လရဲ့အောက်ဘက်မိုင်အဝေးမှာ

( 2 မှတ်ချက်)

10000 (ကျပ်)

စာမျက်နှာ

297

စာအုပ်အရွယ်အစား

5.2 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဂျူးစာပေ၊ 2018 ဒီဇင်ဘာလ၊ (ဒု-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

21.11.2024 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 10000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

13 in stock

လရဲ့အောက်ဘက်မိုင်အဝေးမှာ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Zaw Ye Naing

    ဆရာမဂျူးရဲ့ ငါးရာနှစ်ဆယ့်ရှစ် မေတ္တာအကြောင်း ရေးဖွဲ့ထားတဲ့ ချစ်စဖွယ် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ညီအကို နှစ်ဦးရဲ့ မေတ္တာ၊ သားနှစ်ယောက်မိခင်ရဲ့ သားတွေအပေါ် ထိန်းကျောင်း ပဲ့ပြင်ပုံ၊ လူငယ်နဲ့ မိဘအကြား ဖြစ်တတ်သော ပြသနာများနှင့် မိဘနှင့် သားသမီးအကြားက ပြသနာတစ်စုံတစ်ရာကို ဘယ်လို ကိုင်တွယ် ညှိနှိုင်း ဖြေရှင်းမလဲ ဆိုတာတွေကိုပါ ဆရာမဂျူးက ထည့်သွင်းပုံဖော်ထားပါတယ်။ ဒါ့အပြင် မြီးကောင်ပေါက်အရွယ်တွေအတွက် sex educationလိုအပ်ပုံကိုပါ မီးမောင်းထိုးပြထားတဲ့ စာအုပ်တစ်အုပ်ဆိုရင်လည်း မမှားပါဘူး။ သားနှစ်ယောက်ကို ပုံစံတကျ ပြုစုပျိုးထောင်ထားသော မိခင် ဒေါ်ခင်သန့်စင်ရဲ့ ခံယူချက်၊ အမေ့အလိုကျ နေထိုင်ရင်း လိုအပ်ချိန်မှာ အမေ့တွက် အားတစ်ခုအဖြစ် မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ သားကြီး သိဒ္ဓိ၊ ပုံမှန်ဘဝက ဖောက်ထွက် တွန်းကန်ပြီး အရာရာကို စူးစမ်းချင်သော သားငယ် ဒီပါ၊ ညီတစ်ယောက်ကို လမ်းမှန် မပို့နိုင်ပေမယ့် အလားတူ လူငယ်တစ်ယောက် ထပ်မံ မပျက်စီးရလေအောင် စိတ်ရော ကိုယ်ပါ ကူညီရင်း သားအမိ သုံးယောက် ဘဝထဲ ဝင်လာခဲ့တဲ့ နေရောင်ခန့်၊ စတဲ့ ဇာတ်ကောင်များရဲ့ အားပြိုင်မှုကြောင့် ဝတ္ထုဟာ စ လယ် ဆုံး ဆွဲဆောင်မှုအပြည့် ရှိလှပါတယ်။ ငါးရာနှစ်ဆယ့်ရှစ် မေတ္တာကို ဖော်ကျူးရင်း တစ်ထောင့်ငါးရာမေတ္တာကိုပါ ခပ်ပါးပါးလေး ထည့်သွင်းကာ လူငယ်နဲ့ မူးယစ်ဆေးဝါးအကြောင်း၊ လူငယ်နဲ့ HIV/AIDS ရောဂါအကြောင်းတို့ကိုလည်း ထည့်သွင်း ရေးသား ဇာတ်အိမ်ဖွဲ့ထားတာဖြစ်လို့ လူငယ်လူရွယ်တွေအတွက်ရော၊ လူငယ်လူရွယ်တွေကို ပြုစုပျိုးထောင်နေသော လူကြီးမိဘများပါ ဖတ်သင့်သော စာအုပ်တစ်အုပ် အဖြစ် ညွှန်းလိုက်ရပါတယ်ခင်ဗျာ။

