သုံးလွန်းတင်

( 1 မှတ်ချက်)

12000 (ကျပ်)

…

စာမျက်နှာ

234

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2023 ဇွန်လ (ဒုတိယ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

16.7.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 12000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

13 in stock

သုံးလွန်းတင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aye Myint Moe –

    ဒီစာအုပ်လေးကတော့ စာရေးဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုလတ် သုံးပုဒ်ကိုစုစည်းထားတဲ့
    စာအုပ်လေးပါ။
    ဒီစာအုပ် နာမည်ပေးဖြစ်ပုံကို ဆရာမက စာအုပ်ရဲ့အမှာစာအဖြင့် ရေးသားဖော်ပြထားပါတယ်။
    ကိုယ်ညွှန်းလိုက်ရင် ဆရာမဆိုလိုရင်းတွေပျောက်ကုန်မှာစိုးတာကြောင့် မညွှန်းတော့ပဲ
    ထိုခေါင်းစဉ်မှာပါတဲ့ ဝတ္ထု သုံးပုဒ်ကိုပဲ တက်သလောက်ညွှန်းပါမယ်။

    ** မင်္ဂလာလှည်း **
    ဒီဖြစ်စဉ်လေးကတော့ သပြေကန် ဆိုတဲ့ ရွာလေးကနေ မန္တလေးမြို့ကို ရောက်လာတဲ့ မောင်ကြိုင်
    အလုပ်တွေကြိုးစားရာက ဆရာဖြစ်သူ ဦးကျော်သန်းရဲ့ မရှိမဖြစ်လူတစ်ယောက်ဖြစ်လာခဲ့ရာ
    ကံကြမ္မာက နဖူးစာရွာလည် လာတော့ ကိုယ့်အလုပ်နဲ့အနီး ကမ်းနားစျေးမှာ ဘဝလက်တွဲဖော်
    တွေ့ခဲ့ရပေမယ့် အကြောင်းမလှသည်က တစ်နယ်တစ်ကျေးက သနပ်ခါး ရောင်းသူလေး ဖြစ်သည့် အပြင် တစ်လမှတစ်ခါသာ တွေ့ခွင့်ရသည့် စကိုင်းမြို့အကျော် လယ်ပင်ကြီး ရွာသူလေး မအေးသီ ။

    လက်ထပ်ရန် ကံတရားက အကြောင်းဖန်လာတော့ မိန်းမသွားတောက်းရန် နီးစပ်ရာ ဆွေမျိုး၊
    ဆရာဖြစ်သူအပါအဝင်၊ ရွာက သာရေးနာရေးကအစ ကူညီပေးတက်သူတွေပါ ပါလာသည့်အပြင် သတိုးထက်ပိုမို တက်ကြွနေသော ဦးချစ်တိုး…

    ကန်တော့ပွဲအပြင် မုန့်အနည်းငယ်သာပြင်ဆင်ရင်း၊ တစ်ခါမှမရောက်ဖူးတဲ့ မအေးသီဆိုတဲ့ မိန်းမလှလေးရဲ့ ရွာကိုလိုက်အသွားမှာတော့ လွဲမှားမှုတွေကို ဟာသလေးနှောကာ ရေးဖွဲ့ထားပြီး၊ ကျေးလတ်ဒေသတို့ရဲ့ ရွာဓလေ့စရိုက် ထုံးတမ်းအစဉ်အလာတို့ကို ရေးဖွဲ့ထားသော မင်္ဂလာလှည်း။

