ကိုယ်ချစ်တဲ့ကိုယ်(Self Love)

( 0 မှတ်ချက်)

7000 (ကျပ်)

“လူတိုင်းက ကျွန်တော့်ကိုကြိုက်မှာမဟုတ်ဘူး။
ကျွန်တော်ကလဲ လူတိုင်းကိုမကြိုက်ပါဘူး။
ကျွန်တော်ဟာ လူတိုင်းအတွက် အရေးမပါသလို
လူတိုင်းကလဲ ကျွန်တော့်အတွက် အရေးမပါနိုင်ပါဘူး”

“ငါဟာငါ့အတွက် အင်အားဖြစ်ရမယ်။
ငါဟာငါ့အတွက်သတ္တိရှိနေရမယ်။
ငါဟာငါ့အတွက် ရင်ဆိုင်ရဲရမယ်။
ငါဟာ ငါ့ရဲ့အားကိုးရာအဖြစ်
ခိုင်ခိုင်မတ်မတ်ရှိနေရမယ်။”

===

ဒီစာအုပ်က တိုးတက်ရေးစာအုပ်တစ်အုပ်မဟုတ်ပါဘူး။ လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ဖတ်ကြည့်လိုက်တာနဲ့ သာမန်ထက်ပိုတဲ့အနှစ်သာရကို တွေ့ရှိနိုင်မဲ့စာအုပ်ဖြစ်ပါတယ်။ လူတွေရဲ့ဘ၀မှာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့က အရေးကြီးသလို ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့လဲလိုအပ်နေပါတယ်။ နောက်တစ်ဆင့်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် မွမ်းပြင်ဆင်ဖို့ပါ။ ကိုယ်ကဘယ်လိုလူလဲဆိုတာ ကိုယ်တိုင်သိဖို့နဲ့ ပတ်၀န်းကျင်က ကိုယ့်ကိုဘယ်လိုလူလို့ မြင်လဲဆိုတာကို သိမြင်ဖို့လဲ လိုအပ်ပါတယ်။ ဒါမှကိုယ့်ကိုယ်ကိုယ် ဘယ်လိုတည်ဆောက်ရမလဲဆိုတာ သိလာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်အရည်အသွေး၊ ကိုယ်အရည်အသွေးနဲ့ ပေါင်းသင်းဆက်ဆံမှု အရည်အသွေးတွေကိုလဲ သတိထားကြရမှာဖြစ်ပါတယ်။

စာအုပ်က အဲဒီအကြောင်းအရာတွေ အဓိက ရေးသားထားတာဖြစ်ပါတယ်။ ဆောင်းပါး ၂၃ ပုဒ်နဲ့ ကိုယ်မလုပ်ဖြစ်လိုက်တဲ့အရာတွေဟာ ကိုယ့်ဘ၀အတွက်ဘယ်လောက်နစ်နာသွားလဲဆိုတာဆန်းစစ်ဖို့ ရေးသားထားလို့ ဖတ်ကြည့်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

118 (Woodfree Paper)

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ၊ 2025 စက်တင်ဘာလ (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုယ်ချစ်တဲ့ကိုယ်(Self Love)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပီတိ(ပေကြီး) စာအုပ်များ