၀တ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်

( 4 မှတ်ချက်)

10000 (ကျပ်)

…

စာမျက်နှာ

238

စာအုပ်အရွယ်အစား

4.5 x 0.5 x 7.3 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2022 အောက်တိုဘာလ (စတုတ္တအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

24.12.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 10000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

13 in stock

၀တ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ် အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Khin Pyae Sone –

    ဘဝမှာ မေ့လို့မရအောင်အသည်းစွဲရသည့်စာအုပ်လေး
    အရိုးစွဲအောင်မြတ်နိုးရတဲ့တောသဘာဝဓလေ့လေးဟာကိုယ်တိုင် ကိုကြီးကျော်ပွဲရောက်နေသလိုပါပဲ အဓိက ကတော့ ခင်နှောင်းပါ
    ကျွန်မသာခင်နှောင်းနေရာမှာဆိုရင် အမေ့ကိုအပြစ်တင်မိမှာအမှန်ပါ ကိုကျီးညိုကိုအရမ်းဇာတ်နှိမ်ထားသလိုခံစားရပြီး ရင်နာရပါသည် အဓိပ္ပါယ်ပြည့်ဝပြီးအနှစ်သာရရှိတဲ့စကားလုံးလေးတွေစီထားသလိုခံစားရပါတယ် ဖတ်ရင်းငိုရလို့ ကိုယ့်ကိုယ်တောင်ပြန်ရှက်မိတဲ့အထိ ရင်နာစရာဇာတ်လမ်းလေးမို့ ဖတ်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်

  2. Khaing Zar –

    ဆရာမခင်ခင်ထူးရဲ့စာအုပ်ကောင်းတွေထဲကတစ်အုပ်ပါ။
    ဆရာမရဲ့ပြောင်မြောက်လှတဲ့အရေးအသားအတိုင်း တောဓလေ့၊တောအငွေ့အသက်တွေနဲ့ ကိုကြီးကျော်နတ်ကိုယုံကြည်ကိုးစားအလေးထားကျတဲ့ကျေးလက်ပြည်သူတို့ရဲ့ ဖြူစင်တဲ့စိတ်နေသဘောထား‌တွေ၊ တစ်နှစ်တစ်ခါခြိမ့်ခြိမ့်သဲကျင်းပကျတဲ့ ကိုကြီးကျော်နတ်ပွဲကိုသွားရောက်ရင်း တစ်သက်မှာတစ်ခါဖြစ်ပေါ်လာတဲ့ချစ်ခြင်းကိုမြတ်နိုးတန်ဖိုးထားတဲ့ ကွန်းတောင်ကိုင်အပျိုပေါက်လေး ခင်နှောင်းနဲ့ ရိုးသားကြိုးစားပြီး ချစ်သူကိုမျော်လင့်ချက်မပါ အချစ်ကြီးချစ်တဲ့ကိုကျီးညိုရဲ့ဖြူစင်တဲ့မေတ္တာတွေကို ရင်နှင့်အမျှခံစားရအောင်ရေးဖွဲ့ထားနိုင်တဲ့ ဆရာမရဲ့အရေးအသားတွေကိုမချီးကျူးပဲမနေနိုင်အောင်ဖြစ်စေတဲ့ စာအုပ်လေးပါ။ဇာတ်သိမ်းလေးကိုရင်နာစွာဖတ်ခဲ့ရပေမဲ့ တောဓလေ့ တော့ဟန်ကိုကြိုက်တဲ့ကျွန်မအတွက်တော့ ခံစားမှုရသစုံအောင်ပေးနိုင်တဲ့ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက် ဖတ်ကြည့်ကျဖို့ညွှန်းဆိုလိုက်ပါတယ်။

  3. Aeri Myat –

    ကိုကျီးညိုဆိုတဲ့ နာမည်ကို စာအုပ်အညွှန်းတွေကနေ ရင်းနှီးနေတာကြာပါပြီ။ဆရာမခင်ခင်ထူးဆိုတာလည်း ကျွန်မ သဘောကျရတဲ့ ဆရာမဆိုတော့ ဒီစာအုပ်လေး ဖတ်ခွင့်ရတာတင် ကျေးဇူးတင်နေမိပါတယ်။

    ကိုကြီးကျော်နတ်ပွဲကို အကြောင်းပြုလို့
    ဆုံစည်းခဲ့ရတဲ့ ကိုကျီးညိုနဲ့ မခင်နှောင်း၊

