မြစ်တို့၏မာယာ

( 0 မှတ်ချက်)

10000 (ကျပ်)

” ရွေးချယ်ခွင့်သိပ်နည်းတဲ့
မိန်းမသားတွေရဲ့ဘဝမှာ
တက်နိုင်သမျှကြိုးစားအားထုတ်မှုကို
ဖြားယောင်းမှုလို့ နာမည်တပ်ရက်တဲ့အတွက်
ကျွန်မရှင့်ကိုချီးကျူးပါတယ် ” ။

မြစ်တို့၏မာယာ စာအုပ်ဟာ ဆရာမဂျူးရဲ့ ပုဂံကို နောက်ခံထားရေးဖွဲ့ထားတဲ့ ရှားရှားပါးပါးဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ပုဂံ၏ သမိုင်းဝင်အမွေအနှစ်၊ ဧရာဝတီမြစ်၏ သဘာဝအလှတရားများ၊ ကျောက်စာသမိုင်းများ၊ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို အခြေခံ​ပြီး ဇာတ်အိမ်တည်ပြီး ရေးသားထားတာကြောင့် ကိုယ်တိုင်ခရီးသွားရင်း ချစ်ဇာတ်လမ်းတစ်ပုဒ် ကြုံကြိုက်လိုက်ရသလို ခံစားမိစေမှာပါ။

မြန်မာစာလက်ထောက်ကထိက ဆရာဦးရန်နိုင်၊ ဆရာမကေသီ နဲ့ဧည့်လမ်းညွှန် ကိုမိုးဝေတို့ရဲ့ ချစ်ဇာတ်လမ်းလေးကို ပုဂံမြို့နောက်ခံလေးနဲ့ ဖတ်ရမှာပါ။

ဘဝလက်တွဲဖော်အဖြစ် စေ့စပ်ပြီးသားသူရှိနေပေမယ့် ပုဂံမြေမှာ တွေ့ဆုံရတဲ့ ကိုမိုးဝေအပေါ် ချစ်မိသွားခဲ့တဲ့ ကေသီ…

အချစ်ကိုပဲ ရွေးချယ်မလား …စေ့စပ်ထားပြီးသား ဦးရန်နိုင်နဲ့ပဲ လက်တွဲသွားမလား …

ကိုမိုးဝေကရော ကိုယ်နဲ့ အခြေအနေကွာခြားလွန်းတဲ့သူမကို ရဲရဲဝံ့ဝံ့ရွေးချယ်မလား..

ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ်ကချစ်တဲ့သူ ပြီးတော့ တကယ့်လက်တွေ့ဘဝမှာရော လူသားတို့ဟာ ဘယ်လိုအရာတွေကို ဦးစားပေးပြီး ရွေးချယ်သွားကြလဲ..

စာမျက်နှာ

352 (woodfree paper)

စာအုပ်အရွယ်အစား

4.8 x 0.6 x 7.3 inches

ပုံနှိပ်မှတ်တမ်း

ဂျူးစာပေ၊ 1998 ၊ နိုဝင်ဘာလ(ဒုတိယအကြိမ်)

14 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မြစ်တို့၏မာယာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဂျူး စာအုပ်များ