ခရစ္စတီယာနို ရော်နယ်ဒို

( 0 မှတ်ချက်)

4000 (ကျပ်)

ကျောနံပါတ် ၇ CR7 လို့ လူသိများကြတဲ့ ထိပ်တန်းကစားသမား ပေါ်တူဂီနိုင်ငံသား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ငယ်စဉ်ကတည်းက အိပ်မက်ဟာ နာမည်ကြီး ထိပ်တန်းဘောလုံးသမား ဖြစ်ဖို့ပါ ..

နောက်ထပ် သူ့ရဲ့ထူးခြားတဲ့ အိပ်မက်တစ်ခုကတော့ သူငယ်ငယ်က ဖခင်ဖြစ်သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိတဲ့အတွက် သူ့သားအရင်း လိုချင်ပြီး အသက်ငယ်ငယ်နဲ့ ဖခင်ဖြစ်ချင်တာပါတဲ့ ..

သူ့အသက် ၉နှစ်မှာကတည်းက ဖခင်ဖြစ်သူ အလုပ်လုပ်နေတဲ့ ဇာတိမြို့က ဘောလုံးအသင်းမှာ ဝင်ကစားခဲ့ရာက သူ့ရဲ့ဘောလုံးအသက်မွေးခရီးစတင်ခဲ့ပါတယ် ..

၁၂ နှစ်မှာ ပေါ်တူဂီ ထိပ်တန်းအသင်း စပို့တင်းလစ္စဘွန်မှာ လာကစားဖို့ ဖိတ်ခေါ်ခံခဲ့ရာကနေ အောင်မြင်မှုလမ်းကြောင်းအပေါ် စတင်ရောက်ရှိလာပါတော့တယ် ..

အသက်ငယ်ငယ်နဲ့ မိသားစုနဲ့ ခွဲနေရပြီး အိမ်လွမ်းစိတ်နဲ့ ညတိုင်း ငိုနေခဲ့ရတဲ့ သူဟာ အိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် ကြံ့ကြံ့ခံ ကြိုးစားခဲ့တယ် ..

ဝါသနာအပေါ် အနစ်နာခံ ကြိုးစားခဲ့တဲ့ ရလဒ်အနေနဲ့ ကမ္ဘာပေါ်က ဘောလုံးဝါသနာအိုးတွေရဲ့ လူကြိုက်များ ကစားသမားဖြစ်ခဲ့ပြီး သူ့ကို ငွေအမြောက်အများပေးပြီး ခေါ်ယူချင်တဲ့ အသင်းတွေကလည်း အများအပြားပါပဲ ..

စာမျက်နှာ

40

စာအုပ်အရွယ်အစား

5.5× 0.1×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဒီဇင်ဘာလ (ပထမအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခရစ္စတီယာနို ရော်နယ်ဒို” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ထက်ထက်တင်ဇာ စာအုပ်များ