We Must Win

( 0 မှတ်ချက်)

3000 (ကျပ်)

🔖ကိုယ့်ကိုယ်ကိုယ် အနိုင်ယူ နိုင်ရမယ်။ ကိုယ့်ဝန်းကျင်က ရိုက်ခတ်လာတဲ့ဆိုးရွားခြင်းတွေကို အနိုင်ယူနိုင်ရမယ်။

🏷ဘဝဆိုတာလဲသွားလိုက် ပြန်ထလိုက်နဲ့ရပ်တည်နေရတာပါပဲ။ကျဆင်းသွားတဲ့ စိတ်ခံစားမှုအရည်အသွေးကို အမြဲမြှင့်တင်ပေးနေမှ ဖြစ်မယ်။

🗒ကိုယ့်မှာရှိတဲ့ အရည်အချင်းလောက်ပဲကိုယ်ရတာကို ကျေနပ်လက်ခံဖို့ လိုအပ်ပါတယ်။ လူတွေချစ်တဲ့ စိတ်နှလုံးကောင်းကို မပိုင်ဆိုင်ဘဲ လူတွေရဲ့အချစ်ကို သိမ်းကျုံးယူဖို့ဆိုတာမျိုးကလဲ စိတ်ကူးယဥ်သတ်သတ်ပဲ ဖြစ်မှာပါ။
( ကိုယ့်အတိုင်းအတာ ကိုယ်သိ စာမူမှ)

🗒နာကျင်ရလိမ့်မယ်ဆိုတဲ့ အကြောက်တရားကို ရှေ့တန်းမတင်ဘဲ ရုန်းထွက်ကြည့်မယ်ဆိုရင် လွတ်လပ်တဲ့ဘဝမှာ ကိုယ်ပိုင်အစွမ်းအစတွေ အသုံးချခွင့်ရှိနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်လာလိမ့်မယ်။
(ဇွဲလုံ့လဆိုတာ အောင်မြင်မှု စာမူမှ)

🗒အခွင့်အရေးမဲ့နေရမှာချင်းအတူတူ စိတ်ဓာတ်တွေကျ ခွေပျော့အိပ်နေမဲ့အစား စုပေါင်းအားနဲ့အတူတွန်းကြည့်၊ ကြိုးစားကြည့်တာမျိုးက အရွေ့တစ်ခုကိုရဖို့ မျှော်လင့်ချက်ရှိလာနိုင်မယ်။
(ထိုင်နေရင် သေဖွယ်ရာသာရှိ စာမူမှ)

🗒အသံတကြော်ကြော်နဲ့ စွာကျယ်စွာကျယ်လုပ်တတ်ရင်တော့ ကိုယ့်အားနည်းချက်ကို ကြည့်နေတတ်တဲ့လူတွေက ကိုယ့်ကို ချနင်းသွားကြပါလိမ့်မယ်။ အသံကြောင့် ဖားသေဖြစ်ရပါလိမ့်မယ်။ လျိူ့ဝှက်သင့်တာကို မလျှို့ဝှက်မိရင် လုပ်သင့်တာတွေမလုပ်နိုင်တော့ပါဘူး။
(အသံကြောင့် ဖားသေ စာမူမှ)

🗒ယုံကြည်ပါတယ်ဆိုပြီး ချီတက်လာခဲ့သမျှ လက်တွေ့ရင်ဆိုင်ရတဲ့အခါ ရပ်တန့်သွားတတ်ကြပါတယ်။ ဒီတော့အောင်မြင်မှုအခွင့်အရေးတွေကလဲ တုံ့ခနဲ ပြတ်တောက်သွားကြတာပါ။ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ ရနိုင်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။
( ယုံကြည်မှုကို စွန့်လွှတ်နေကြတယ် စာမူမှ)

🗒ကျွန်တော်တို့အနာဂတ်ကို အမှောင်ချခံထားရရင်၊ ကျွန်တော်တို့အစွမ်းအစတွေကို ပိတ်ပင်ထားခံရရင်၊ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာပျော်ရွှင်ခွင့်တွေကိုဖိနှိပ်
ထား ခံရရင်၊ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်တွေကို လုယူခံရရင် ကျွန်တော်တို့ဘဝတွေဟာ သေနေတာပါပဲ။
( ချောင်မှာ ပိတ်မိနေတဲ့စွမ်းအား စာမူမှ)

🗒အနာဂတ်မှာ သာချင်ရင်၊ အနာဂတ်မှာပျော်ချင်ရင်၊ အနာဂတ်မှာတောက်ပချင်ရင် လက်ရှိအချိန်ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်နေရပါစေ တောင့်ထားပါ။ အားတင်းထားပါ။ ဇွဲမလျှော့ပါနဲ့။ အားမပျော့ပါနဲ့။ နိုင်မှာ၊ နိုင်ကိုနိုင်မှာ၊ မျှားယူခြင်းခံနေရတဲ့ ပျားလူးအစာတွေကိုမစားဘဲ ကျော်ဖြတ်နိုင်မှာပါ။
( အပေါ်ယံများစာမူမှ )

ဆောင်းပါးအပုဒ်ရေ ၂၀ နဲ့ စိတ်ဓာတ်ရဲ့ခွန်အားတွေကို ဖြည့်တင်းပေးထားတဲ့ အာဟာရများဖြစ်ပါတယ်။

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5.4 × 0.3 × 8.4 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ၊ 2021 အောက်တိုဘာလ (ပ-ကြိမ်)

18 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“We Must Win” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ပီတိ(ပေကြီး) စာအုပ်များ