


တိမ်နဲ့ချည်တဲ့ကြိုး
Rated 4.86 out of 5 based on 7 customer ratings
( 7 မှတ်ချက်) 12000 (ကျပ်)
…
| စာမျက်နှာ | 271 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.7 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဂျူးစာပေ၊ 2020 ၊ ဒီဇင်ဘာလ (ဒုတိယအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 12.6.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 12000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
9 in stock
ဂျူး စာအုပ်များ
-
ဂျူးအမှတ်တရ
7000 (ကျပ်)Rated 4.83 out of 5 based on 12 customer ratings( 12 မှတ်ချက်) -
ဂျူးတိမ်နဲ့ချည်တဲ့ကြိုး
12000 (ကျပ်)Rated 4.86 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
ဂျူးမိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်
15000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 2 မှတ်ချက်) -
ဂျူးဆုံနေရက်နဲ့ လွမ်းလေခြင်း
15000 (ကျပ်)Rated 5.00 out of 5 based on 8 customer ratings( 8 မှတ်ချက်) -
ဂျူးပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ
13000 (ကျပ်)Rated 5.00 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
ဂျူးချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်
12000 (ကျပ်)Rated 5.00 out of 5 based on 6 customer ratings( 6 မှတ်ချက်) -
ဂျူးမရှိမဖြစ် မိုး
10000 (ကျပ်)Rated 4.40 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
ဂျူးချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ
14000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးသူ မင်းကို ဘယ်တော့မှ
13000 (ကျပ်)Rated 4.86 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
ဂျူးသက်တံတို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွှာ
12000 (ကျပ်)Rated 4.60 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
ဂျူးလရဲ့အောက်ဘက်မိုင်အဝေးမှာ
10000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးကြာတော့သည်လည်းမောင့်စကား
15000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးစောင့်နေမယ်လို့ မပြောလိုက်ဘူး
12000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးပင်လယ်နှင့်တူသောမိန်းမများ
16000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးနံရံ၏ အခြားတစ်ဖက်
10000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဂျူးခုချိန်ဆိုရှင်ဘယ်ရောက်နေမှာလဲ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးကြေမွသွားသောတိမ်တိုက်များအကြောင်း
9000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးကျွန်မ၏သစ်ပင်
12000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးမောင်တို့ယောကျာ်းတွေ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးကံကြမ္မာကိုမယုံကြည်ကြသူများ
10000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးအရောင်များနှင့်ကစားခြင်း
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးမြစ်တို့၏မာယာ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်သန္တာစာလုံးများဖြင့်ထုဆစ်ခြင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးအချစ်ဆိုတာ ကြိုးနဲ့သီဖို့မလိုတဲ့ပန်းပွင့်လေးတွေ နှင့် အခြားဝတ္ထုတိုများ
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





Chanmyae Hlaing Hlaing –
စာအုပ်လေးက ဆရာမဂျူးရဲ့ပုံစံအတိုင်း ဇာတ်လမ်းနောက်ခံနေရာရှုခင်းရဲ့ အနေအထား လှပမှုတွေ အဲ့ဒီနေရာဒေသရဲ့ ရိုးရာယဥ်ကျေးမှု သဘာဝအနေအထား အရာရာကို စာဖတ်ရင်း ကိုယ်တကယ် အဲ့ဒီနေရာကိုရောက်နေသလိုခံစားရပါတယ် ဒီစာအုပ်လေးကတော့ဖတ်ရင်း
ချင်းတောင်ရဲ့အလှအပတွေကို ကွက်ကွက်ကွင်းကွင်းပေါ်လွင် ခံစားရမှာဖြစ်ပါတယ် ဇာတ်ကောင် လူငယ်တွေရဲ့ ဘဝရည်မှန်းချက်တွေ မိသားစုနောက်ခံအကြောင်းတွေနဲ့ ရသမျိုးစုံပေးစွမ်းတဲ့စာအုပ်လေးမို့ ဖတ်သင့်တယ်လို့ ထင်ပါတယ် ကျွန်မလည်း အရမ်းကြိုက်ပါတယ်
Alice Khan (verified owner) –
“တိမ်နဲ့ချည်တဲ့ကြိုး”
အားလုံးပဲ မင်္ဂလာပါဗျာ…
ဒီတစ်ခေါက် ကျွန်တော်Book reviewလုပ်မယ့် စာအုပ်က
ကျွန်တော့်ရဲ့ Fav author ဖြစ်တဲ့ ဆရာမဂျူးရေးသားထားတဲ့
“တိမ်နဲ့ချည်တဲ့ကြိုး”ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်…
မထွက်ခင်ကတည်းက လိုချင်နေခဲ့တာ…
ထွက်ပြီးတော့လည်း မဝယ်နိုင်လို့ ငြိမ်နေခဲ့တာ…
ကံကောင်းစွာနဲ့ ကျွန်တော်ဒီစာအုပ်ကို လက်ဆောင်ရခဲ့ပါတယ်…
အဲ့အတွက် စာအုပ်ပေးတဲ့သူကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…
လောကမှာ ထားခဲ့သူထက် ကျန်ရစ်သူမှာ ပို၍ ပူလောင်ပူဆွေးကြရတယ်…”နောင်တ”ဆိုတာ အရှင်လတ်လတ် ငရဲကျနေသလိုမျိုး လူတစ်ယောက်ကို နေ့စဥ်မပြတ် သတိပေးနှိုးဆော်နေတဲ့အရာ…
အဲ့ဒီအရာကို ဘယ်သူကများ လိုချင်ပါ့မလဲနော်…
ကိုယ့်ရဲ့ စကားကြောင့်သော်လည်းကောင်း/အပြုအမူကြောင့်သော်လည်းကောင်း
တစ်စုံတစ်ယောက်ကို ဆုံးရှုံးခဲ့ရဖူးလား…?