    ** သတိုး **
    နွားဆိုအရမ်းချစ်တက်တဲ့ ကိုငပျား…
    ကိုယ်ချစ်ရတဲ့ နွားမရဲ့ ကောင်းသော လက္ခဏာနဲ့ မွေးလာသော နွားပေါက်လေး…
    မိမိရင်သွေးလေးနဲ့ မွေးဖွားချိန်တူညီတာကြောင့် သားလေးကိုပါ ကောင်းစေချင်သောကြောင့်
    ခေါ်ဆိုခဲ့သော နာမည်နှစ်ခု…သဒိုးကြီးနဲ့သဒိုးလေး ။
    မချိန်တွေကြာ အရွယ်ရောက်လာသည်နှင့်အမျှ နွားလေး သဒိုးကြီးလောက်ပင် အားကိုမရသော သား သဒိုးလေးကို တစ်ဦးတည်းသော သား ဖြစ်တာကြောင့် မခိုင်းရက်သော မိဘ ။
    ရုပ်ရှည်လေးရှိတာကြောင့် ရွာရဲ့ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး အဖြစ် သတင်းမွှေးနေပေမယ့်
    ဘယ်သူမှစိတ်မဝင်စား၊ ဖူးစာကံပါလာတော့လည်း ရှောင်လွှဲလို့မရတာကြောင့် တစ်ခြားရွာသူ
    ယောကျာ်းကသေ၊ သားကို ဘုန်းကြီးဝတ်စေကာ အဖေဖြစ်သူက သားသတ်သမား၊ ရလာတဲ့ သွေးရဲရဲနဲ့ အသားတွေကို ခြင်းတောင်းထဲထည့်ကာ ရွာစဉ်လှည့်လည်ရောင်းချနေသော မုဆိုးမလေးကို မိဘနဲ့ပတ်ဝန်းကျင်က တားနေတဲ့ကြားထဲက လက်ထပ်သွားသူ ။
    ငယ်စဉ်ကအလုပ်မလုပ် လက်ကြောမတင်းသူက တကယ့်တကယ် စတင်လုပ်တဲ့အလုပ်က
    ယောက္ခမ အမွေဖြစ်တဲ့ သားသတ်တာကို လက်ရဲဇတ်ရဲလုပ်ကာ အကုသိုလ်အလုပ်ကို အမွေဆက်ခံသူ ။
    မိုက်သင့်တာထက် ပိုမိုက်မဲကာ ကုသိုလ်ဆိုတဲ့စိတ်ကလေး ကိန်းအောင်းလာတော့ နောင်တရကာ သာသနာ့ဘောင်ထဲ ဝင်ပေမယ့် အရှိန်မသေတဲ့ အကုသိုလ်ကံလေးကတော့ အမျှင်မပြတ်ကြောင်းကို ရေးဖွဲ့ထားသော သတိုး….။

    ** ကပၸိယ **

    ကပ္ပိယ ခေါ် ဦးစံလှဘော်…
    အဖွားဖြစ်သူခေါ်လညမှုကြောင့် ဘုန်းကြီးကျောင်းရောက်လာသူ…မိမိကို စောင့်ရှောက်ပေးသော
    ဘုန်းဘုန်းရဲ့ ဝေယျာဝစ္စ၊ ကိစ္စအဝဝကို မညည်းမညူလုပ်ကိုင်ပေးရင်း မိမိမွေးဖွားရာ ရွာမဟုတ်ပေမယ့် ၁၀ နှစ်သားထဲက ရောက်လာတာမို့ သိသူဖြစ်စေ၊ မသိသူဖြစ်စေ ဘယ်သူဒုက္ခရောက်ရောက်
    ဒီရွာသူဒီရွာသားဆိုတာနဲ့ အားတက်သရော ကူညီပေးရင်း…ဘုန်းဘုန်း တူမဖြစ်သူ မြချစ်ကို
    သံယောဇဉ်တွယ်တာပေမယ့် မပြောရဲသလို၊ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်ရပ်က နောက်တစ်ဖန် သံယောဇဉ် တွယ်ရမယ့် ကလေးဆိုးလေး၊ မိမိနဲ့အဖြစ်အပြတ်တူသည့်အပြင် ထိန်းကြောင်းပေးပါဆိုတဲ့
    ဘုန်းဘုန်းရဲ့ စကားကြောင့် စောင့်ရှောက်ပေးရင်းက ၅၂၈ မေတ္တာနဲ့ သံယောဇဉ်တွယ်မိသူ သား အဖြစ် ကောက်ဆွလေး….
    နောက်ဆုံး မိမိ သံယောဇဉ်တွယ်တာသူ နှစ်ယောက်က မိမိအနားက အကြောင်းပြချက်အမျိုးမျိုးဖြင့် ထွက်ခွာသွားကျတဲ့အခါ…အပူဆိုတဲ့ သံယောဇဉ်ကြီးကို တွယ်ငြိရင်း ဦးဇင်းအဖြစ် မဝတ်နိုင်ပဲ
    ကပ္ပိယအဖြစ်နဲ့ပဲ နေသွားသူ ဦးစံလှဘော် အကြောင်းကို ရေးသားထားတဲ့ ကပ္ပိယ ။

    ကိုယ်တက်သလောက် ညွှန်းထားတာမို့ အမှားပါရင် ခွင့်လွှတ်ပေးပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ခင်ခင်ထူး စာအုပ်များ