လက်တုံ့ပြန်သူ

( 0 မှတ်ချက်)

2500 (ကျပ်)

ရုရှား ဂန္ထဝင်စာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ အန်တွန်ချက်ကော့ဗ်သည် ကမ္ဘာ့စာပေသမိုင်းတွင် အတော်ဆုံးဝတ္ထုတို စာရေးဆရာတစ်ယောက်အဖြစ် ကမ္ဘာ့စာပေအသိုင်းအဝိုင်းမှ ယနေ့တိုင် သတ်မှတ်ထားကြဆဲဖြစ်သည်။ အန်တွန်ချက်ကော့ဗ်သည် ဘဝတလျောက် ဂန္ထဝင်ဝတ္ထုတိုပေါင်း နှစ်ရာကျော်ရေးသားခဲ့ပြီး ဆရာဝန်တစ်ယောက်အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့သူ ဆေးပညာရှင်တစ်ဦးလည်းဖြစ်သည်။

သူ၏ဘဝနှင့်ပတ်သတ်၍
”ဆေးပညာကကျတော့်ရဲ့မယားကြီး…..
ဝတ္ထုတိုစာပေကကျတော့်ရဲ့
မယားငယ်”
ဟုဂန္ဓဝင်မြောက်ပြောဆိုခဲ့ဖူးသည်။

ယခုပရိသတ်လက်သို့ အပ်နှံမည့်”လက်တုံ့ပြန်သူ,” နှင့်အခြားဝတ္တုတိုများစာအုပ်သည်ဆရာကြီးအန်တွန်ချက်ကော့၏ အကောင်းဆုံးလက်ရာဝတ္ထုတိုများကိုစုစည်းထားခြင်းဖြစ်သည်….

သစ္စာမရှိ ဖောက်ပြန်တဲ့မယားဖြစ်သူကို သေနတ်နဲ့ပစ်သတ်ဖို့ သေနတ်ဆိုင်သွား သေနတ်သွားဝယ်သည်။ ဖောက်ပြန်တဲ့မယားကိုသတ်လျင် ဖောက်ပြန်မှုတစ်ခုကျူးလွန်ယုံနဲ့ သေခြင်းတရားနဲ့တန်ပါရဲ့လား၊ ဖောက်ပြန်တဲ့မယားကိုသတ်လို့ သတ်တဲ့သူအတွက်
ထောင်ထဲရောက် အပြစ်ပေးခံရမှာတန်ပါရဲ့လား၊ ဖောက်ပြန်တဲ့မယားကိုသတ်လိုက်တယ်ဆိုတဲ့အတွေးအခေါ် ပတ်ဝန်းကျင်မျိုးဆက်ကို လက်ဆင့်ကမ်းလိုက်တာ….ဖြစ်သင့်ပါရဲ့လား…
အန်တွန်ချက်ကော့ဗ်မယားကိုသတ်ဖို့ သေနတ်မဝယ်ပဲမိသားစုအတွက်၊ သူ့အတွက်အသုံးဝင်မဲ့ပစ္စည်းတစ်ခုဝယ်၍ အိမ်ပြန်လာခဲ့သည်။

ကမ္ဘာ့အတော်ဆုံးလို့သတ်မှတ်ခံခဲ့ရတဲ့ဂန္ထဝင် ရုရှားစာရေးဆရာကြီး အန်တွန်ချက်ကော့ဗ်ရဲ့ ရသမြောက်တဲ့ဝတ္ထုတိုများအား ပရိသတ်အထူးနှစ်သက်မည်ဟု ထင်မြင်မိပါကြောင်း…

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

Ind English၊ 2020 မေလ၊ (ပ-ကြိမ်)

35 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လက်တုံ့ပြန်သူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ချမ်းငြိမ်း (ဟံသာဝတီ) စာအုပ်များ