မင်း ကျန်းမာပျော်ရွှင်နေစေဖို့
3000 (ကျပ်)
📓မင်းကျန်းမာနေဖို့ အတွက်
မင်းစိတ်ဓာတ်မကျဖို့ အတွက်
မင်းဖိစီးမှုတွေမများဖို့ အတွက်
မင်းအိပ်မပျော်ညတွေကို နှုတ်ဆက်လိုက်ဖို့အတွက်
မင်းပျော်ရွှင်နေဖို့ အတွက် ဒီစာအုပ်ကို ရေးခဲ့တာပါ။
📝နိုင်ငံရေးပဋိပက္ခတွေကြား သွေးသံတရဲရဲဖြစ်နေတဲ့ အနာဂတ်တွေကို ခုတ်မောင်းရင်း ခါးခါးသီးသီး ကိုဗစ်
နဲ့ လုံးထွေးသတ်ပုတ်နေရတဲ့ဘဝတွေဟာဘယ်လောက်ထိမွန်းကျပ်ပိတ်လှောင်နေလေမလဲ။
📝ကိုယ်ခံရဖူးမှ ဒုက္ခကိုပိုသိ ဆိုသလို ကိုယ်တိုင် ကိုဗစ်ဖြစ်လိုက်မှ ပိတ်ဆို့မွန်းကျပ်ပြီး အဓိပ္ပါယ်မဲ့သွားတဲ့လောကကြီးကို ပိုပြီးမြင်တွေ့ခဲ့ရတယ်။ အဆိုးဆုံးက စိတ်ဓာတ်စစ်ဆင်ရေး ကျဆုံးရတာပဲ။ ဒီအတွက်စိတ်ဓာတ်မကျဖို့ ကျန်းမာပျော်ရွှင်နေစေဖို့ ဒီစာအုပ်ကို အမြန်ရေးခဲ့တာပါ။
📝ကိုဗစ်အကြောင်းရေးတာမဟုတ်ပါဘူး။ ကျန်းမာပြီး ပျော်ရွှင်စေတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကျန်းမာရေးဆိုင်ရာသုတတွေနဲ့ စိတ်ခံစားမှုဆိုင်ရာ အရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ အကြောင်းအရာတွေကိုရေးသားထားတာဖြစ်ပါတယ်။
📝မကျန်းမမာဖြစ်နေသူတွေ၊ ကိုယ်ချစ်ခင်ရသူတွေထံ ဒီစာအုပ်လေး လက်ဆောင်ပေးလိုက်မိရင်အချင်းချင်းအားပေးပြီးသားဖြစ်သွားမယ်။ စိတ်ဖိစီးမှုမဖြစ်ဖို့၊ စိတ်ဖိအားတွေများမနေဖို့၊ စိတ်ဓာတ်ခွန်အားနဲ့ ပျော်ရွှင်မှုတွေဆောင်ကျင်းပေးပြီးသားလဲ ဖြစ်သွားမယ်။ ခုချိန်မှာ အလိုအပ်ဆုံးက တစ်ဦးအပေါ်တစ်ဦးအသိအမှတ်ပြုပေးတဲ့ ထွေးနွေးတဲ့ဆက်ဆံရေးပဲမဟုတ်လား။ မြန်နိုင်ငံသားအားလုံး အားငယ်နေကြတယ်။ နီးစပ်သူအချင်းချင်း အားပေးလိုက်ကြပါဦးလားဗျာ။
စာမျက်နှာ | 154 |
---|---|
စာအုပ်အရွယ်အစား | 5.2 × 0.4 × 8.3 inches |
ပုံနှိပ်မှတ်တမ်း | ရွှေပေစာပေ၊ 2021 စက်တင်ဘာလ (ပ-ကြိမ်) |
9 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