ပျော်ရွှင်ဖို့အတွက်စွန့်လွှတ်ရမယ့် ၁၅ချက်

( 0 မှတ်ချက်)

7000 (ကျပ်)

စာရေးသူ လူမီနီတာ ဆာဗစ်ဆိုတာ ရည်မှန်းချက်နတ်သမီး ဘလော့ဂ် (PurposeFairy blog) ကို တည်ထောင်သူဖြစ်ပြီး ပျော်ရွှင်နိုင်ဖို့ စွန့်လွှတ်ရမယ့် အရာတွေအကြောင်း အကြိမ်ရေ ၁.၂ ဘီလီယံလောက် မျှဝေခြင်းခံရလိမ့်မယ်၊ ပေါက်မယ်လို့ မထင်ထားမိဘဲ ရေးသားတင်ပြခဲ့သူ ဖြစ်ပါတယ်။ အဲဒီပေါက်သွားတဲ့စိတ်အားတက်ကြွဖွယ်ပို့စ်ကိုအခြေခံပြီး စစ်မှန်တဲ့ပျော်ရွှင်မှုဆီ မသွားနိုင်အောင် နောက်ပြန်ဆွဲထားတဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်လိုက်ဖို့နဲ့အကောင်းဆုံးဘဝမှာ နေထိုင်နိုင်စေဖို့ ဒီ စိတ်နှလုံးညွှတ်နူးဖွယ်စာအုပ်ကို ရေးသားပြုစုလို့ စာဖတ်သူတွေရဲ့လက်ထဲ အရောက်ပို့ပေးလိုက်ပါပြီ။ အဲဒီ သင်ခန်းစာတွေထဲမှာ
◽အတိတ်ကို စွန့်လွှတ်ဖို့၊ သင့်ကို ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေကို စွန့်လွှတ်ဖို့..
◽သူတစ်ပါးအပေါ် အပြစ်တင်ခြင်းကို စွန့်လွှတ်ဖို့..
◽အမြဲတမ်း မှန်ချင်တဲ့စိတ်ကို စွန့်လွှတ်ဖို့..
◽တံဆိပ်တပ်ချင်၊ အတပ်ခံချင်တဲ့စိတ်တွေကို စွန့်လွှတ်ဖို့၊တွယ်ငြိမှုတွေကို စွန့်လွှတ်ဖို့ စတာတွေ ပါပါတယ်။
စာရေးသူရဲ့ ကိုယ်ပိုင်အတွေ့အကြုံအပေါ် အခြေခံပြီး ရေးသားထားတဲ့ ဒီစာအုပ်ကလေးကရိုးရှင်းပေမဲ့ပညာသားပါပါတယ်။ ပျော်ရွှင်ဖို့အတွက်ဆန်းသစ်တဲ့အကြံဥာဏ်တွေဖြစ်တဲ့ ပြန်ဆန်းစစ်ဖို့၊ နောက်ကို ခြေတစ်လှမ်းဆုတ်ဖို့၊ တချို့အရာတွေကို လွှတ်ချခဲ့နိုင်အောင် ကိုယ့်ကိုယ်ကိုယ်ခွင့်ပြုပေးဖို့တွေ ပါပါတယ်။

စာမျက်နှာ

206

စာအုပ်အရွယ်အစား

5 .8× 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2023 ဒီဇင်ဘာလ (ပထမအကြိမ် )

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပျော်ရွှင်ဖို့အတွက်စွန့်လွှတ်ရမယ့် ၁၅ချက်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒေါက်တာအောင်(ဆေး-၂) စာအုပ်များ