ဘာမြေကြီးမှာ မကြာသေးတဲ့နှစ်ကာလက ဖြစ်ပျက်သွားခဲ့တဲ့ Really Biography…
    ခါးခါးသီးသီး ” အိမ်ကျွန် ” ဆိုပြီး အခေါ်ခံရတဲ့ “မန်ဒီနေဇာ” ရဲ့
    နှုတ်ကနေတစ်ကမ္ဘာလုံးသို့ပျံ့အောင်ပြောပြပေးခဲ့တယ် …

    နူဘာတောင်တန်းတွေဝန်းရံနေတဲ့ ကျေးရွာလေးတစ်ရွာမှာ
    ” မန်ဒီနေဇာ” က မိသားစုမောင်နှမတွေနဲ့ ပျော်ရွှင်စွာနေထိုင်တယ်… အိမ်ရဲ့အငယ်ဆုံးလေးမလို့ အကုန်လုံးကဝိုင်းချစ်တာခံရတယ် … မန်ဒီရဲ့ဘဝက ပျော်စရာကောင်းခဲ့တယ် သာယာခဲ့ရတယ် ချမ်းမြေ့ခဲ့ရတယ်
    မိဘနှစ်ပါးရဲ့ထိန်းသိမ်းမှု အစ်ကိုအစ်မတို့ရဲ့ဂရုစိုက်မှု အေးချမ်းတဲ့မွေးရပ်မြေ မှာ အပူအပင်ကင်းကင်းနဲ့ မန်ဒီ ဘဝက
    ရေထဲမှာလှပစွာဖူးပွင့်နေတဲ့ ကြာပွင့်လေးပမာ…
    ကျောင်းနေအရွယ်ရောက်ပြန်တော့ မန်ဒီ က စာတော်တယ်
    နူဘာစကားကိုမပြောရပဲ အာရပ်စကားကိုပဲ ဆရာ ဆရာမတွေက သင်ပေးတယ်… အဲဒီစကားကိုပဲပြောတယ်
    မပြောရင် ဒဏ်ခတ်တယ်… အာရပ်ကမ္ဘာဆိုတော့ ကြီးစိုးမှု ရှိတာပေါ့… သူမအဖေကအလိုလိုက်ပေမယ့် သူ့သမီး ကို
    သတ္တိရှိအောင်သင်းတယ် …ဒါကို ယာခင်းထဲ တစ်ယောက်တည်း
    ဖြတ်သန်းရတဲ့နေရာမှာတွေးရင်သိနိုင်မယ် …
    မေတ္တာတရားကြီးမားပြီး ကိုယ်ပိုင်ဆိုင်တဲ့အရာနဲ့ပတ်သက်ရင်
    အတ္တကြီးတာတွေဟာ အချို့နေရာတွေမှာ မနိုင်ဝန်ဖြစ်တတ်ကြောင်း မန်ဒီ ရဲ့ ကြောင်လေးမွေးတဲ့ အရာက
    ပြပေးပါလိမ့်မယ်… ဒီလို အပူအပင်မရှိ စိတ်ချမ်းသာစရာပြည့်ဝတဲ့ သူမရဲ့ဘဝမှာ တစ်နေ့တော့
    မကောင်းဆိုးဝါး အကြမ်းဖက်သူတွေရဲ့ ဝါးမျိုမှုခံလိုက်ရတယ်…အဲဒီကတည်းကစပြီး မန်ဒီ ရဲ့ ဘဝက
    အလင်းရောင်မဲ့နေတဲ့ အိမ်ကျွန်ဘဝကို ရောက်ခဲ့ရတော့တယ်…
    ကျွန်အဖြစ်ရောင်းစားပြီး အခကြေးငွေတစ်ပြားမှမရပဲ
    တစ်သက်လုံး အိမ်ကျွန်ဖြစ်ရတယ်…
    မှောင်မိတ်နေတဲ့အခန်းထဲမှာ တိရစ္ဆာန်တစ်ကောင်သဖွယ်
    ဆက်ဆံခံရပြီး အိပ်စက်ရတယ်… အမြဲလိုလို ဆူပူမှူ ရိုက်နှက်မှူ တွေကို ခံရတယ် … အသက် ၁၂ နှစ် အရွယ် မိန်းကလေးဟာ
    သူမရဲ့မိသားစုနဲ့တွေ့ရဖို့ ဇာတိမြေပြန်ရဖို့ ကြိုးစားနေခဲ့တယ်
    ဘာသာရေးကိုယုံကြည်ပြီး သူမကိုးကွယ်တဲ့ဘာသာတရားကို
    လေးစားတယ်… နှစ်ပေါင်းများစွာ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ မန်ဒီ…
    လူဖြစ်ပေမယ့် လူ့အခွင့်အရေးဆိုတာမကြားဖူး မမြင်ဖူး တိရစ္ဆာန် သဖွယ် ဆက်ဆံခံရတဲ့မန်ဒီ …
    နာမည်ရှိပေမယ့် အိမ်ကျွန် ဆိုပြီး နှိမ်ချခေါ်ဆိုခံရတဲ့မန်ဒီ
    ဒီမိန်းကလေးငယ်ဟာ တစ်နေ့တော့ သူမဘဝအတွက် ထွက်ပေါက်ကိုရှာဖွေခဲ့နိုင်တယ်… ငရဲခန်းမှာအချိန်အကြာကြီး
