ကလေးစိတ်ပညာ

( 1 မှတ်ချက်)

5500 (ကျပ်)

သင်ဟာ မိဘတစ်ယောက်လား၊ ကလေးတွေနဲ့ အနေနီးစပ်သူလား ဒါမှမဟုတ် ကလေးတွေကို ထိန်းကျောင်းပေးနေရတဲ့ မူကြိုကျောင်းဆရာ၊ ဆရာမတစ်ယောက်လား…ဒါဆိုရင်တော့ ဒီစာအုပ်က သင့်အတွက်ပါပဲ။ သင့်အနေနဲ့ သင်ကိုင်တွယ်ထိန်းကျောင်းပြုစုပျိုးထောင်ပေးနေရတဲ့ ကလေးတွေနဲ့ နီးစပ်ဖို့၊ အကျိုးရှိရှိ ကိုင်တွယ်ထိန်းကျောင်းနိုင်စေဖို့ဆိုရင် ကလေးတွေရဲ့စိတ်ထဲ ဘာတွေဖြစ်နေသလဲဆိုတာ သေချာသဘောပေါက်နားလည်ဖို့ လိုအပ်ပါတယ်။ဒီစာအုပ်ထဲမှာ မွေးကင်းစကနေ အသက်၇နှစ်လောက်အထိ ကလေးတွေရဲ့ ဦးနှောက်နဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲ၊ ဘာတွေခံစားနေရသလဲ၊ ဘာတွေတွေးနေသလဲ၊ သူတို့ရဲ့ ပုံမှန်ဖွံ့ဖြိုးမှုအဆင့်မှာ ဘာတွေဖြစ်တတ်သလဲ၊ တွေ့ကြုံရလေ့ရှိသလဲဆိုတာကို သိပ္ပံနည်းကျ စမ်းသပ်ချက်တွေ၊ ဓာတ်ပုံတွေဝေဝေဆာဆာနဲ့ အသေအချာလေ့လာပြီး ရှင်းလင်းစွာ ဖော်ပြပေးထားပါတယ်။ မူမှန်ကလေးတစ်ယောက်ရဲ့ ဦးနှောက်လား၊ ဝေဒနာရှင် ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှု မူမမှန်ခြင်းလား ပညာရှင်တစ်ယောက်လို အသေအချာမခွဲခြားတတ်ရင်တောင် စစ်ဆေးကြည့်ဖို့ သံသယစိတ်ကလေးနဲ့ စောင့်ကြည့်နိုင်စေမယ့် အချက်အလက်ကလေးတွေကို တင်ပြပေးထားပါတယ်။ ဒါကြောင့် ကိုယ့်ရင်သွေးကိုဖြစ်စေ၊ ကိုယ်ထိန်းကျောင်းပြုစုပေးနေရတဲ့ ကလေးငယ်ကိုဖြစ်စေ၊ ကြည့်ရှုစောင့်ရှောက်ပေးနေရတဲ့ ဆွေမျိုးနီးစပ်ထဲက ကလေးကိုဖြစ်စေ ပုံမှန်အတိုင်းကြီးထွားဖွံ့ဖြိုးလာစေဖို့ ပြုစုရာမှာ အထောက်အကူပေးနိုင်အောင်၊ မူမှန်ခြင်းမရှိရင်လည်း ထိုက်သင့်တဲ့ ကုသမှုမျိုးကို စောစီးစွာ ခံယူနိုင်အောင် သတိမူမိစေမယ့်… တစ်နည်းကိုယ့်စိတ်ကို ပြင်ဆင်ထားစေနိုင်မယ့် စာအုပ်မျိုးဖြစ်ပါတယ်။

စာမျက်နှာ

180

စာအုပ်အရွယ်အစား

5.6 x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်)

15 in stock

ကလေးစိတ်ပညာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Moon Ja Lay

    မိဘများနှင့် ဆရာ ဆရာမများအတွက် မရှိမဖြစ်လေ့လာသင့်သော ပညာဖြစ်သည်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဒေါက်တာအောင်(ဆေး-၂) စာအုပ်များ