သင့်ရင်ဘတ်ထဲနှလုံးသားရှိရဲ့လား

( 0 မှတ်ချက်)

4000 (ကျပ်)

ယခုရေးသားခဲ့သော”သင့်ရင်ဘတ်ထဲ….နှလုံးသားရှိရဲ့လား”
စာအုပ်မှာစာရေးသူ၏ဆယ့်တစ်အုပ်မြောက်လက်ရာဖြစ်သည်။လူလောကပတ်ဝန်းကျင်တွင်ဘဝများစွာတို့၏ဖြစ်တည်နေသောဖြစ်ရပ်များထဲမှစာရေးသူကြုံတွေ့ခဲ့ရသည့်တကယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ဝတ္ထုပါအကြောင်းအရာများကြောင့်စာရေးသူရက်ပေါင်းများစွာ၊လပေါင်းများစွာအိပ်မပျော်ခဲ့ရသောညများစွာကိုဖြတ်သန်းခဲ့ရသည်။ဤစာအုပ်ပါအကြောင်းအရာများမှာနှလုံးသားရဲ့စေစားခံရခြင်းကြောင့်ရင်ဘတ်ကိုအရင်းခံရေးထိုးခဲ့ရသောကဗ္ဗည်းလက်ရာတစ်ခုဟုလည်းဆိုနိင်သည်။ဤစာအုပ်ဖြစ်ရေးသားခဲ့ရသည့်အကြောင်းအနည်းငယ်ရှင်းပြလိုပါသည်။စာရေးသူစာပေလောကသို့၂၀၁၇ခုနှစ်တွင်ဝင်ရောက်ခဲ့ပြီးပင်ကိုယ်ရေးသာမကဘာသာပြန်စာအုပ်ဆယ်အုပ်ရေးသားထုတ်ဝေခဲ့သည်။စာရေးသူရေးသားထုတ်ဝေခဲ့သောစာအုပ်များမှာပရိတ်သတ်ရင်ထဲသို့စူးစူးနင့်နင့်ဝင်ရောက်နေရာယူသွားခဲ့သည်။စာရေးသူ၏စာအုပ်များထဲမှအောင်မြင်မှုကြီးကြီးမားမားရရှိခဲ့သော”သင်..ခွင့်လွတ်တတ်ပြီလား..”ရသစိတ်ခွန်အားဖြည့်စာအုပ်ငယ်လေးမှာတစ်နိုင်ငံလုံးရှိစာဖတ်ပရိတ်သတ်များအားပေးမှုကိုရရှိခဲ့သဖြင့်အကြိမ်ပေါင်းများစွာလက်မလည်အောင်ထုတ်ဝေခဲ့ရသည်။

ပရိတ်သတ်ထောင်ပေါင်းများစွာက”သင်..ခွင့်လွတ်တတ်ပြီလား”စာအုပ်ထဲပါရှိသည့်ဇာတ်ကောင်များအဖြစ်အပျက်များအကြောင်းကိုအထူးစိတ်ဝင်စားကာစာရေးသူကိုအကြိမ်ကြိမ်မေးမြန်းခဲ့ကြသည်။၂၀၁၉နောင်းပိုင်းကာလများမှစ၍ပရိတ်သတ်ပေါင်းများစွာက”သင်..ခွင့်လွတ်တတ်ပြီလား..”စာအုပ်ရေးစဥ်ကစာရေးသူခံစားနေရသောစိတ်ခံစားချက်၊ဖြတ်သန်းနေရသောအတွေးအမြင်၊ဖြစ်တည်နေသောစိတ်၏သဘောသဘာဝတို့ကိုသိရှိလိုကြကြောင်းမေးလာကြသည်။ထို့အတွက်ကြောင့်ပုံစံအမျိုးမျိုးဖြင့်မေးမြန်းခဲ့ကြသည်။စာရေးသူ၏ခံစားချက်များကိုဖွင့်ဟပေးရန်ဆောင်းပါးရှည် (သို့)ဝတ္ထုရှည်တစ်ပုဒ်ရေးရန်ရေးပေးရန်ဆိုလာကြပြန်သည်။တကယ်တော့ဤရသဝတ္ထုငယ်ပါအဖြစ်အပျက်များကိုနှလုံးသားကမရေးချင်။မျက်ရည်ကျရမည်။ရင်ဘတ်တွေပြန်နာရမည်။ပြန်လည်ကာနှလုံးသားတို့ပွတ်ပွတ်ဆူ၊ဆူးနင့်ဝင်ကာအောင့်သက်သက်ပြန်ဖြစ်နေမှာအသေချာပင်။သို့သော်ဦးနှောက်ကစာဖတ်ပရိတ်သတ်များ၏ကျေးဇူးကိုတုံပြန်ရန်စေ့ဆော်နေသည်။