  2. Aeri Myat

    ဒီနေ့မနက်ပိုင်း ဖတ်ပြီးသွားတာလေး📚

    ဒီစာအုပ်လေးကလေ စဖတ်တည်းက
    ဘာသာပြန်စာအုပ်လိုမျိုး၊ ရုပ်ရှင်ပြကွက်
    တစ်ခု ဖြည်းဖြည်းလေး သွားနေသလိုမျိုး
    ခံစားရတယ်။

    တိတ်ဆိတ်နေရာကနေ ခံစားချက်က
    အမြင့်ဆုံးကို ရောက်သွားရသလိုမျိုးပဲ။

    ဒီပါဆိုတဲ့ ညီငယ်လေး အိမ်ကနေ ရုတ်တရက် ထွက်သွားတဲ့အတွက်
    အမေ(ခင်သန့်စင်)နဲ့ အစ်ကိုဖြစ်သူ သိဒ္ဓိတို့က လိုက်ရှာတဲ့နေရာက စထားပါတယ်။

    “ဒီပါ”ပျောက်နေတာကို ရှာဖွေဖို့
    မိသားစုဝင်တွေကို ဒီပါနဲ့ ပက်သက်ဆက်နွယ်တဲ့ ခံစားချက်၊ ဖြစ်ပျက်ခဲ့တဲ့
    အကြောင်းအရာတွေ အပေါ်မူတည်ပြီး ရှာပေးနိုင်တယ်ဆိုပြီး ပြောလာတဲ့
    “နေရောင်ခန့်”

    စိတ်ခံစားချက်ကို အရင်ရှာဖွေပြီး
    ပျောက်နေတဲ့လူကို ရှာဖို့
    ကြိုးစားတာလေးပေါ့။

    စိတ်ပညာအရ ချဥ်းကပ်သွားတာမို့
    ဗဟုသုတလည်း ရစေပါတယ်။

    နောက်ပြီး ညီအစ်ကိုနှစ်ယောက်ကြားက
    ချစ်ခြင်းမေတ္တာတွေကလည်း
    တကယ်အရေးကြုံလာရင် ရှေ့ဆုံးက
    ရှိနေပေး ကာကွယ်ပေးတတ်တာမျိုးပေါ့။

    ဒီပါ အိမ်က ထွက်သွားတဲ့
    အကြောင်းကို သိရပြန်တော့လည်း
    စိတ်မကောင်းဖြစ်မိတယ်။

    မေမေဟာ ဒီပါ့ကို ကိုယ်ဝန်ရှိတုန်းက
    ဖျက်ချဖို့ ကြိုးစားဖူးတယ်မလားတဲ့…။

    မိခင်ဖြစ်သူက တကယ်တမ်းတော့
    တွေးခဲ့မိရုံဆိုပေမဲ့ ကလေးစိတ်ထဲ
    သူ့ကိုမချစ်ခဲ့ဘူးလို့ တွေးနေခဲ့တာရယ်။

    အပြုအမူမဟုတ်တဲ့ အတွေးတစ်စ ကလည်း ခံစားရတဲ့သူအပေါ် မူတည်ပြီး
    ကြီးမားနိုင်ပါလား၊ သူတစ်ပါးရဲ့
    စိတ်ဒဏ်ရာကို သေးတယ်ကြီးတယ်
    ဆိုပြီး ဝေဖန်ဖို့ မကောင်းဘူးရယ်လို့
    စာနာစိတ် ဖြစ်မိပါတယ်။

    မိဘက သားသမီးအပေါ် ကောင်းစေချင်တယ်ဆိုတဲ့စိတ်နဲ့ အရာရာ ပုံသွင်း ဆက်ဆံတာမျိုးကလည်း၊ လိုတာထက် ပိုသွားမယ်ဆိုရင်၊ အဆိပ်အတောက် ဖြစ်စေတတ်တယ်ဆိုတာလေးကိုလည်း
    သတိပြုမိစေပါတယ်။

    ဆရာမဂျူးရဲ့ စာအုပ်ဆိုတော့ ဖတ်ရတာ
    ရင်တထိတ်ထိတ်နဲ့ စီးမျောသွားခဲ့ရပါတယ်။🥰

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဂျူး စာအုပ်များ