ဆက်ထုံးတို့၏သမိုင်း
5000 (ကျပ်)
‘ဆက်ထုံးတို့၏သမိုင်း ‘ လို့ ခေါင်းစဉ်ပေးထားတဲ့ မဂ္ဂဇင်း၀တ္ထုတိုစုစည်းမှု စာအုပ်လေးမှာ ၀တ္ထုတို ၁၅ ပုဒ်ပါ၀င်ပါတယ် .. ဘ၀သရုပ်ဖော် အကြောင်းအရာတွေကို အရေးအသားကောင်းကောင်းနဲ့ စာဖတ်သူရင်ထဲ ထိရောက်အောင် စွမ်းဆောင်နိုင်လေ့ရှိတဲ့ ဆရာမ ခင်သန္တာရဲ့ လက်ရာမွန် ၀တ္ထုတိုများ ဖတ်ရှုရမှာဖြစ်ပါတယ်…
ပန်းချီ လင်း၀ဏ္ဏရဲ့ မျက်နှာဖုံးသရုပ်ဖော် ပန်းချီအပြင် .. အတွင်း သရုပ်ဖော် ခံစားရေးဖွဲ့ထားတဲ့ ကာလာစုံ ၁၅ ပုံကို Art Paper စာရွက်သားနဲ့ သုံးပေးထားတာဖြစ်လို့ ၀တ္ထုဖတ်ရင်း ပန်းချီကားလေးတွေကိုပါ တစိမ့်စိမ့် ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ် …..
စာမျက်နှာ | 248 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.5 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2021 ဒီဇင်ဘာလ၊ (ပ-ကြိမ်) |
အထူးလက်ဆောင် | စာအုပ်မျက်နှာဖုံးပန်းချီလေးကို QR Scan ဖတ်ပြီး Wallpaper Gift ရယူနိုင်တဲ့ စာမှတ်ကတ်လေးကို မေတ္တာလက်ဆောင် ထည့်သွင်းပေးထားပါတယ်… |
30 in stock
Phee Lay (verified owner) –
ဆရာမ ခင်သန္တာ ရဲ့ ဆက်ထုံးတို့၏သမိုင်း မဂ္ဂဇင်းဝတ္တုတိုများ ကို တနေ့က စဖတ်မိတယ်
ဖီးက ဝတ္တုတို ဖတ်ရင် အစက ဖတ်တာမဟုတ်ဘူး မာတိကာမှာ ဝတ္တုတိုနာမည် ကြည့်လိုက်တယ် ကိုယ့်ကြိုက်ရာ သဘောကျမိတဲ့နာမည်တစ်ခု တေွ့ရင်ဖတ်လိုက်တာပဲ အစဉ်လိုက်မဖတ်ဘူး
တနေ့က ဖီး ရဲ့ စိတ်အခြေအနေက စိတ်ထိခိုက်နေတဲ့ အချိနိ
အဲ့အချိန်မှာ ဖီးရွေးဖတ်လိုက်တဲ့ ဝတ္တုတိုကလဲ အင်မတန်တိုက်ဆိုင်လွန်းပါလေဆွ လို့ စိတ်ကထင်မိတယ်
အလည်သွားမိတဲ့တစ်ညတာ ဝတ္တုတိုလေးပါ
ေ_သ ခြင်းတရား၊ ခွဲခွာခြင်း ကို ခဏတာ ရင်ဆိုင်ကြုံတေွ့ခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ကြောင်း ။ လူအမျိုးမျိုး စိတ်အထွေထွေကို ပါးပါးလှစ်ဟပြထားတဲ့ ဝတ္တုတိုလေးပါ ။
ဝတ္တုတိုလေးကို ကြိုက်နှစ်သက်မိသလို ။ အထက်မှာပြောခဲ့သလို အဲ့အချိန် ဖီး စိတ်ခံစားမူနဲ့ တိုက်ဆိုင် အံ့ဩမိရသလိုဖြစ်နေလို့ ဝတ္တုတိုလေးကို မေ့မရဖြစ်ရပါတော့မယ် ။
တစ်ကျော့ပြန်ရစ်သိုင်း…မေတ္တာစက်ဝိုင်း
ဒီဝတ္တုတိုလေးကို ဖတ်ကြည့်ပြီး ကိုယ့်အမြင် ကိုယ့်အတွေး ကိုယ့်ရဲ့အတ္တ တွေ ပြန်လည်သုံးသပ်သင့်တဲ့ဝတ္တုတိုဆိုမမှားပါဘူး ။ ငါ ဆိုတဲ့အတ္တတွေကိုရှေ့တန်းတင်တဲ့အခါမှာ အမှန်က အမှားဖြစ်တက်ကြတယ်မလား ။ မိန်းမသားတွေရဲ့ မီးဖိုချောင်တွင်းမှာ ရုန်းကန်လှုပ်ရှားကုန်ဆုံးခဲ့ရသလို ၊ကလေးငယ်များရဲ့ စိတ်ဒဏ်ရာအနာတရ တွေ ကို တေွ့မြင်ရတဲ့ဝတ္တုတိုပါ ။
ဒီဝတ္တုတိုထဲမှာ စဉ်ကျင်သင့်တာတွေ ကလေးငယ်များရဲ့ စရိုက်လက္ခဏတွေ ၊ လူကြီး နဲ့ လူငယ်ကြား က ကွာဟမူတွေ ဒါတွေကို တွေ့မြင်ရပါတယ်
ဆက်၍ ဖတ်လိုက်ပါအုံးမယ်