အို…ဒီလိုမျိုးအဖြစ် တွေးတောင်မတွေးမိဝံ့ခဲ့ဖူးဘူး…
ကိုယ့်ကြောင့် တစ်စုံတစ်ယောက် နစ်နာသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးဖူးသလား…?
နောင်တ ဆိုတာ နောက်မှရတတ်တာတဲ့…
သိပ်မှန်တာပဲ…ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ဝမ်းနည်းပူဆွေးရသည်ရှိခဲ့သော် ငါဒီလို မပြောခဲ့ရမှာ၊ငါဒီလို မပြောခဲ့ရမှာ၊ငါဒီလိုမလုပ်ခဲ့ရမှာဆိုပြီး အပြစ်တင်ကြဖူးကောင်း တင်ဖူးကြမှာပါ…ဒါဟာ သဘာဝပါပဲ…
နောင်တ ဆိုတာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့
အရာတစ်ခုပါပဲ…ထို့အတူ နောင်တနဲ့အဖော်မွန်လို
ဖြစ်နေသူဟာလည်း သိပ်ကို သနားစရာကောင်းလှပါတယ်…
ဒီစာအုပ်ထဲမှာတော့ ချင်းပြည်နယ်ရဲ့အလှအပတွေ/
ချင်းတောင်တန်းကြီးတွေ/သိပ်လှတဲ့ပန်းပွင့်တွေရယ် /စိမ်းစိမ်းစိုနေတဲ့ တောတွေရယ်/ချင်းလူငယ်လေးတွေရဲ့ပညာရေး/
စိတ်ဓာတ်/ယဥ်ကျေးမှု/ရိုးရာပွဲတော်/အောက်ချင်းငှက်တွေ စတဲ့အကြောင်းအရာတွေကို ဖော်ပြလို့ထားပါတယ်…စာအုပ်ကို ဖတ်လိုက်တာနဲ့ ချင်းပြည်နယ်ကို ကိုယ်က ရောက်နေသလိုမျိုး ခံစားရမှာဖြစ်ပြီး စာအုပ်ထဲက အဖြစ်အပျက်တွေကိုပါ မျက်လုံးထဲ မြင်ယောင်လာစေမိမှာ အမှန်ပါပဲ…
ဆေးဖက်ဝင် သစ်ပင် ပန်းပင် တွေကို သုတေသနလုပ်တဲ့ ငွေဝန်းသော်တာ ဆိုတဲ့ မြန်မာအမျိုးသမီးတစ်ယောက်…
သူမရဲ့ ပယောဂကြောင့် လူတစ်ယောက်ဆုံးရှုံးခဲ့ရပြီး နှစ်အတော်ကြာ နေ့ရက်တိုင်း နောင်တတွေကြားမှာ ပိတ်လှောင်ခံနေရတဲ့ သူမ…
သူမနဲ့အတူ စာအုပ်ထဲမှာ လိုက်ပါလာမယ့် အမျိုးသားနှစ်ယောက်
အနေအေးပြီး သူ့ဘဝမှာ ဒေါသဆိုတာမရှိသလောက်ရှားပါးလွန်းတဲ့
ပိုင်စိုးဆိုတဲ့ Photo journalist လူငယ်…
နောက်ထပ်တစ်ယောက်က အမဲလိုက်အလွန်ဝါသနာပါပြီး ငွေဝန်းကို သံယောဇဥ်ကြီးလွန်းသူ ချင်းလူမျိုး ထျန်းအုခ်ထန်
သူ့ဘဝမှာ ငွေဝန်းဆိုတဲ့ အမျိုးသမီးရောက်လာတဲ့အခါမှာ
အမဲလိုက်ခြင်းဆိုတဲ့ဝါသနာဟာ တိမ်လို လေလို ပျောက်ကွယ်သွားရတဲ့အဖြစ်…
အတိတ်က ငွေဝန်းရဲ့ပယောဂကြောင့် တိမ်လိုပျောက်ကွယ်သွားတဲ့ ဖွန်ဒုလျန် ဆိုတဲ့ ကောင်လေးတစ်ယောက်အတွက် ငွေဝန်းရဲ့ လျော်ကြေးက ဘာဖြစ်မလဲ…?
