


စာလုံးများဖြင့်ထုဆစ်ခြင်း
15000 (ကျပ်)
🟨 နောက်ဆုံး အချိန်အထိ အမေ့ခေါင်းမှာ ရှိနေခဲ့မည့် လိပ်ခွံဘီးလေးသည် ကျွန်တော့်ဘီးလှလှလေးထက် အဆပေါင်းများစွာ တန်ဖိုးကြီးပါလိမ့်မည်။
(လယ်တွင်းသားစောချစ်)
🟨 သူ့ထက် ဆယ်စုနှစ်ဝက်ကျော်မျှ လူဖြစ်စောခဲ့သူ ကျွန်မလည်း အာရုံအလင်းငွေ့ကိုဖြင့် လှုံ့ချင်လှပါသေးသည်။
(စမ်းစမ်းနွဲ့(သာယာဝတီ))
🟨သူငယ်ချင်း…၊ မင်းဆီက ကဗျာကို နုတ်လိုက်ရင် မင်းဟာ ဘာမှ မဟုတ်တော့ဘူး သိလား။
(ချစ်ဦးညို)
🟨ဟုတ်တယ်…၊ တောမီးတောက်ကို ကြောက်နေမှတော့ ဖီးနစ်ငှက် ဖြစ်နိုင်ပါဦးမလား။ ဒိုင်ယာရီ စာမျက်နှာများ ရင့်ထော်ကြမ်းရှ၊ မျက်စိကိုဖွင့် နားကိုစွင့်၊ ဒီနေ့လား မနက်ဖြန်လား၊ မျှော်လင့်ခြင်း သက်တံတွေ တထွေးတပိုက်နဲ့ ခေါင်းငိုက်စိုက် ကျနေတယ်။
(မိချမ်းဝေ)
🟨ဆရာလား…၊ သူကဖြင့် ငယ်နုစဉ်က ရေးခဲ့တဲ့ သူ့ကဗျာကို သူ့ဟာသူ အလွတ် မရတော့ပါဘူး။ ဒါကြောင့်လည်း ကျွန်မ ရွတ်ဆိုတိုင်း စာကြောင်း တကြောင်း အမြဲကျန်နေခဲ့တာကို ဆရာ ဘာမှ မပြောခဲ့၊ ဖြည့်မပေးခဲ့တာ ဖြစ်မှာပေါ့။
(ဂျူး)
🟨သာမန် အထူ မဟုတ်တော့ဘဲ ပိုပိုပြီး ထူရတဲ့ ကိစ္စတွေ သူ့ရှေ့မှောက်မှာမှ လာဖြစ်လျက်သား ရှိတာကြောင့် အထူးကို ထူပါတဲ့ ‘အထူးအထူ” ရယ်လို့ တံဆိပ်တပ် ခံရပြန်ပါသည်။ အဲဒါက ကျွန်မကို သူ တယောက်တည်းက ပေးတဲ့ ဘွဲ့တံဆိပ်တွေပါ။
(သန်းမြင့်အောင်)
🟨ငှက်မှန်လျှင်တော့ ငှက်တို့၏ သမိုင်းကို မဖြစ်မနေ ကျေညက်ကြရပေလိမ့်မည်။
(ညီမင်းညို)
🟨 အချစ်ဦးတဲ့လား…၊ ဆရာ၏ အဖွဲ့အနွဲ့တွေက ကျွန်မကို ဖမ်းစားပါသည်၊၊ စင်ပေါ်မှာ ကဗျာရွတ်ရင်း ကဗျာမဆုံးမီ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသည့်အတွက် စင်အောက်မှ ကဗျာဆရာကို ကျွန်မ မေးငေါ့ပြီး အကူအညီ တောင်းလိုက်ရပါသည်။ ခက်တာက ကဗျာဆရာသည် ကျွန်မ အခက်အခဲကို မရိပ်မိဘဲ ပြုံးရယ်နေလေသေးရဲ့။
(မြနှောင်းညို)
🟨 အသည်းကွဲ တောင်ထိပ်ပေါ်မှာ မျိုးဆက်ဟောင်း တစ်ဘက်၊ မျိုးဆက်သစ်က တစ်စု။
အာဇာနည်မျိုးဆက်ဟောင်းတို့ ဦးညွှတ်ခြင်းနှင့် မျိုးဆက်သစ်ကို ကြိုလင့်ခြင်း တစ်ပြိုင်နက် ခံစားလိုက်ရသည်။
