ဖေဖေနဲ့မေမေ ဘာဖြစ်လို့ အတူမနေချင်တာလဲ

( 0 မှတ်ချက်)

2800 (ကျပ်)

ဒီစာအုပ်လေးက စာရေးသူရဲ့ ကိုယ်ပိုင်ဇာတ်လမ်းလေးကို အခြေခံပြီး ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

အိုင်ရင်းက သူ့မိဘတွေ ကွာရှင်းပြတ်စဲဖို့ စီစဉ်နေဆဲအချိန်၊ တကျက်ကျက်ရန်ဖြစ်နေတဲ့ အခိုက်အတန့်မှာ
ကိုယ့်ဘာသာရှာဖွေတွေ့ရှိခဲ့တဲ့ ဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်ပါ။ သူက ဝမ်းနည်းပြီး စိတ်ရှုပ်ထွေးနေတာမို့ သူ့ရဲ့စိတ်ခံစားချက်တွေကို ဒိုင်ယာရီလေးထဲ ရင်ဖွင့်ရေးချရင်း မိဘနှစ်ဦး ကွာရှင်းပြတ်စဲခြင်းကို ပိုမိုနားလည်လာခဲ့ပါတယ်။

သူ့ရဲ့ဘွားဘွားနဲ့ဝက်ဝံရုပ်ကလေးရဲ့ အကူအညီနဲ့ သူ့မိဘတွေကွာရှင်းပြတ်စဲဖို့ စီစဉ်နေတဲ့ ကာလအတွင်းမှာ
သူတို့ဆီက သူဘာလိုချင်သလဲ၊ ဘာတောင်းဆိုချင်သလဲဆိုတာကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ မိဘတွေက ကလေးတွေရဲ့ခံစားချက်၊ လိုအပ်ချက်နဲ့ အတွေးတွေကို ကွာရှင်းပြတ်စဲဖို့
မလုပ်ခင်၊ လုပ်နေချိန်နဲ့ လုပ်ပြီးချိန်တို့မှာ သေချာနားလည် သဘောပေါက်စေဖို့ပါပဲ။ နောက်ပြီး ဒီစာအုပ်လေးက ကလေးတွေကို သူတို့ဟာ တစ်ယောက်တည်း မဟုတ်ဘူး၊ ဟန်ချက်က အဆုံးသတ်မှာ ပြန်ပြီးတည့်မတ်သွားမယ်ဆိုတဲ့အကြောင်း သိအောင်လည်း ကူညီပေးနိုင်စေဖို့ပါ။

စာမျက်နှာ

48

စာအုပ်အရွယ်အစား

5.1× 7.4 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2024 ဇူလိုင်လ (ပထမအကြိမ်)

⛔️BOOK JECKET SERVICE

*အနှောင့်မပါဝင်သည့်စာအုပ်ဖြစ်တာကြောင့်* ပန်းဆက်လမ်း၏ အခမဲ့လက်ဆောင် ဝန်ဆောင်မှုဖြစ်သော Book Jecket (စာအုပ်မိုးကာ) ကို ယခု စာအုပ်အတွက် ချန်လှပ်ပါသည်။

14 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဖေဖေနဲ့မေမေ ဘာဖြစ်လို့ အတူမနေချင်တာလဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒေါက်တာအောင်(ဆေး-၂) စာအုပ်များ