ငွေဝန်းကရော ထျန်းအုခ်ထန်အပေါ် ချစ်ကျွမ်းဝင်မိနေသလား…?
ဒါမှမဟုတ် ပိုင်စိုးကို သံယောဇဥ်ဖြစ်နေမိသလား…?
အဆုံးမှာ အမျိုးသားနှစ်ယောက်အနက် ဘယ်တစ်ယောက်ကို ရွေးချယ်သွားမလဲ….?
ဆရာမဂျူးရဲ့ စာအုပ်တွေအနက် ဒီစာအုပ်ကို ဖတ်ရတဲ့ ခံစားချက်က ထူးဆန်းတယ်…စာအုပ်ဖတ်နေရတာနဲ့ မတူဘဲ ခရီးသွားပြီး ငွေဝန်းဖြစ်ပျက်ခဲ့တဲ့ အတိတ်တွေကို ပြန်ကြည့်နေရသလိုမျိုးကို ခံစားစေမိလို့ ထူးခြားတယ်…
စာဖတ်သူကို မငြီးငွေ့စေဘဲစာအုပ်နာမည်အတိုင်း တိမ်တွေပြီးရင် ဘာရှိမလဲ?ဆိုတဲ့ သိချင်စိတ်နဲ့ စာရွက်တစ်ရွက်ချင်းစီကို လှန်လှောဖတ်ရှုရစေမှာ အမှန်ပါပဲ…
ဒီတော့ အေးအေးငြိမ့်ငြိမ့်စာလေးဖတ်ရှုရတာ ကြိုက်သူတွေအဖို့ ကျွန်တော့်အနေနဲ့ ဒီစာအုပ်လေးကို
recommended ပေးပါတယ်ဗျာ…..
ကျွန်တော်ကတော့ သိပ်သဘောကျတယ်…ဒီစာအုပ်ကို
ချစ်သူလား စကားပွင့်တစ်ပွင့်ပွင့်ခဲ့တယ်…
ဝယ်ဖတ်ရအုံးမယ်…
” ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ်တတ်မြောက်ဖို့ မခက်ခဲပါဘူး။
အများစုအရာတွေဟာ ပျောက်ဆုံးဖို့သက်သက်ရည်ရွယ်ထားသလိုပဲမို့
သူတို့ကိုဆုံးရှုံးရလို့တော့ ဆောက်တည်ရာမရဖြစ်ဖို့မလို။
နေ့တိုင်းနေ့တိုင်း တစ်ခုခုတော့ပျောက်ဆုံးနေကြတာပဲ။
တံခါးသော့ပျောက်တဲ့ စိတ်တိုခြင်းတွေ၊
ဆိုးဆိုးရွားရွားကုန်ဆုံးသွားခဲ့တဲ့ အချိန်နာရီတွေ။
ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ဖို့ မခက်ခဲပါဘူး။
ဒီတော့ နေရာတွေနာမည်တွေ နောက်ထပ် နောက်ထပ်ဆုံးရှုံးဖို့ ပိုပြီးမြန်မြန်ဆုံးရှုံးဖို့ လေ့ကျင့်ရမှာပေါ့ ”
“ကျွန်တော် မမနဲ့မခွဲနိုင်ဘူး…
မမအနားမှာပဲ နေချင်တယ်…
ကျွန်တော့်ကို ခေါ်သွားပါနော်…
မမပြန်သွားရင် ကျွန်တော်ဒီမှာ သေမှာပဲ…
မမ ကျွန်တော်လေ မမကိုချစ်တယ် သိလား…?