    ထန်းတောရွာကလေးက သူရင်းငှားနဲ့
    ဖြုံဖူးရွာက မြေပိုင်ရှင်သမီးတို့ရဲ့ ဖူးစာရယ်ပေါ့…။

    အချိန်ကာလကလည်း မြူခိုးတွေဆိုင်း
    မှုန်မှိုင်းရီဝေနေတဲ့ လတပေါင်းရယ်မို့
    လွမ်းချင်စရာ၊ နတ်ပွဲသွားကြတဲ့
    တောသူတောင်သားတွေရဲ့ အပျော်တွေကလည်း စာဖတ်သူထိ ကူးစက်ပျံ့နှံ့ရင်းကြည်နူးစရာပါပဲ။

    ပွဲတော်လာ စျေးသည်တွေ ဆိုတာလည်း
    များပြားလွန်းလို့ “အပ်ကအစ နားကင်းအထိ စျေးပွဲခင်းကြမည့်သူတွေရယ်”လို့တောင် ခိုင်းနှိုင်းသွားတာ သဘောကျစရာ…။

    နတ်ဒိုးသံ၊ နတ်သီချင်းသံတွေကြား
    နန်းရင်းဆီ ပန်းဆက်ဖို့၊ ကြက်လောင်းပွဲမှာ ပါဝင်ဖို့ လာကြတဲ့ လူအုပ်ကြီး ကြီးမားပုံကို “ချတောင်ပို့ဖြိုချထားသလို၊ ပုရွက်တွင်း ရေလောင်းချလိုက်သလို မွမွတက်နေသတဲ့…။🥰

    ပွဲတော်လာတဲ့သူတိုင်း လှည်းနောက်မှီးမှာ
    ထမင်းတွေ၊ဟင်းတွေချက်ကြ၊ တစ်ရွာနဲ့ တစ်ရွာ ဟင်းခွက်တွေ ဖလှယ်ကြနဲ့
    ဟင်းခွက်ကူးဓလေ့ရယ်လို့ ရှိနေတာကလည်း ချစ်စရာ အလေ့အထလေးတစ်ခုပေါ့…။

    နန်းရင်းဆီ ပန်းဆက်ရင်း နန်းတိုင် မှန်ကူကွက်ကလေးမှာ ခင်နှောင်းမျက်နှာကလေး တွေ့လိုက်ရတဲ့ ကိုကျီးညို
    မြင်မြင်ချင်း မေတ္တာသက်ဝင်သွားတယ်လို့ ဆိုပါတယ်။တနည်း ကိုကြီးကျော်နတ်
    ဆုံပေးတဲ့ ဖူးစာရယ်ပေါ့လေ။

    ဒီမှန်ကူကွက်ကလေးမှာပဲ ကိုကျီးညိုရဲ့မျက်နှာ၊အရိပ်အငွေ့လေးတွေ၊သရဖီပန်းနံ့လေးတွေကို ခင်နှောင်း ခံစားမိတဲ့အခါမှာတော့ လွမ်းစရာ၊ ကြေကွဲစရာပါပဲ။

    ချစ်လျှက် ခွဲခွာကြရတဲ့ ကံကြမ္မာက
    ရက်စက်လွန်းပါတယ်။ဒီဘဝ ဒီမျှ ဆိုပေသိ ကိုကျီးညိုတစ်ယောက် နှစ်တိုင်း
    ခင်နှောင်းအလာကို ကိုကြီးကျော်နတ်ပွဲ
    ရက်တွေတိုင်း စောင့်မျှော်နေမှာလားပေါ့လေ….။

    #ခင်ခင်ထူး
    #ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်
    #reviewby하은
    #21Sep2023

  4. ခိုင်သဇင် –

    အရမ်းကောင်းလွန်းလို့နောက်ထပ်တစ်ကြိမ်ဖတ်ဖို့တောင်ကြောက်ရတဲ့စာအုပ်ကလေးပါ။အရမ်းကောင်းပါတယ်။ဇာတ်သိမ်းပိုင်းမှာနှလုံးသားတွေကွဲကြေပြီး ခင်နှောင်းနေရာကိုကိုယ်တိုင်ရောက်သွားသလိုပါပဲ။နောက်တစ်ကြိမ်ထပ်ဖတ်ဖို့အားယူနေဆဲပါပဲ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ခင်ခင်ထူး စာအုပ်များ