အဝေးဆုံးကြည့် အမြင့်ဆုံးပျံ

( 1 မှတ်ချက်)

2500 (ကျပ်)

ဘ၀မှာ ကြမ်းတမ်းအခက်ခဲဆုံးကာလတွေကို ကြမ်းကြမ်းရှရှ ရင်ဆိုင်နေရသလား… မုန်တိုင်းမှာ ဒုက္ခမိုးကြိုးလှိုင်းတွေထိမှန်၊ ဒဏ်ရာဆူးတွေနဲ့ မူးဝေလဲကျနေသလား… မိဘညီအစ်ကို မောင်နှမဆွေမျိုးသားချင်း ပတ်ဝန်းကျင်အခင်းအကျင်းနဲ့ သဟဇာတ မမျှမတဖြစ်နေပါသလား။ ဘ၀မှာ ကျဆုံးခြင်းတွေနဲ့ အောင်မြင်မှုသီချင်းတစ်ပုဒ် မတီးမှုတ်နိုင်တော့ဘူးလို့ မိမိကိုယ်မိမိ စိတ်ထဲ မချိတင်ကဲ ဖြစ်နေသလား…

အဲဒီ ‘လား’ ပေါင်းများစွာကို အဖြေရှာနိုင်ယူ အနာဂတ်ကို အောင်မြင်မှုနဲ့ ကျော်ဖြတ်ချင်တဲ့ လူငယ်တွေ ဒီစာအုပ်ကို မဖြစ်မနေဖတ်ပါ။

စာမျက်နှာ

111

စာအုပ်အရွယ်အစား

5.7 × 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်း၊ ၂၀၂၀ ဇူလိုင်လ၊ (ဒု-ကြိမ်)

အဝေးဆုံးကြည့် အမြင့်ဆုံးပျံ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. U Sai Naing Min Htwe

    အမှန်တိုင်းပြောရရင် ဆရာကြီး ချမ်းငြိမ်း(ဟံသာဝတီ)ရဲ့ ပင်ကိုယ်ရေးစိတ်အဟာရစာစုများကိုဖတ်ပြီး ကျွန်တော်မျက်လုံးပြူးသွားခဲ့မိပါတယ်။ ဘာလို့လဲဆိုတော့ စာဖတ်သက်နာသူတစ်ယောက်ဟာ စာရေးသူတစ်ယောက်ရဲ့ စာအုပ်ကို ဝယ်မဖတ်ခင်ကတည်းက ကြိုပြီး မှန်းဆထားတဲ့ Levelတစ်ခုရှိကြပါတယ်။ ကျွန်တော်လည်းပဲ ဆရာကြီးရဲ့စာအုပ် “အဝေးဆုံးကြည့် အမြင့်ဆုံးပျံ “ဆိုတဲ့စာအုပ်ကို စိတ်ထဲမှာ ကြိုခန့်မှန်းထားတဲ့ Levelတစ်ခုရှိခဲ့တယ် ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ တကယ်ဖတ်မိတဲ့အချိန်မှာကျတော့ စာအုပ်ကပေးတဲ့ အရသာတွေဟာ ကျွန်တော်မျှော်လင့်ထားခဲ့မိတဲ့ Levelရဲ့ အထက်တော်တော်ရောက်နေတဲ့အတွက် မျက်လုံးများပြူးသွားခဲ့မိပါတယ်။😳
    ဒီလိုပြောလို့ “အဝေးဆုံးကြည့် အမြင့်ဆုံးပျံ ” စာအုပ်ကို ဘဝဒဿနတွေ၊ အတွေးအခေါ်တွေ တင်းကြပ်ပြည့်နေမယ်လို့ မထင်မိပါနဲ့။ သူကအတွေးအခေါ်စာအုပ်မဟုတ်ပါ။ ဒဿနစာအုပ်လဲ မဟုတ်ပါ။ အနာဂတ်လူငယ်တွေအတွက် ၊ တိုင်းပြည်အတွက် ၊ ရသစာပေအတွက် တထောင့်တနေရာက လိုအပ်နေတဲ့ အတွေးလေးတွေကို ဖြည့်ဆည်းပေးထားခြင်းမျိုး ဖြစ်ပါတယ်။ ထင်ထားတာထက် ဘဝအမြင့်ကိုရောက်အောင် လူငယ်တွေအတွက် မီးမောင်းထိုးပြထားတာ မြင်တွေ့ရပါလိမ့်မယ်။😊
    “အဝေးဆုံးကြည့် အမြင့်ဆုံးပျံ “ဆိုတာ ဟာ လူငယ်တွေအတွက် အောင်မြင်မှုကို ပြောရမည်ဆိုလျှင် အောင်မြင်ခြင်းကို ရယူပိုင်ဆိုင်ဖို့အတွက် လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ကြောင်း ၊ လူငယ်တွေအောင်မြင်မှုရဖို့ (ကတိ)ဆိုတာ အလွန်တရာမှ အရေးပါကြောင်း ဖော်ပြထားတာကို စာဖတ်ရင်းရသစာပေကို ပေးစွမ်းထားပါတယ်။
    စာရေးသူဟာ လူငယ်တွေအကြောင်းကို တော်တော်များများ လေ့လာသိထားပုံရပါတယ်။ ဘဝမှာ အဖိုးမဖြတ်နိုင်သော လူငယ်တွေအတွက် ရသတွေအများကြီး ပေးစွမ်းထားတာကြောင့် “အဝေးဆုံးကြည့် အမြင့်ဆုံးပျံ ” စာအုပ်ကို လက်မလွှတ်တမ်း ဝယ်ယူဖတ်သင့်ကြောင်း စာဖတ်ချစ်သူများကို တိုက်တွန်းလျှက်🙏🙏🙏

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ချမ်းငြိမ်း (ဟံသာဝတီ) စာအုပ်များ