ရှင်သန်ခွင့်ဒိုင်ယာရီ
4000 (ကျပ်)
အခက်အခဲဆိုတာ နာမ်ဝိညာဉ်ထဲကနေ
လွှင့်ပစ်နိင်တဲ့အရာ…..။
ဒုက္ခဆိုတာ ရုပ်ဘဝထဲက မောင်းထုတ်နိုင်တဲ့အရာ….။
ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲကြုံကြုံ ယုံကြည်ချက်
ဓားတစ်လက်နဲ့ ဒုက္ခနေ့ရက်တွေကိုခုတ်ဖြတ်ရင်း
ဘဝအလင်းတန်းဆုပ်ကိုင်အနိင်ရခဲ့သူဆယ်ကျော်သက်
လူငယ်လေးတစ်ယောက်အကြောင်း….။
– ယခုပရိတ်သတ်ထံသို့အပ်နှံလိုက်သည့် ရှင်သန်ခွင့်ဒိုင်ယာရီ စာအုပ်နှင့်ပါဆိုရင် စာရေးသူအနေဖြင့် စာအုပ်များရေးသားလာခဲ့သည်မှာ ဆယ်အုပ်မြောက်ရောက်ရှိခဲ့ပြီဖြစ်သည်။ ယခုစာဖတ်ပရိတ်သတ်များထံသို့ အပ်နှံလိုက်သည့် ရှင်သန်ခွင့်ဒိုင်ယာရီစာအုပ်သည် အမေရိကန် စာရေးဆရာ Gary Paulsen ရေးသားထားသော Hatchet ကိုဘာသာပြန်ပေးထားခြင်းဖြစ်သည်။
– တရားဝင်ကွာရှင်းထားသော မိဘနှစ်ပါးမှကြီးပြင်းလာခဲ့ပြီး မိခင်ဖြစ်သူဆီတွင်ကိုးလ ဖခင်ထိန်းချုပ်မှုအောက်တွင်သုံးလ နေထိုင်ရန် တရားသူကြီးမှ အမိန့်ချမှခဲ့ရာ အဖေနေထိုင်ရာ ကနေဒါနိုင်ငံသို့ အပေါစားပို့ဆောင်ရေးလေယာဥ်ငယ်လေးဖြင့် သွားရောက်ခဲ့ရာမှ လေယာဥ်ပျက်ကြခဲ့သည်။ လေယာဥ်ပျက်ကြကာ တောထဲတွင်ဒုက္ခမျိုးစုံဖြင့် ၅၄ရက်တာသောင်တင်ခဲ့ရသော အသက်၁၃နှစ်သားအရွယ် လူငယ်လေးတစ်ယောက်၏ အသက်ရှင်သန်ခွင့်လွတ်မြောက်ခဲ့ပုံ ကိုယ်တွေ့ဖြစ်ရပ်အား အခြေခံကာစိတ်ကူးစိတ်သန်းနှင့်ပေါင်းစပ်ရေးသားထားသောစာရေးဆရာဂယ်ရီပေါလ်ဆန်လက်ရာကို ဘာသာပြန်ဆိုပေးထားခြင်းဖြစ်သည်။
– ဂယ်ရီပေါလ်ဆန်သည်အမေရိကန်စာကြည့်တိုက် အသင်းကြီးကနှစ်စဥ်ချီးမြှင့်သော Newbery Honorဆု (ဆယ်ကျော်သက်လူငယ်များအတွက်အကျိုးပြုစာပေရေးသားထုတ်ဝေသောဆု)ကိုသုံးကြိမ်တိုင်ရရှိခဲ့သော စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုမူရင်းစာအုပ်သည် ထူးခြားသည်ဟုဆိုရမလောက်ပင်။ ထွက်ရှိခဲ့သည့် ၁၉၈၆ နိဝင်ဘာတစ်ရက်နေ့မှစ၍ နှစ်စဥ်နှစ်တိုင်း အမေရိကန်နိင်ငံတွင် Bestseller စာရင်းဝင်ခဲ့ပြီး Amazon.com တွင်လည်း ကြယ်ငါးပွင့်ရအရောင်းရဆုံး စာရင်းဝင်နေဆဲစာအုပ်တစ်အုပ်ဖြစ်သည်။
– ယခု Hatchet စာအုပ်နှင့်လည်း စာရေးဆရာဂယ်ရီပေါလ်ဆန်မှာ Newbery Honor ဆုရှိခဲ့သည်။ ယခုစာအုပ်သည် စာအုပ်ရေဆယ်သန်းကျော်ရောင်းချထားပြီးသော Hatchet စာအုပ်စီးရီးငါးအုပ်မှ ပထမဦးဆုံးစာအုပ်တစ်အုပ်လည်းဖြစ်ပါသည်။ ယခုရှင်သန်ခွင့်ဒိုင်ယာရီစာအုပ်အား အခက်အခဲများကြား မွန်းကြပ်ပိတ်လှောင်နေသောသူတိုင်းသာမကရှင်သန်ခွင့်ကို လက်မြောက်အရှုံးပေးလိုသူ လူငယ်တိုင်းထိုထက်ပို၍ ငါ့ဘဝကြီးကရှင်သန်ရတာအဓိပ္ပါယ်မဲ့လိုက်တာပဲဟုဆိုသူတိုင်း ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်ဖြစ်သည်ဟု ဆိုချင်ပါသည်။
စာမျက်နှာ | 150 |
---|---|
ပုံနှိပ်မှတ်တမ်း | Ind English၊ 2022 မေလ ၊ (ပ-အကြိမ်) |
စာအုပ်အရွယ်အစား | 5.5 × 0.2 × 8.2 inches |
17 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