လှပ်၍လွင့်သောကမ္ဘာ

( 1 မှတ်ချက်)

4500 (ကျပ်)

စာမျက်နှာ

338

စာအုပ်အရွယ်အစား

5.2 x 0.7 x 8 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကေ်ာဝတ်ရည်စာပေ၊ 2016 အောက်တိုဘာလ၊ (ပ-ကြိမ်)

လှပ်၍လွင့်သောကမ္ဘာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thinzar

    ဒီစာအုပ်လေးထဲကအချို့အကြောင်းအရာလေးတွေ ကတော့ ဆရာမစံပယ်ဖြူနု ရဲ့ကိုယ်တွေ့အဖြစ်အပျက်လို့လည်း စာဖတ်သူတော်တော်များများကဆိုခဲ့ဖူးကြတယ်။ ဒါကစာအုပ်လေးကိုဖတ်ချင်ခဲ့တဲ့တွန်းအားတစ်ခု ဆိုလည်းမမှားနိုင်ပေ။

    စာအုပ်လေးထဲမှာကတော့ ရှစ်နှစ်အရွယ်တွင် ဧရာဝတီမြစ်ကမ်းအနီးရှိ ငယ်စဥ် ထဲက နေထိုင်ခဲ့သောမြို့လေးဖြစ်တဲ့
    မြိုင်သာယာ မှရန်ကုန်သို့ ဖခင်၏စေလိုရာအတိုင်း မိသားစုလိုက် အလောတကြီးပြောင်းရွှေ့အခြေချခဲ့ရသူ “ခင်ငြိမ်းချမ်း”၊ အသက်၂၄နှစ်အရွယ်ရောက်လာသောအခါ ဖခင်က မိမိအားဘဝတလျှောက်ဖုံးကွယ်ခဲ့သော အမှုအခင်းကို အမှတ်မထင်ကြားသိခဲ့ရလေသည်။ မိမိဖခင်အားလူသတ်တရားခံဟုစွပ်စွဲခံထားရခြင်း၊ ငွေလိုက်၍တရားရုံးတွင်လွတ်မြေညက်ခဲ့ရခြင်း စသည့်စွပ်စွဲပြောဆိုမှုတို့ကို မယုံကြည်ခဲ့ကာ ဖခင်၏ဂုဏ်ကို ပြန်ဆည်မည်ဟုဆိုကာ မြိုင်သာယာ သို့တဖန်သွား၍ အတိတ်ပန်းချီနောက်လိုက်ခဲ့သူ “ငြိမ်း”။

    “ငြိမ်း”နှင့် ဆန့်ကျင်စွာ ငယ်စဥ်ကပင် ငြိမ်းအဖေ လုပ်ကြံခဲ့၍ “တာရာ” ဆိုသည့်မောင်ငယ်ကို ဆုံးရှုံးခဲ့ရသည်ဟုယံကြည်နေသူ “မကြည်ပြာ”။ မောင်ငယ်ဆုံးသည့်စိတ်နှင့် ဖခင်ပညဆုံးရှုံးခဲ့ရသဖြင့် ထိုလူသတ်သမားအပေါ် အမုန်းတီးကြည်းမုန်းတီးခဲ့သူ သူမသည် ခင်ငြိမ်းချမ်း ဆိုသူနှင့်အမှတ်မထင်တွေ့ဆုံခဲ့သောအခါဝယ်…
    ဆန့်ကျင်ဘက် စာမျက်နှာတစ်ဖက်စီတွင် ယုံကြည်နေထိုင်နေကြသော သူမတို့သည် မည်သည့်ဘက်ကအမှန်တရားဖြစ်မည်နည်းဆိုတာကတော့ ခင်ငြိမ်းချမ်း ရဲ့အတိတ်ပန်းချီကောက်ရာနောက်လိုက်လံဖတ်ရှု ခြင်းဖြင့်သိမြင်လာပေလိမ့်မည်။

    စာအုပ်လေးထဲမှာတော့ ဇာတ်လမ်းဇာတ်အိမ်ထက် သရုပ်ဖော်ကျူးရေးဖွဲ့ခြင်းတွေက ပိုများနေတာကြောင့် ဇာတ်လမ်းကိုဆွဲ့ဆန့်ထားသယောင်ထင်နေပါလိမ့်မည်။
    ဒါပေမယ့် ဇာတ်လမ်းအဆုံးသတ်ကိုသိချင်စိတ်နဲ့တော့ ဖတ်လိုက်လျှင်ခဏလေးဖြစ်ရပေသည်။ဒါ့အပြင် အမုန်းတရား ရန်ငြိုးစသည်တို့ကို သံသရားအထိသယ်သွားဖို့ရာမသင့်တော်ကြောင်း ကိုလည်းဖတ်ရှုရသဖြင့်
    စာဖတ်သူတို့အတွက် ရသတစ်မျိုးမျိုးကျန်ရစ်ခဲ့စေမည်မှာအမှန်ပင်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စံပယ်ဖြူနု စာအုပ်များ