စိတ်၏ ငြိမ်းချမ်းခြင်း

( 0 မှတ်ချက်)

5000 (ကျပ်)

လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ရမှုတွေ၊ စိတ်နှလုံး မအေးချမ်း မပျော်ရွှင်ရခြင်းတွေ၊ စိတ်ရဲ့ငြိမ်းချမ်းမှုကို မခံစားရခြင်းတွေ တွေ့ကြုံနေကြရပါတယ်။ ဘဝမှာ ကိုယ့်ရဲ့စိတ်နေ သဘောထားကို စီမံခန့်ခွဲပြီး နေရာတကျ ထားနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ စိတ်ဖိအားတွေကို ဘယ်လိုလျှော့ချရမလဲ။ စိတ်ညစ်နွမ်းမှုတွေကို ဘယ်လို ဖယ်ဖျောက်ရမလဲဆိုတာတွေ သိမှ စိတ်ကိုနေရာတကျ ထားနိုင်မှာဖြစ်ပါတယ်။

ဒီစာအုပ်က လူတစ်ယောက်ရဲ့ စိတ်နှလုံးငြိမ်းချမ်းစေဖို့ အဓိကရည်ရွယ်ပါတယ်။ ဘဝကိုအေးအေးဆေးဆေး သာသာယာယာ ဖြတ်သန်းနိုင်ဖို့ နည်းလမ်းတချို့ကို ဖော်ပြထားပါတယ်။ လူတွေမှာငွေကြေးဥစ္စာ ချမ်းသာဖို့ထက် စိတ်နှလုံးအေးချမ်းသာယာနေဖို့က ပိုအရေးကြီးပါတယ်။ သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာပေမဲ့ စိတ်ရဲ့ငြိမ်းချမ်းသာယာမှုကို မရရှိဘူးဆိုရင် ဘဝကအဓိပ္ပါယ် မဲ့နေမှာပါပဲ။ ကမ္ဘာကျော်တဲ့အထိ ကျိကျိတက်အောင်မြင်ပြီး ချမ်းသာကြွယ်ဝနေပေမဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြသူတွေ အများကြီးရှိပါတယ်။ သူတို့ဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုရင် စိတ်ဖိအားတွေရဲ့ဝန်ပိပြီး စိတ်ငြိမ်းချမ်းမှုတွေ မရကြလို့သာ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ဖို့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်း သာယာနေဖို့ အင်မတန် အရေးကြီးပါတယ်။

ပူလောင်ရခြင်းအားလုံးမျက်ကွယ်ပြုနိုင်မှ အေးချမ်းသာယာတဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိကြမှာဖြစ်ပါတယ်။

စာမျက်နှာ

126

စာအုပ်အရွယ်အစား

5.3 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ၊ 2023 စက်တင်ဘာလ (ဒုတိယ-ကြိမ်)

17 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စိတ်၏ ငြိမ်းချမ်းခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ပီတိ(ပေကြီး) စာအုပ်များ