ခမည်းကြိုး
25000 (ကျပ်)
ဆရာမရဲ့ စာအုပ်တွေထဲမှာ ရှားရှားပါးပါး လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ သမုန်းကျင်းဆိုတဲ့ မြို့ ကို ရောက်ရှိလာတဲ့ ခင်စောမူ…မြို့ကိုသွားနေတဲ့ ရထားပေါ်မှာတင် အမယ်အို တစ်ဦးနဲ့ စတွေ့ရာကနေ ခင်စောမူဘဝမှာ အဖြေရှာရခက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ နောက်ဆုံးမှာ ထင်မထားတဲ့ မြှုပ်ကွက်တွေနဲ့ ဇာတ်လမ်းဇာတ်ကွက် ချိတ်ဆက်မှုတွေက စာဖတ်သူကို အံ့အားသင့်စေမှာပါ။
| စာမျက်နှာ | 464(woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 0.7 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဓူဝံစာပေ၊ 2025 ဇူလိုင်လ (သတ္တမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 15.7.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 25000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
15 in stock








Wuthmone Phyu –
ဆရာမ ခင်ခင်ထူးဝတ္ထုတွေဖတ်ရတာ အရမ်းရိုးသားလွန်းတယ် လို့ခံစားရတယ်..အချစ် အမုန်းစသည်တို့ရဲ့ အဝေးဆုံးမှာ တောဓလေ့ တောဟန်..များနဲ့ ရိုးသားတဲ့ တောသူတောင်သားတွေရဲ့ ပုံစံလေးတွေက သိပ်ချစ်ဖို့ကောင်းတာပါပဲ..
ဆူးပန်းခွေသွယ်ဘယက်ထဲက ကိုကြာစွယ်လည်း ကိုကြာစွယ်မို့ ဒီစာအုပ်ထဲက ကိုကြိမ်ပိုက်လည်း ကိုကြိမ်ပိုက်မို့ ရိုးသားကြတာလေး သဘောကျမဆုံးပါဘူး..။
စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဆွဲဆောင်မှုရှိလွန်းလှတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး..တောသူတောင်သားတွေရဲ့ အယူအဆ အစွဲအလမ်းတွေ အပြင် ကိုလိုနီခေတ်က သစ်စခန်းရှိ အရာရှိတွေရဲ့ ဘဝကိုပါ တစိတ်တဒေ သ ဖတ်ရှုလိုက်ရပါတယ်.. လုံးဝထင်မှတ်မထားတဲ့ဇာတ်သိမ်းကြောင့်လဲ အံ့သြမိရပါတယ်…။
အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပါ..။
Aungthu –
လှို့ဝှက်ချက်တွေနဲ့ ဘာဖြစ်လာမလဲ စောင့်ကြည့်ပြီး အဆုံးသတ်လည်းကောင်း၊အလယ်ကလဲ အဆင်ပြေ၊အစလဲ ဖတ်လို့ကောင်းတော့ လက်မလွှတ်ရဘူးဗျာ
Yadanar Than –
ဆရာမရဲ့ မအိမ်ကံဝတ္ထုဟာဆိုရင် လွှတ်မချချင်လောက်အောင် ကောင်းသလောက် အခု ခမည်းကြိုးဝတ္ထုဟာဆိုရင်လည်း
ဖတ်ရင်းဖတ်ရင်းပင် မခင်စောမူ နေရာမှာ ကိုယ်တိုင်ရောက်သွားသလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကောင်းဆုံး စာအုပ်တစ်အုပ်ပါပဲ။
ဆရာမ ခင်ခင်ထူးကို အားပေးလျက်ပါ။