သင့်ကလေးကို SEX အကြောင်းဘယ်လိုပြောမလဲ
3500 (ကျပ်)
ကလေးတွေ ငယ်ငယ်ရွယ်ရွယ်မှာ ဘာကြောင့် လိင်ကိစ္စပညာပေးသင့်သလဲ၊ လိင်ကိစ္စ ဘာကြောင့် အသိပေးထားသင့်သလဲ။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ သင့်ဆီကရတဲ့ အချက်အလက်တွေက အရေးကြီးပြီး ကျောင်းနေအရွယ်မရောက်ခင် အချိန်အထိ သူတို့အယုံကြည်ဆုံးက မိဘဖြစ်တဲ့ သင်ပါပဲ။ ကလေးတိုင်းမှာ လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ပေါက်ကရ သတင်းအချက်အလက် အမှားတွေကိုပေးမယ့် သူငယ်ချင်း အနည်းဆုံး တစ်ယောက်မက ရှိတတ်ပါတယ်။သူတို့ရဲ့ ခန္ဓာကိုယ်မှာ ကြုံတွေ့ရမယ့် အပြောင်းအလဲတွေ၊ လိင်ကိစ္စ ယုံကြည်မှုတွေ၊ လမ်းမှားရောက်သွားစေမယ့် အကြောင်းအရာတွေ ပေးတတ်ပါတယ်။ ဒီလောက် အရေးကြီးတဲ့ ကိစ္စရပ်မှာ သင့်ကလေးရဲ့ နုနုနယ်နယ်ဦးနှောက်ကလေးထဲ အဲဒီလို မဟုတ်တမ်းတရားတွေ အဝင်ခံမှာလား။ နောက်ပြီး သင့်ကလေးကို စောနိုင်သမျှစောအောင် သင်ပေးရတဲ့ကိစ္စမှာ လိင်ပညာပေးရေးကို တခြားသူတွေချည်း လွှဲထားဖို့မသင့်ပါဘူး။ကလေးဆိုတာမျိုးက သူတို့ရဲ့ စံပြုပုဂ္ဂိုလ်ဖြစ်တဲ့ မိဘတွေဆီကနေ တန်ဖိုးထားရမှုတွေကို လေ့လာသင်ယူရင်း သူတို့ကိုယ်သူတို့ တန်ဖိုးထားတတ်လာအောင် လေ့ကျင့်မွေးမြူတတ်ကြတာပါ။
ကိုယ့်တုန်းက ဘယ်လို ဘာညာတွေ မတွေးပါနဲ့။ဒီနေ့ခေတ်ကလေးတွေက ကိုယ်တွေတုန်းကထက် ရေဒီယို၊ ကွန်ပျူတာ၊ တီဗီ၊ ဖုန်း၊ အင်တာနက်တွေကနေ ဒီကိစ္စတွေကို မြင်ဖူး ကြားဖူးနေပါပြီ။သင့်ရင်သွေးနဲ့ သူတို့ရဲ့ခန္ဓာကိုယ်အကြောင်း၊လိင်မှုကိစ္စအကြောင်းကို စောစောစီးစီး ပြောပြပေးထားတာက သူတို့ ကြီးပြင်းလာတဲ့သက်တမ်းတစ်လျှောက် အရေးကြီးတဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးတဲ့အခါမှာ ပိုပြီးသက်သောင့်သက်သာရှိစေပြီး မိဘနဲ့သားသမီးကြား နွေးထွေးမှုပိုစေပါတယ်။
ဒီစာအုပ်ထဲမှာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး စတင်သိတတ်ခါစ(နှစ်နှစ်ကျော်)တောက်တောက် လျှောက်ပြေးအရွယ်လေးကနေဆယ်ကျော်သက် လူပျိုဖော်၊ အပျိုဖော်ဝင်ခါနီးအရွယ်တွေအထိ သိသင့်သိထိုက်တဲ့ လိင်မှုကိစ္စကို အဖေ၊ အမေတွေ ခေါင်းမခြောက်ရအောင် ဘယ်လို စကားစပြောရမလဲဆိုတဲ့ လက်တွေ့အသုံးချလမ်းညွှန်ချက်တွေ၊ ပေါက်တတ်ကရ မေးခွန်းတွေကြုံတွေ့လာရင် ဘယ်လို ကိုင်တွယ်ပါဆိုတဲ့ အကြံပေးချက်တွေ ပါဝင်ပါတယ်။ဒီစာအုပ်ထဲ ပြောပြပေးမယ့် သတင်းအချက်အလက်တွေ၊ အကြံဥာဏ်တွေက သင့်ကလေးနဲ့ လိင်ကိစ္စဆွေးနွေးပြောဆိုတဲ့အခါ ခိုင်လုံတဲ့နိယာမ သဘောတရားတွေအပြင်အခြေခံသဘောတရားတွေအပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားပါတယ်။
သင့်ရင်သွေးနဲ့ လိင်ကိစ္စဆွေးနွေးပြောဆို ရတာဟာ တကယ်ကို မလွယ်တဲ့ ကိစ္စလည်းဖြစ်သလို တစ်ချိန်တည်းမှာပဲ ရင်မောရတဲ့၊ တစ်ခါတလေ အလွန် ရယ်ရတဲ့ကိစ္စလည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး ထိလွယ်ရှလွယ်အကြောင်းအရာမျိုးကို လူမှုအသိုင်းအဝိုင်းက မသိကျိုးကျွံပြုပြီး ဝိုင်းကြဉ်ထားတတ်ကြတော့ သင့်ကလေးအတွက် လိင်ကိစ္စပညာပေးကိစ္စတွေကို ကိုယ်တိုင်သင်ပေးထားရင် သူတို့ဘဝတစ်သက်တာ တွေ့ကြုံရသမျှ အကြောင်းအရာတွေကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းပြောပြပေးဖို့ အကျင့်ဖြစ်သွားစေပါတယ်။ သူတို့ အသက်ငယ်ငယ်မှာ လိင်မှုကိစ္စကို စတင်သင်ကြားပြောပြပေးခြင်းက စိတ်မသက်မသာဖြစ်ရခြင်းကို နည်းပါးစေသလို သူတို့လေးတွေ ပြန်မေးလာနိုင်တဲ့မေးခွန်းတွေ၊ တုံ့ပြန်လာနိုင်တဲ့ စကားလေးတွေကတစ်ဆင့် သူတို့ရဲ့ အဖြူခံသဘောထားလေးတွေကို သိလာနိုင်ပါတယ်။
စာမျက်နှာ | 127 |
---|---|
စာအုပ်အရွယ်အစား | 5 × 0.2 × 7.5 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ ဇွန်လ 2022 (ပထမအကြိမ်) |
13 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