(ရဲသျှမ်း)
🟨 တတိယနှစ် တက္ကသိုလ်ကျောင်းသားဘဝနှင့် ရန်ကုန်တက္ကသိုလ်(ပင်မ)သို့ ရောက်လာရတော့ အာရ်စီခန်းမထဲမှ စာအုပ်ဆိုင်တွင် ကျွန်တော် ပထမဆုံး ဝယ်ဖြစ်ခဲ့သည်က ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ ‘သောကခြေရာ’ ကဗျာစာအုပ်လေး ဖြစ်ပါသည်။
(ထင်လင်းဦး Wisdom Villa)
🟨 ယခုနောက်ပိုင်း ဆရာရေးဖွဲ့ တင်ဆက်ထားသော ‘အသက်ရှင်ပါ… မနက်မင်္ဂလာ နှုတ်ဆက်ဖို့ ‘ ဟူသည့် ကဗျာဝါကျတို့သည်ပင်လျှင် ကျွန်တော့်ကိုလည်းကောင်း၊ ခုနစ်ရက်သားသမီး အားလုံးတို့ကိုလည်းကောင်း မျှော်လင့်ပန်းတိုင်ကို အရောက်နှင်ဖို့ အားသစ်ယူ အသက်ဆက်ပေးနေသော အားဆေးတစ်ခွက်ပမာ ကျွန်တော် ခံယူခံစားကာ ကျေးဇူးထပ်မံတင်ရပြန်ပါသည်။
(မောင်လှမျိုး-ချင်းချောင်းခြံ)
🟨 ဆရာ ဖန်တီးအသက်သွင်းခဲ့သည့် ‘ပန်းတောမှာ ကြွေနေသည်’ ကြောင့်သာ မောင်ညိုအေး(ပန်းတော) ဖြစ်တည်ခဲ့ခြင်း ဖြစ်၏။
(မောင်ညိုအေး-ပန်းတော)
🟨 ဆရာနှင့်အတူ စာပေဟောပြောပွဲ ခရီးသွားရတာ များလာသည့်အခါတွင်တော့ ကျွန်မအပေါ် စောင့်ရှောက်ပေးသည့် ဆရာ့မေတ္တာသည်လည်း အဖေ့အတိုင်းပင်ဟု ခံစားမိလာရသည်…
ကျွန်မအပေါ် ကျရောက်လာနိင်မည့် အန္တရာယ်များအတွက် ဆိုလျှင် အားမနာတမ်း ထောက်ပြ ဝေဖန်ပြောဆိုတတ်သူ ဖြစ်သည်။
(ခင်သန္တာ)
🟨 စာရေးဆရာ ၁၉ ဦးမှ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) စိန်ရတုမွေးနေ့အတွက် အမှတ်တရ စာလုံးများဖြင့် ထုဆစ်ပုံဖော်ထားသော ရသစာအုပ်။
| စာအုပ်ထွက်ရှိမည့်ရက် | 10.5.2025 |
|---|---|
| စာမျက်နှာ | 200(Book size 5.6"×8.3" Woodfree Paper) |
| ပုံနှိပ်မှတ်တမ်း | The Lantern house စာပေ၊ 2025 မတ်လ၊ (ပထမအကြိမ်) |
3 in stock
ခင်သန္တာ စာအုပ်များ
-
ခင်သန္တာဆက်ထုံးတို့၏သမိုင်း
5000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 2 မှတ်ချက်) -
ခင်သန္တာစာလုံးများဖြင့်ထုဆစ်ခြင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
Aquaမြိုင်မြိုင်ဆိုင်ဆိုင် စာရိပ်မြိုင်
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