


နံရံ၏ အခြားတစ်ဖက်
Rated 5.00 out of 5 based on 1 customer rating
( 1 မှတ်ချက်)
10000 (ကျပ်)
…
| စာမျက်နှာ | 278 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.7 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | ဂျူးစာပေ၊ 2020 သြဂုတ်လ၊ (တတိယကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 30.4.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 10000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
23 in stock
ဂျူး စာအုပ်များ
-
ဂျူးအမှတ်တရ
6000 (ကျပ်)Rated 4.83 out of 5 based on 12 customer ratings( 12 မှတ်ချက်) -
ဂျူးမိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်
14000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 2 မှတ်ချက်) -
ဂျူးတိမ်နဲ့ချည်တဲ့ကြိုး
12000 (ကျပ်)Rated 4.83 out of 5 based on 6 customer ratings( 6 မှတ်ချက်) -
ဂျူးဆုံနေရက်နဲ့ လွမ်းလေခြင်း
14000 (ကျပ်)Rated 5.00 out of 5 based on 8 customer ratings( 8 မှတ်ချက်) -
ဂျူးပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ
13000 (ကျပ်)Rated 5.00 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
ဂျူးချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်
12000 (ကျပ်)Rated 5.00 out of 5 based on 6 customer ratings( 6 မှတ်ချက်) -
ဂျူးမရှိမဖြစ် မိုး
9000 (ကျပ်)Rated 4.40 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
ဂျူးချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ
14000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးသူ မင်းကို ဘယ်တော့မှ
13000 (ကျပ်)Rated 4.86 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
ဂျူးသက်တံတို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွှာ
12000 (ကျပ်)Rated 4.60 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
ဂျူးလရဲ့အောက်ဘက်မိုင်အဝေးမှာ
10000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးကြာတော့သည်လည်းမောင့်စကား
15000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးစောင့်နေမယ်လို့ မပြောလိုက်ဘူး
12000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးပင်လယ်နှင့်တူသောမိန်းမများ
14000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးနံရံ၏ အခြားတစ်ဖက်
10000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဂျူးခုချိန်ဆိုရှင်ဘယ်ရောက်နေမှာလဲ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးကြေမွသွားသောတိမ်တိုက်များအကြောင်း
9000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးကျွန်မ၏သစ်ပင်
12000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးမောင်တို့ယောကျာ်းတွေ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးကံကြမ္မာကိုမယုံကြည်ကြသူများ