”သင်..ခွင့်လွတ်တတ်ပြီလား…”စာအုပ်ရေးပြီးတော့ခံစားနေရသောနှလုံးသား၏ပွန်းပဲ့ဒဏ်ရာဒဏ်ချက်များအနည်းငယ်သက်သာသွားခဲ့သည်။”သင်..ခွင့်လွတ်တတ်ပြီလား”နောက်ဆက်တွဲစာအုပ်ဖြစ်သည့်”သင့်ရင်ဘတ်ထဲ…နှလုံးသားရှိရဲ့လား..”ယခုစာအုပ်အားအချိန်တစ်နှစ်ယူကာရေးသားခဲ့ရပြီးထူးခြားသည်ဆိုရမည်။စာအုပ်လေးဇာတ်သိမ်းခန်းရေးပြီးတပတ်အကြာညပေါင်းများစွာအိပ်မပျော်ခဲ့ရသောစာရေးသူပရိတ်သတ်များအပေါ်တာဝန်ကျေသလိုခံစားမိကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ရသည်။နှလုံးသားမှာ ပွန်းပဲ့နေသောဒဏ်ရာဒဏ်ချက်များလွင့်စင်ပျောက်ကွယ်သွားယုံတင်မကပဲအိပ်စက်ခြင်းလက်ဆောင်ကိုပါစာရေးသူရရှိလိုက်သည်။”နှလုံးသားဆိုတာ..စာနာမှု၊ကြင်နာမှု၊ဖေးမမှုတို့ရဲ့ဆုံမှတ်..မျှဝေခံစားတတ်ခြင်းတို့ရဲ့လမ်းဆုံး…ခွင့်လွတ်ရင့်ကျက်ခြင်းတို့ရဲ့သရုပ်သဏ္ဍန် သဘာဝခန္ဓာဗဒသဘောအရ….နှလုံးသားကိုရင်ဘတ်ထဲရှိသည်ဟုထင်ကြသည်။တကယ်တော့ရင်ဘတ်တွေထဲလွင်တီးခေါင်..သို့…ဟင်းလင်းပြင်..သို့…ချစ်ရတဲ့သူ..သင့်ရင်ဘတ်ထဲ…..နှလုံးသားရှိရဲ့လား……..ဟုစာရေးသူကဆိုချင်မိသည်။နှလုံးသားနှင့်ခံစားရင်ဘတ်ကိုဝင်ကြည့်နိင်ကြတဲ့”ရင်ဘတ်ထဲမှာနှလုံးသားရှိသောသူ”များဖြစ်ကြစေရန်အတွက်ဤစာအုပ်ငယ်အားရေးသားလိုက်ရပါသည်။

စာမျက်နှာ

125

စာအုပ်အရွယ်အစား

5.6 × 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

Ind English၊ 2022 မေလ( ပထမအကြိမ်)

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သင့်ရင်ဘတ်ထဲနှလုံးသားရှိရဲ့လား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ချမ်းငြိမ်း (ဟံသာဝတီ) စာအုပ်များ