    သက်ဆင်းခဲ့ရတဲ့ ဆယ်ကျော်သက် မိန်းကလေး ဟာ
    ဓားတောင်မီးပင်လယ်ကို ရဲရဲကြီးဖြတ်ကျော်ခဲ့တယ်
    ဒုက္ခကိုအာခံမယ်… သောကကိုရင်ဆိုင်မယ် …
    နောက်ဆုံး ဒီလိုဒုက္ခတွေနဲ့ကိုရင်ဆိုင်ရင်း အချိမ့အတန်ကြာဆူးခင်းလမ်းလျှောက်ခဲ့ရတဲ့ အမျိုးသမီးက
    ပန်းခင်းလမ်းကိုအရောက်ကြိုးစားနိုင်ခဲ့တယ်…
    တစ်ကမ္ဘာလုံးသို့ သူမအကြောင်းကိုဖြန့်ဝေတယ်…
    အသားအရောင်ခွဲခြားခံရမှု အတွက် လှုပ်ရှားတယ်…
    အခုထိရှိနေဆဲဖြစ်တဲ့ ကမ္ဘာပေါ် က ကျွန်အဖြစ်ရောင်းစားမှု
    လူမဆန်တဲ့လုပ်ရပ် လူလူချင်းကုန်ကူးမှုတွေကို မန်ဒီနေဇာ က ထပ်မံ မီးမှောင်းထိုးပြပေးခဲ့တယ်… သူမမသိနားမလည်ခဲ့တဲ့
    လွတ်လပ်မှုအစစ်အမှန်ကို လန်ဒန်မြို့ရောက်မှ အပြည့်အဝနားလည်တဲ့မန်ဒီ က လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်နေခဲ့ပါပြီ …
    ကြိုးစားမှု ထိုးဖောက်ရတဲ့သတ္တိနဲ့ Women Empowerment ဖြစ်စေတဲ့ မန်ဒီ ပါ…
    ဖတ်ကြည့်ပါ … တိုက်တွန်းပါရစေ … ပေးလိုက်ရတဲ့အချိန်အတွက် မန်ဒီနေဇာ က နောင်တမပေးဘူး
    စာရေးဆရာက ကျစ်လျစ်တဲ့စကားလုံးတွေနဲ့ မန်ဒီနေဇာ ရဲ့
    ဇာတ်ကြောင်းကို ဟာမသွားအောင်
    ဘာသာပြန်ပေးထားပါတယ်…ဒီစာအုပ်ဖတ်ခွင့်ရခဲ့လို့
    ကိုယ့်ကိုယ်ကို လည်း ကျေးဇူးတင် ဘာသာပြန်ပေးတဲ့ဆရာကိုလည်း ဂုဏ်ပြုပေးပါတယ် …
    ဖတ်ပြီးစာနာကြည့်ပါ … ကမ္ဘာပေါ်မှာရှိသမျှ လူတိုင်းလူတိုင်း
    အဆင်မပြေကြပါဘူး… အခက်အခဲတွေ ဒုက္ခတွေ သောကတွေ
    စတဲ့ ဘဝကပေးတဲ့စာမေးပွဲ တွေကို ဖြေဆိုနေကြရပါတယ်…
    ဒါပေမယ့် ဒီလိုအရာတွေကို ကျတော်တို့ဖြတ်ကျော်နိုင်ပါတယ်
    ဒီလိုမျိုး စုတ်ပြတ်သတ်နေတဲ့လောကဓံကနေ မန်ဒီ က အပြေးထွက်လာပြီး သူမရဲ့သတ္တိကိုပြပေးတယ်…
    ကမ္ဘာ့လူထုကိုအသိပေးခဲ့တယ် …
    မင်းစာအုပ်စင်မှာရှိကိုရှိနေရမယ့်စာအုပ်မျိုးပါ…
    ဒါကြောင့် စကားတစ်ခွန်းနဲ့နိဂုံးချုပ်ပါရစေ…
    ” We Can Do, We Can Change, Anything. ”
    ကျေးဇူးတင်ပါတယ်…

  3. Hñiñ Yu Hlaiñg Móe (verified owner)

    စာအုပ်နာမည်လေးကိုက စာဖတ်သူကို ဖတ်ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။မန်ဒီနေဇာလို့ခေါ်တဲ့ အမျိုးသမီးလေးတစ်ဦးရဲ့ ခက်ခဲကြမ်းတမ်းစွာ ကျော်ဖြတ်ခဲ့ရတဲ့ လောကဓံအကြောင်းကို စာဖတ်သူရှူမငြီးအောင် စီကာပတ်ကုံးရေးဖွဲ့ထားပြီး စာဖတ်သူရဲ့စိတ်နှလုံးကို ဆွဲကိုင်ထားနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ချမ်းငြိမ်း (ဟံသာဝတီ) စာအုပ်များ