10000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးအရောင်များနှင့်ကစားခြင်း
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးမြစ်တို့၏မာယာ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်သန္တာစာလုံးများဖြင့်ထုဆစ်ခြင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးအချစ်ဆိုတာ ကြိုးနဲ့သီဖို့မလိုတဲ့ပန်းပွင့်လေးတွေ နှင့် အခြားဝတ္ထုတိုများ
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


Aeri Myat –
“ဘယ်လူသား၏ ဘဝတွင်မှ အချိန်ကာလ လုံလောက်မှုဆိုတာ မရှိပါ။
လူသားအားလုံးသည် မိမိဆန္ဒများ ပြည့်ဝသည်အထိ လူ့လောကမှာ နေထိုင်ဖို့ အခွင့်အရေး မရကြပါ။သေခြင်းတရားသည် ဘာကိုမျှမစောင့်၊ မည်သူ့ကိုမျှ မစောင့်ပါ။”
လူတစ်ယောက်က ဘယ်နေ့၊ဘယ်ရက်မှာ သေဆုံးမယ်ဆိုတာ ကြိုသိနိုင်ခဲ့မယ်ဆိုရင် လောဘ၊ဒေါသ၊မာန်မာနတွေအားလုံးလျော့ပါး ပျောက်ကွယ်သွားနိုင်မလားလို့ တွေးကြည့်မိပါတယ်။
ဒီစာအုပ်လေးထဲက “နှောင်းခင်ဇော်”
ဆိုတဲ့ အမျိုးသမီးလေးကတော့ ရှားရှားပါးပါး ကံကြမ္မာလို့ပဲ ပြောရမလားပဲ…သူမဘဝမှာ ကြုံတွေ့ရမဲ့ နမိတ်တွေကို ကြိုသိခွင့်ရခဲ့ပါတယ်…။
သူမအသက်၂၄နှစ်တွင် တစ်ဘဝချုပ်ငြိမ်းမယ်ဆိုတဲ့ အကြောင်းကတော့
အားလုံးသော နမိတ်တွေထဲက ထိတ်လန့်စရာအကောင်းဆုံး နမိတ်စကားတစ်ခုပေါ့။
ခေတ်လူငယ်တစ်ယောက်ဖြစ်တဲ့ “နှောင်း”အတွက် ဒီရှေ့ဖြစ်နမိတ်တွေက ယုံရခက်ခက်ပါပဲ။ဒါပေမဲ့ အဲ့ဒီနမိတ်တွေက တကယ်ကို ဖြစ်လာခဲ့တယ်။စိတ်ရောဂါကု ဆရာဝန်ဒေါက်တာ “အောင်စည်”နဲ့ ပြရင်း နှောင်းစိတ်ထဲက ဥပါဒါန်အစွဲတွေကို လျော့ပါးအောင်လုပ်ဖို့ ကြိုးစားတယ်။အသက်အန္တရာယ်ဖြစ်နိုင်လောက်တဲ့ အခြေအနေ မှန်သမျှကို အသေးစိတ် ညွှန်ကြား ကုသပေးခဲ့တယ်။ဒီလိုနဲ့ လူနာနဲ့ ဆရာဝန်ကြား ထားရမဲ့စည်းကြားမှာ သံယောဇဥ် ကြိုးထုံးလေး
တဖြည်းဖြည်း ရစ်တွယ်လာကြတယ်။
ဒေါက်တာက အိမ်ထောင်ကွဲ၊ “နှောင်း”နဲ့လည်း အသက်က နှစ်ဆလောက်ကွာတာဆိုတော့ ရှေ့ဆက်မတိုးသာတဲ့ အခြေအနေတစ်ခု ဖြစ်နေလေရဲ့….။”နှောင်း”ဘက်ကတော့ သူမရဲ့ ချစ်ခြင်းမေတ္တာတွေကို တတ်နိုင်သမျှ မြင်သာအောင် ဖော်ပြခဲ့တယ်။
ဒေါက်တာ “အောင်စည်”နဲ့ ဇနီးဟောင်း ဖြစ်သူ “သီ”တို့ ကွဲကွာသွားရတဲ့ အချက်ကလေးကလည်း သင်ခန်းစာယူစရာပါပဲ။
ဇနီးဟောင်းဖြစ်သူ “သီ”က သားသက်လွတ်စားသူ၊ဝိပဿနာတရား အားထုတ်သူ၊တရားအားထုတ်ပြီး ဘာသာရေးလုပ်တဲ့သူမျိုးဖြစ်တယ်။
ဒေါက်တာ”အောင်စည်”က အိမ်ထောင့်သုခကို ခံစားလိုသူဆိုတော့ နှစ်ယောက်က သဘောထားတွေ မတိုက်ဆိုင်ခဲ့ဘူး။
အိမ်ထောင်ရေးက အက်ကြောင်းများလာတော့ နောက်ဆုံးမှာ ပြိုလဲခဲ့ရတော့တာပဲ…။
တစ်ချို့က သေခြင်းတရားကို ကြိုတင်
သိခွင့်ရကောင်း ရနိုင်ပေမဲ့ တစ်ချို့အတွက်တော့ မဟုတ်။အသက်ငယ်ငယ်၊ကြီးကြီး၊ သေခြင်းတရားက အချိန်မရွေး
နီးကပ်တည်ရှိနေတဲ့ အရာတစ်ခုပါပဲ။
“နှောင်း”တစ်ယောက် ကြုံတွေ့ရမယ့် ကံကြမ္မာကို ရှောင်လွဲနိုင်ခဲ့လား သိချင်ရင်တော့ စာအုပ်လေး ဖတ်ကြည့်စေချင်ပါတယ်။
ဖတ်လို့လည်းကောင်း၊ရင်တထိတ်ထိတ်နဲ့
စိတ်ဝင်စားစရာလည်း ကောင်းတဲ့ စာအုပ်လေးပါပဲ💖
#ဂျူး
#နံရံ၏အခြားတစ်ဖက်
#reviewby하은
#Nov112023