ဒုက္ခဆိုတာအတောင်ပံနဲ့လား

( 2 မှတ်ချက်)

3000 (ကျပ်)

လူသားများဟူ၍ဆိုရာဝယ် မွေးဖွားချိန်မှ သေဆုံးချိန်အထိ ဒုက္ခဆိုတဲ့မိမိမလိုလားသောဆန့်ကျင်ဘက်ဆင်းရဲခြင်းဆိုတဲ့ ခံစားမှုကိုတစ်နည်းမဟုတ်တနည်းတစ်နေ့မဟုတ်တစ်နေ့တော့ခံစားရမှာဖြစ်ပါတယ်။အသက်တစ်ရာမနေရအမှုတစ်ရာတွေ့ရတတ်ပါတယ်။အဆင်ပြေချောမွေ့မှုတွေဆိုတာ အခက်အခဲတွေ၊ဒုက္ခတွေကြားကနေရောက်လာတယ်ဆိုတာငြင်းလို့မရတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။
လောကဓံရဲ့ကြမ္မာဆိုးဒုက္ခမိုးကြိုးတွေနဲ့တွေ့တဲ့အခိုက် လူပျော့လူညံ့၊လူသိမ်လူဖျင်းတွေ၊အပေါစားစိတ်ဓာတ်ရှိသူတွေ၊တစ်နပ်စားဉာဏ်စိတ်ဓာတ်ရှိသူတွေဟာခေါင်းငိုက်စိုက်ကြသွားကြပါတယ်။ဘဝရဲ့လှိုင်းတံပိုး ဘယ်လိုဒုက္ခဘဝရဲ့ခါးသီးလှတဲ့ကြမ္မာရိုင်းနေ့ရက်တွေကိုဖြတ်သန်းနေရပါစေ ယုံကြည်ချက်မြင့်မားတဲ့ကြံ့ကြံ့ခိုင်တဲ့အတုယူဖွယ်ရာအမြင့်စားစိတ်ဓာတ်ပိုင်ရှင်တွေဟာ ဒုက္ခဆိုတဲ့အရာကို အတောင်ပံတပ် မောင်းနှင်အားတစ်ခုသဖွယ်အားအင်သဖွယ် အသုံးချဝေဟင်မှာပျံသန်းသွားကြပါတယ်။
စာရေးသူရဲ့သတ္တမမြောက်စာအုပ်လေးဖြစ်တဲ့
”ဒုက္ခဆိုတာအတောင်ပံနဲ့လား”စာအုပ်လေးထဲမှာ
လူနှင့်လူ့ပတ်ဝန်းကျင်မှာတကယ်ဖြစ်တည်နေတဲ့
ဘဝရဲ့ခါးသီးကြောက်မက်ဖွယ်နေ့ရက်တွေကို ကြုံခဲ့ရတဲ့လူငယ်လေးနှစ်ယောက်ဟာအနာဂတ်နေ့ရက်တွေကိုအတောင်ပံတပ်ပျံသန်းခဲ့ကြပုံကိုစာရေးသူကတင်ပြထားခြင်းဖြစ်ပါတယ်။
ဘဝ နေ့ရက်တွေကိုခါးသီးစွာဖြတ်ကျော်ဖြတ်သန်းနေကြသူများလူနှင့်အောင်မြင်မှု၊စိတ်၏ငြိမ်းချမ်းမှုများနှင့်အတူလူ့ပတ်ဝန်းကျင်ရဲ့လိုအပ်နေ သောအတွေးများကိုတထောင့်တနေရာမှဖြည့်ဆည်းပေးရန်အတွက် ”ဒုက္ခဆိုတာအတောင်ပံနဲ့လား” ပင်ကိုယ်ရေးစိတ်အာဟာရစာအုပ်အားရေးသားထုတ်ဝေလိုက်ရတာဖြစ်ပါတယ်။စာဖတ်သူရဲ့ဤပင်ကိုယ်ရေးစိတ်အဟာရစာအုပ်အားခံစားဖတ်ရှုပြီးစာဖတ်သူအောင်မြင်မှုလူနှင့်လူ့ပတ်ဝန်းကျင်အတွက်၊ တိုင်းပြည်အတွက်၊ ကမ္ဘာကြီးအတွက်
အသုံးဝင်မှု နှင့်အတူ အနာဂတ်အောင်မြင်မှုဝေဟင်သို့ပျံသန်းရာတွင် အမြင့်တကာအမြင့်ဆုံးသို့ပျံသန်းနိင်မည်ဟုယုံကြည်မိပါကြောင်း…

စာမျက်နှာ

130

စာအုပ်အရွယ်အစား

5.4 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

Ind English၊ 2020 ဒီဇင်ဘာလ၊ (ပ-ကြိမ်)

10 in stock

ဒုက္ခဆိုတာအတောင်ပံနဲ့လား အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. မင်းမင်း

    ကြိုက်လို့ပါ

  2. Htet Wai

    စာဖတ်ရင်း ကိုယ်ကြုံတွေ့ရတာတွေကိုတောင် ပြန်ပုံဖော်ပြီ ရေးထားသလိုပါဘဲ ကိုယ့်အတွက်တော့ အဖိုးတန်တဲ့ စာအုပ်လေးပါ❤️❤️❤️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ချမ်းငြိမ်း (ဟံသာဝတီ) စာအုပ်များ