စိတ်ဒဏ်ရာ
3500 (ကျပ်)
ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုဆိုတာ မိဘတစ်ဦး ဒါမှမဟုတ် အုပ်ထိန်းသူတစ်ဦးက ကလေးအပေါ်မှာ မပြုလုပ်သင့်တာကို ပြုလုပ်တာ၊ လုပ်သင့်လုပ်ထိုက်တာကို မလုပ်တာတွေကြောင့် ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ၊
စိတ်ပိုင်းဆိုင်ရာ အနာတရဖြစ်တာနဲ့ ဆိုးဆိုးဝါးဝါး အန္တရာယ်ကျရောက်တာကို ဆိုလိုပါတယ်။ အဲဒီလို ကလေးသူငယ်ညှဉ်းပန်နှိပ်စက်မှုဆိုရာမှာ လျစ်လျူရှုထားခြင်း၊ရုပ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ အရှက်ခွဲခြင်းနဲ့စိတ်ပိုင်းဆိုင်ရာညှဥ်းပန်းခြင်းတို့ ပါဝင်ပါတယ်။
အေမီဂျက်ဆင်က သူ့ရဲ့နှိပ်စက်တဲ့ မိသားစုဆီကနေ လွတ်မြောက်ရာလမ်းကြောင်းကို ရှာကြံနေတဲ့
မိန်းမငယ်လေး တစ်ယောက်ပါ။ သူခံစားခဲ့ရတဲ့ မတရားမှုကို တရားစီရင်ရေးကတစ်ဆင့် သူ့မိသားစုဆီက ပြန်တောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ တရားစီရင်မှုစနစ်က ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုမှာ ပေါ့ဆစွာ
စီရင်ဆုံးဖြတ်နေမှန်း နားလည်လာခဲ့တယ်။
ဒါဟာ စာဖတ်သူ ဘယ်လိုပင်ခံစားရစေဦးတော့ အရေးကြီးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အေမီက စာဖတ်သူကိုယ်စား လျစ်လျူရှုခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊နှိပ်စက်ညှဉ်းပန်းခြင်းဆိုတဲ့ တံခါးကို လူတွေမြင်သာအောင် အားနဲ့မာန်နဲ့ တွန်းဖွင့်ပေးခဲ့ပါပြီ။ အဲဒီတံခါးတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသေးလဲ ဆိုတာကတော့…..
စာမျက်နှာ | 125 |
---|---|
စာအုပ်အရွယ်အစား | 5 × 0.2 × 8.4 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ ဇူလိုင်လ 2022 (ပထမအကြိမ်) |
9 in stock
Sitt Paing Mhue Zaw –
Good
Kyaw Hsu Latt –
အရမ်းကောင်းတဲ့စာအုပ်ပါ။ဒီစာအုပ်ထဲကိုရေးတဲ့သူရဲ့ စိတ်ဓာတ်ခွန်အားက လေးစားစရာကောင်းလောက်အောင်ခိုင်မာပါတယ်။သူ့ရဲ့ ပြိုလဲခါနီး ခံစားချက်တွေကို တင်းခံပြီး ဆံချည်မျှင်လောက်သာရှိတဲ့ ပျော်ရွှင်ခြင်းကို ဆုပ်ကိုင်ပြီး ပြန်တွန်းလှန်နိုင်တာ ချီးကျူးစရာပါ။ဒီစာအုပ်ဖတ်ခြင်းကနေ ရလာမယ့် အကျိုးကျေးဇူးကမနည်းပါဘူး။