ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ

( 0 မှတ်ချက်)

3000 (ကျပ်)

ပြည်သူ့နီတိဆိုသည်မှာ မွေးကင်းစကလေးငယ်ကအစ နိုင်ငံတော်အုပ်ချုပ်သူများတိုင် အားလုံးနဲ့သက်ဆိုင်ပါတယ်။နိုင်ငံသားတစ်ဦးတိုင်း တစ်ယောက်တိုင်းရဲ့ ဘဝပညာကိုပေးစွမ်းတာဟာ ပြည်သူ့နီတိဖြစ်ပါတယ်။နိုင်ငံတစ်ခု တိုးတက်ဖို့အတွက် ပြည်သူ့နီတိက၀ ဘယ်လောက်အရေးပါလဲဆိုတာ ဒီစာအုပ်ကို ဖတ်လိုက်ရင် သဘောပေါက်လာမှာပါ။နိုင်ငံကြီးသား ပီသပြီး ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီး တည်ဆောက် နိုင်ဖို့ လိုအပ်နေတဲ့ ကွက်လပ်ဟာ ပြည်သူ့နီတိပါပဲ။ပြည်သူ့နီတိကိုဘာကြောင့် လိုက်နာကျင့်သုံးသင့်တာလဲ ဆိုရင်အသက်ရှင်သန်ကြီးထွားဖို့ရန် သူတစ်ပါးကို အမှီပြုနေထိုင်ကြရပါတယ်။လူဟာ အပေါင်းအသင်း အစုအရုံးနဲ့ နေထိုင်တတ်သည်ဖြစ်ရာ အများနဲ့လိုက်ရောညီထွေဖြစ်ဖို့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်တတ် အောင် ပြည်သူ့နီတိကို လေးစားလိုက်နာရခြင်းဖြစ်ပါတယ်။ပြည်သူ့နီတိဆိုတာ အများနဲ့လိုက်ရောညီထွေ ပြေပြေပြစ်ပြစ် နေထိုင် ပေါင်းသင်း ဆက်ဆံတတ်ဖို့ ညွှန်ပြပေးတဲ့ အချက် အလက် အကြောင်းအရာများပဲ ဖြစ်ပါတယ်။နိုင်ငံကိုဦးဆောင်ဦးရွက်ပြုချင်သူတွေသာ ပြည်သူ့နီတိအသိရှိရင် ကောင်းမွန်တဲ့နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

စာမျက်နှာ

124

စာအုပ်အရွယ်အစား

5.3 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ ၊ 2023 မတ်လ (ဆဋ္ဌမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ပီတိ(ပေကြီး) စာအုပ်များ