မမတို့အိမ်ခြံဝိုင်းထဲမှာနေပြီး သစ်ပင်၊ပန်းပင်တွေ
ကြည့်ပေးမယ်လေ…”
ဖွန်ဒုလျန်
ချစ်သူ၏ရင်ခွင်မှာ ခိုဝင်မှေးစက်ခွင့်လေးကိုတောင် မရနိုင်တော့သည့် အဖြစ်မို့ ကျွန်မဝမ်းနည်းလှပါသည်…
သို့သော် ကျွန်မ ချစ်သူက ဘယ်မှာလဲ…?
“တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ”
#Khan #တိမ်နဲ့ချည်တဲ့ကြိုး #Khanတိမ်နဲ့ချည်တဲ့ကြိုး
Zin Lin Htun –
အရမ်းကြိုက်ပါတယ်။
ZAW MIN –
ဆရာမဂျူးရဲ့ဒီစာအုပ်ကလည်း အရမ်းဖတ်လို့အရမ်းကောင်းပါတယ်။ ရေးထားတဲ့ဇာတ်လမ်းက နည်းနည်းခါးပေမဲ့ လူ့ဘ၀အတွက် မှန်ကန်တဲ့အချင်တွေပါတယ်။ အဲဒါထက်မက ချသ်းပြည်နယ်ရဲ့ ဓလေ့ထုံးစံရိုးရာယဥ်ကျေးမှု ဘသာ၀တရားတွေရဲ့အနှစ်သာရကိုအပြည့်အ၀ပေယဆောင်နိုင်တဲ့ စာအုပ်တစ်အုပ်လည်းဖြစ်တယ်။
Nann tint Yi Linn htet –
12တန်း အဆောင် ကျောင်းတုန်းက စာမကျက်ချင် တာနဲ့ သူငယ်ချင်းဆီကနေ ကောက်ငှားပြီးဖတ်လိုက်ဖြစ်တာလေး။ ဖတ်ပီးတော့ ပထမဆုံး တွေးမိတာက နာမည်လေးနဲ့ ဇာတ်သိမ်းနဲ့ တော်တော် လိုက်ဖက်တယ်ဆိုတာပါဘဲ။ ငယ်ငယ်က လည်း ကချင်ပြည်ဖက် နတ်ဆေးဂမုန်းပင်ကို လာရှာရင်းက စိတ်ဒဏ်ရာ တစ်ခု ရသွားပြီး ၁၀ နှစ်နေမှ နောက်တစ်ခါ ပြန်လာဖြစ်ခဲ့တဲ့ အချိန် ထျန်းအုခန် ဆိုတဲ့ ရိုးသားပြီး အရိုင်းဆန်တဲ့ အမျိုးသားလေးနဲ့ သံယောဇဉ်တွေ တွယ်လာကြပီးတဲ့နောက်… ဇာတ်ငြိမ်ငြိမ်လေးနဲ့ green flagလေး အုခ်သဲရဲ့ ဆရာမ ဆိုတဲ့ ခေါ်သံလေးနဲ့ လိုအပ်သမျှ လိုက်ဖြည့်စည်ပေးတတ်တဲ့ စကားကို ဘုကလန့် ပြောတတ်ပေမဲ့ နှလုံးသား နူးညံတဲ့ ပန်းရိုင်းလေး ထျန်းအုခန်
အောက်ချင်းငှက်တွေအကြောင်း နဲ့ တစ်ခုခုဆို ကောက်ချီ လိုက်တတ်တဲ့ အုခ်သဲရဲ့ အကျင့်လေးနဲ့ ရင်ထဲ အသဲတယားယားနဲ့ ဖတ်ခဲ့ရသောလေး၊ ငြိမ်ငြိမ်လေးသွားတဲ့ အရေးအသားကြိုက်တဲ့ သူလေးတွေ ကချင်ပြည်ဖက် အေးချမ်းတဲ့ ရွာလေးတွေအကြောင်း ဆရာမဆိုတဲ့ အမျိုးသမီးလေး နောက်ဆုံးရွေးချယ်သွားတဲ့ ရွေးချယ်မှုကိုကော သူ့နေရာမှာ ကိုယ်သာ ဆိုရင်တဲ့ အတွေးနဲ့ ကိုယ်ဆိုရင်ကော ဘယ်လို လုပ်လိုက်မိမယ်ဆိုပြီး ထျန်းအုခန်နေရာမှာဆိုရင်ကော ဆိုပီး ဖတ်ပြီးသွားပေမဲ့ တစ်ပတ်လောက် ပြန်တွေးနေစေမိမဲ့ စာအုပ်လေးမို့ ဖတ်ကြည့်ဖို့ အကြံပေးပါတယ်ရှင့်💚