ရှေးရှေးတုန်းကကံ့ကော်ပွင့်တွေ

( 1 မှတ်ချက်)

12500 (ကျပ်)

Hell Heaven လို့ အမည် ရတဲ့ ၀တ္ထုတို တစ်ပုဒ်ရဲ့ ဇာတ်အိမ်ကို အခြေယူပြီး ဖွဲ့သီခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ဝတ္ထုနဲ့ ပတ်သက်ပြီး ဆရာမ စံပယ်ဖြူနု ခံစားမှုကို ဖော်ပြပေးလိုက်ပါတယ်။

” ဇာတ်ကြောင်းပြောသူက သမီးလေး။ သူ ပြောပြသွားတဲ့ ဇာတ်ကြောင်းတစ်လျှောက်မှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ သူ့မိခင်ဟာ ကြွနေတယ်။ ချစ်ခြင်းမေတ္တာဟာ မျက်စိလည် လမ်းမှားတတ်တဲ့ ခံစားချက်တစ်မျိုးလား။ ဇနီးမယားတစ်ယောက်ဟာ တာဝန်ဝတ္တရားတွေအပြင် ချစ်ခြင်းမေတ္တာကို ၊ ကြင်နာမှုကို ရယူပိုင်ဆိုင်ခွင့် မရှိပေဘူးလား။ ထွက်ပေါက်မရှိတဲ့ နေ့ရက်တွေဟာ လူတစ်ယောက်ကို ဘယ်လောက်တောင် ပိတ်လှောင်စေမလဲ။ ချစ်ခြင်းတစ်စတောင် သူ့ကမ္ဘာမှာ မရှိခဲ့ဘူးဆိုရင်လေ။ ဒီလိုနဲ့ စာဖတ်သူ ကျွန်မမှာ ဇာတ်ကောင်မိခင် မွန်းကျပ်တဲ့အခါ လိုက်ပါ မွန်းကျပ်၊ သူ လှုပ်ခတ်တဲ့အခါ လိုက်ပါလှုပ်ခတ်လို့ တရိပ်ရိပ်မျောပါလာလိုက်တာ အဆုံးသတ်မှာတော့ ဟာခနဲ။”

စာမျက်နှာ

220

စာအုပ်အရွယ်အစား

5.2 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကေ်ာဝတ်ရည်စာပေ၊ 2015 အောက်တိုဘာလ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

18.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 12500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

13 in stock

ရှေးရှေးတုန်းကကံ့ကော်ပွင့်တွေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thinzar

    ဒီစာအုပ်လေးကတော့ ဆရာမစံပယ်ဖြူနုက “Hell Heaven” အမည်ရတဲ့ ဝတ္ထုလေးကို inspire ထားပြီးရေးထားတဲ့စာအုပ်လေးပါ။

    ဇာတ်ကြောင်းထဲမှာ လင်းမြရည်လွင်ခေါ်တဲ့ သမီးလေးက သူ၏မိခင်ဖြစ်သူ character ကိုကြွနေအောင် ရေးသားပုံဖော်ထားသလိုဖြစ်ပါသည်။ဒါ့အပြင် အဓိက ဇာတ်ကောင် “လင်း” က ငယ်ရွယ်စဉ် အခါက ခင်မင်ရင်းနှီးခဲ့ရသော “ဦးညီ” ဆိုသောသူကို အချိန်ကြာလာသော်လည်း ချစ်ခင်ခြင်းမပျက်သော်ငြား တစ်ဖက်က အဘယ်ကြောင့် ဤမျှ စိမ်းကားခြင်း ပြုနိုင်ပုံ ကိုလည်း “လင်း”မွန်းကျပ်သလိုပင် ခံစားဖတ်ရှုရပေသည်။

    ဒီစာအုပ်လေးရဲ့ အဓိက intention ကတော့ ဇနီးမယားတစ်ယောက်ဟာ သူ၏တာဝန်ဝတ္တရားတွေအပြင် ချစ်ခြင်းမေတ္တာကို ရယူပိုင်ဆိုင်ခွင့်မရှိပေဘူးလား။
    ဒါ့အပြင် လူတွေဟာ ပိတ်လှောင်မွန်းကြပ် တဲ့ခံစားချက်တွေကနေ စိတ်နေသဘောထား ပြောင်းလဲသွားတတ်သလား။

    ငယ်ရွယ်စဉ်က ဖြူစင်သောမေတ္တာဟုခံယူထားသော အရာက အချိန်ကြာလာတဲ့အခါ မည်သည့်အရာတွေကြောင့် အလွှာပါးတစ်ခုခံသော အပေါ်ယံဟန်ဆောင်မှု အဖြစ်ရောက်ရှိသွားနိုင်ပါသနည်း။

    အသေးအဖွဲဟု ယူဆထားသော အချက်အလက်လေးများက အချိန်ကြာလာသည်နှင့်အမျှ ချစ်သူနှစ်ဦး၏ ခြားနားချက်များကိုပေါ်လွင်လာတဲ့အခါ မည်သို့ကြိတ်မှိတ်ရှေ့ဆက်သင့်သနည်း။

    “လူဆိုတာ ဒီလိုပါပဲ သမီးရယ်၊ ဘယ်လောက်ပဲ ချစ်ကြ ခင်ကြတယ်ဆိုဦးတော့၊ တစ်ချိန်မှာ ခွဲကြရတာပဲ၊ ရှင်ကွဲမကွဲရင် သေကွဲကွဲမှာပဲ၊ လူ့ဘဝဆိုတာကိုက သေခြင်းနဲ့ အဆုံးသတ်တာ မဟုတ်လား၊ မသေခင် တွေ့ကြ ဆုံကြချစ်ကြတာ၊ တွေ့တုန်းတွေ့ခိုက် ကိုယ့်ဘက်က အတတ်နိုင်ဆုံး သူ့အပေါ် ချစ်ခင်ခဲ့တာ ဖြည့်ဆည်းပေးခဲ့တာပဲ၊ ခွဲကြရတော့လည်း ဒါရေစက်ကုန်လို့ပဲ လို့တွေးရုံပေါ့”

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စံပယ်ဖြူနု စာအုပ်များ