လွမ်းစရာ့ကမ္ဘာ
5000 (ကျပ်)
လွမ်းစရာ့ကမ္ဘာ… တဲ့။စိတ်နှလုံး ငြိမ်းချမ်းကြည်မွေ့ဖွယ်ရာ အက်ဆေးကလေးတွေ။ဆရာမ စံပယ်ဖြူနုရဲ့ စာလေးတွေက ချစ်စရာ၊ လွမ်းစရာလေးတွေ ဆိုတာ ဆရာမရဲ့စာလေးတွေကို ဖတ်ဖူးသူတိုင်း ခံစားဖူးကြမှာပါ။ဆရာမ စံပယ်ဖြူနုက ဆိုထားတယ်။အတိတ်ဆိုရင် နာကျင်စရာ မှောင်အတိကျသော အစိတ်အပိုင်းတွေကို ရံခါ အမှတ်ရရုံက လွဲလို့ ကျွန်မ တူးဆွလေ့ မရှိဘူး။ စိတ်ကို ငြိမ်းချမ်းကြည်မွေ့စေတဲ့ အခိုက်အတန့်တွေ ဆိုရင်တော့ အကြောင်းတိုက်ဆိုင်တိုင်း လွမ်းတာပဲ။ လွမ်းယူမိတာပဲ။… တဲ့။ကျွန်မ လွမ်းမိသမျှကို ရေးခြစ်ဖြစ်ခဲ့တာတွေလည်း ပါ၊ မြင်တွေ့ပြောပြချင်တာလေးတွေကို စာစီခဲ့မိတာလည်း ပါသပေါ့။… ဆိုတဲ့ ဆရာမရဲ့ အမှတ်တရ စကားလေးအတိုင်း “လွမ်းစရာ့ကမ္ဘာ”မှာ လွမ်းစရာ စာလေးတွေ၊ စာနာတွေးဆစရာ စာလေးတွေ ဖတ်ရှုရမှာပါ။
စာမျက်နှာ | 146 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2022 နိုဝင်ဘာလ(ပထမအကြိမ်) |
9 in stock
Aeri Myat –
စိတ်နှလုံး ကြည်မွေ့ဖွယ်ရာ
ရသအက်ဆေးကလေးတွေ
ကြောင့် ဒီရက်ပိုင်း စိတ်အကြည်ဓါတ်
လေးရနေမိတယ်။
ဆရာမ စံပယ်ဖြူနုရဲ့
“လွမ်းစရာ့ကမ္ဘာ” ဆိုတဲ့ ဒီစာအုပ်ကလေး
ဖတ်ပြီးသွားချိန်မှာ ဆရာမရဲ့ ထွက်ရှိထားပြီးတဲ့ စာအုပ်ကလေးတွေ၊
ဇာတ်ကောင်တစ်ခုချင်းစီတိုင်းအတွက်၊
ဆရာမရဲ့ စိတ်ရောလူပါ ကြိုးစားအားထုတ်ခဲ့မှူတွေကို
ပိုမိုခံစားရပြီး တန်ဖိုးထားမိပါတယ်။
ကိုယ်မကြုံဖူးခဲ့တဲ့ ခေတ်တစ်ခေတ်ကို
အလည်ရောက်သွားတဲ့ ခံစားချက်လေး
နဲ့ အက်ဆေး တစ်ပုဒ်စီတိုင်းမှာ နစ်ဝင်နေမိတာပါပဲ။
“ခေတ်ဟောင်းလွမ်းသူ…တဲ့”
ဒီစကားလေး သိပ်သဘောကျတယ်။
ကိုယ်တိုင်လည်း ပြန်မရနိုင်တော့တဲ့
အချိန်ကာလတွေဆီ
အမြဲတမ်း စာအုပ်တွေကတဆင့်
စိတ်နဲ့ အလည်သွားခဲ့မိတာ အကြိမ်ရေ
မနည်းဘူးကိုး။
အရင်တချိန်က သီချင်းသံ
အေးအေးငြိမ့်ငြိမ့် ပျံ့လွင့်ခဲ့တဲ့
လက်ဖက်ရည်ဆိုင်လေးတွေ၊ ချစ်ခင်ရင်းနှီးကြသူတွေ အပြန်အလှန်
ပို့စကတ်လေးတွေ၊ ပေးစာလေးတွေနဲ့
ဆက်သွယ်ကြတဲ့အချိန်လေးတွေ၊
နောက်ဆုံး…. သစ်ရွက်ကြွေလေးတွေ
ဇီဇဝါပွင့်လေးတွေအထိ
လွမ်းစရာအပြည့်နဲ့
စာအုပ်ကလေး ဖြစ်နေတော့တာပဲ။
အကြိုက်ဆုံးကတော့
“အဝေးကမိုးတိမ်”ဆိုတဲ့ အပုဒ်လေးပါ။
ကောင်းကင်ပြာပြာနဲ့ တိမ်တွေဆို
အရမ်းသဘောကျတဲ့သူမို့ ဒီအက်ဆေးလေးကို အခါခါဖတ်မိရတယ်။
တခါတလေ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ၊ လက်ရှိအခြေအနေလေးကို
လက်ခံတတ်ဖို့၊ စိတ်ကလေးထားနိုင်ဖို့၊
ပုံစံအမျိုးမျိုး ပြောင်းလဲသွားတတ်တဲ့
မိုးတိမ်တွေကတဆင့် အသိလေးတခုရလိုက်ပါသေးတယ်။
အလွမ်းဆိုပေမဲ့ နာကျင်စရာ အလွမ်းမျိူးမဟုတ်တဲ့ ကြည်နူးစရာ အလွမ်းတွေကို ဒီစာအုပ်ကလေးမှာ မြင်တွေ့ခံစားမိပါတယ်။ ဆရာမ”စံပယ်ဖြူနု’ရဲ့
စာအုပ်တွေ ဖတ်ဖူးတဲ့သူဆိုရင်၊
ဒီစာအုပ်ကလေးက ချစ်မြတ်နိုးဖွယ်ရာ
လေး တစ်ခုဖြစ်နေမှာပါ။
ထပ်ဖတ်ဖြစ်အုံးမယ့် စာအုပ်ကလေးပါ။
ဆရာမရဲ့ စကားအသုံးအနှုန်းလေးတွေ၊ သဘောကျလို့ ဖတ်ရင်း ရေရွတ်နေမိပါသေးတယ်။
ရသအက်ဆေး စုစုပေါင်း(၁၄)ပုဒ် ပါဝင်ပါတယ်။ ရသစာပေ နှစ်သက်ကြသူတွေအတွက် ဖတ်ကြည့်ပြီး ကိုယ်တိုင် ခံစားမိစေဖို့ ဒီစာအုပ်ကလေးကို
ညွှန်းဆိုချင်ပါတယ်။
#လွမ်းစရာ့ကမ္ဘာ
#ရသအက်ဆေးများ
#စံပယ်ဖြူနု
#No86