စံပြမိဘဖြစ်လိုသော်
3000 (ကျပ်)
ဤစာအုပ်တွင် နေ့စဉ်နှင့်အမျှ မိဘများ ကြုံတွေ့နေရသော အခက်အခဲများကို အဓိကထား ပြောပြထားသည်။ အထူးသဖြင့် ယနေ့ခေတ် လုပ်ငန်းခွင်ဝင်နေရသည့် မအားမလပ်၊ အချိန်မပေးနိုင်သော မိဘများအတွက် အသုံးဝင်စေလိမ့်မည်။
စာအုပ်ထဲတွင် ဖော်ပြထားသော လုပ်ငန်းဆောင်တာများကို လိုက်ပါလုပ်ဆောင်ခြင်းအားဖြင့် စာဖတ်သူသည် –
• သင့်ရင်သွေး၏ ပြင်းထန်လှသော စိတ်ခံစားချက်များကို ကိုင်တွယ်နိုင်လာမည်။
• ခိုင်ကြည်သော စည်းကမ်းကလနား၊ ကောင်းမွန်သော အာရုံစိုက်မှု ပန်းတိုင်တို့ကို ထိန်းသိမ်းနိုင်လာမည်။
• ဒေါသထွက်သော ခံစားချက်ကို ထိခိုက်မှုမရှိဘဲ
ဖော်ပြလာနိုင်မည်။
• ကလေး၏ လိုက်ပါပူးပေါင်း ဆောင်ရွက်မှုကို
ဖော်ဆောင်လာနိုင်မည်။
• မိသားစုထဲမှ အငြင်းပွားဖွယ် ပြဿနာများကို
ဖြေရှင်းနိုင်လာမည်။
ဖြစ်ရပ်မှန် ဇာတ်လမ်းပေါင်းများစွာ၊ ချစ်စရာ ကာတွန်းဇာတ်ကွက်လေးများနှင့် အမေးများသော မေးခွန်းများကို ဖြေကြားပေးထားသည့် အဖြေပေါင်းများစွာတို့နှင့်အတူ
ယခုစာအုပ်သည် အသက်အရွယ်မရွေး ကလေးငယ်များနှင့် ဆက်ဆံရာတွင် အခက်အခဲ ဖိစီးမှုမရှိဘဲ
ရိုးရှင်းပြီး အကျိုးရလဒ်ကောင်းများ
ထွက်ပေါ်စေမည့်စာအုပ်ဖြစ်ပါသည်။
စာမျက်နှာ | 96 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2023 မေလ (ပထမအကြိမ်) |
23 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