ရောင့်ရဲခြင်းအနုပညာ

( 0 မှတ်ချက်)

12000 (ကျပ်)

ညဘက် အိပ်ရာဝင်တဲ့အခါ အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်သွားသလား၊ ဒါမှမဟုတ် စိတ်ထဲမှာ မရေရာမှုတွေ၊ ရှုပ်ထွေးမှုတွေအပြည့်နဲ့ ခေါင်းအုံးပေါ် ခေါင်းချထားရသလား။ လူအများစုက နောက်က အချက်ကို သဘောတူကြပါလိမ့်မယ်။ အိမ်က အမှိုက်တွေ ပြည့်နေရုံမက စိတ်တွေမှာလည်း အမှိုက်တွေအပြည့် ရှိနေကြပါတယ်။ သာမန်ဦးနှောက်က စဉ်းစားတာ၊ စိုးရိမ်တာနဲ့ ဖြစ်လာမယ့်အရာတွေနဲ့ ပတ်သက်ပြီး ကြောင့်ကြနေရင်း အမြဲတမ်း ဇယ်ဆက်သလို လုပ်ဆောင်နေရပါတယ်။ အတွေးတွေက အပြုသဘောဆောင်ပြီး အသုံးကျနေသရွေ့တော့ စဉ်းစားတွေးတောတာက ဘာပြဿနာမှ မရှိပါဘူး။ ကံမကောင်းစွာနဲ့ပဲ လူအများစုအတွက်တော့ အဲဒီလို ဖြစ်မနေပါဘူး။

စကြဝဠာကြီးက ဥပဒေသတွေနဲ့ ဖွဲ့စည်းထားပြီး အဲဒီဥပဒေသတွေကို ကျွန်မတို့ ဘာမှ မပြောင်းလဲနိုင်ပါဘူး။ ကျွန်မတို့က အဲဒီဥပဒေသတွေနဲ့ ရှင်သန်နေထိုင်ဖို့ ရွေးချယ်ရင် သူတို့က ကျွန်မတို့အတွက် အလုပ်လုပ်ပါလိမ့်မယ်။ မရွေးချယ်ရင်တော့ ဆန့်ကျင်ပြီး အလုပ်လုပ်ပါလိမ့်မယ်။ လက်တွေ့က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်မတို့ရဲ့ လက်ရှိ ဘဝအခြေအနေက ကျွန်မတို့ စဉ်းစားတွေးတောတဲ့အတိုင်းကြောင့် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လက်တွေ့ဘဝကို ကိုယ့်ရဲ့ စိတ်အခြေအနေက ဖန်တီးတာပါ။

ခံစားမှုတွေကို အတွေးတွေက သတ်မှတ်တယ်ဆိုတာက အမှန်တရားဖြစ်တဲ့အခါ ခံစားမှုတွေကို အခြေအနေတွေက သတ်မှတ်တယ်ဆိုတာကို လူ့အဖွဲ့အစည်းက ကျွန်မတို့ကို သင်ကြားပြသပေးတယ်။ ငွေကြေးကနေ ကျန်းမာရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေအထိ ဘဝရဲ့ နယ်ပယ်အသီးသီးက ကျွန်တော်တို့ အတွေးတွေနဲ့ ကျွန်မတို့ရဲ့ အလုံးစုံ ယုံကြည်မှုစနစ်ရဲ့ တိုက်ရိုက် အကျိုးရလဒ် ဖြစ်တယ်။ ဒီလက်တွေ့သဘောကို မပြောင်းလဲနိုင်တဲ့အတွက် တစ်ခုတည်းသော လုပ်နိုင်တဲ့အရာက လက်ခံလိုက်ပြီး အတွေးတွေက ကျွန်မတို့အပေါ် အထိန်းချုပ်မခံဘဲ အတွေးတွေအပေါ် စိုးမိုးမှု ရယူနိုင်အောင် ဆုံးဖြတ်ချက်ချဖို့ပါပဲ။ အဲဒီတော့မှ ဘဝကို ပြောင်းလဲနိုင်ပြီး ကိုယ်လိုချင်တာတွေကို ဆွဲငင်နိုင်မှာပါ။

အတွေးတွေမှာ ကန့်သတ်ချက်ဘောင်တွေ မရှိပါဘူး။ ဘယ်လိုတွေးသင့်တယ်ဆိုတာ ဘယ်သူကမှ ပြဋ္ဌာန်းမထားပါဘူး။ ကိုယ်တိုင်ကပဲ အခြေအနေကို ထိန်းချုပ်ရမှာပါ။ ကိုယ်ကိုယ်တိုင်ကလွဲပြီး တခြားဘယ်သူကမှ ကိုယ့်စိတ်ထဲ မဝင်နိုင်ပါဘူး။ တကယ်တော့ စိတ်ဆိုတာ ကျွန်မတို့ ပိုင်ဆိုင်တဲ့ စွမ်းအင်အရှိဆုံး ပိုင်ဆိုင်မှုပါပဲ။ ဒီလက်တွေ့သဘောကို အသုံးချနိုင်သွားတာနဲ့ မရပ်မနား ဖြစ်လာပါလိမ့်မယ်။

ဒီစာအုပ်ထဲမှာ (ကိုယ့်ရဲ့နေ့စဉ်ဘ၀မှာ) ထင်ထားတာထက် ပိုများပြားတဲ့ အမှိုက်တွေ၊ (မလိုအပ်တဲ့အရာတွေ) ရှိတယ်ဆိုတာကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။ နေအိမ်ထဲက အမှိုက်တွေကို ဘယ်လိုရှင်းမလဲဆိုတာတင်မကဘဲ ပေါင်းသင်းဆက်ဆံရေးတွေ၊ စိတ်ခံစားမှုတွေနဲ့ နောက်ထပ် အရာတွေများစွာထဲကအမှိုက်တွေကို ဘယ်လိုရှင်းပစ်ရမလဲဆိုတာအထိ ပါဝင်ပါတယ်။

Olivia Telford ရဲ့ “The Art of Minimalism” စာအုပ်ကို ဘာသာပြန်ထားတဲ့ဒီစာအုပ်ဟာ ဘဝမှာ ရိုးရှင်းမှု ၊ ရောင့်ရဲမှုတို့နဲ့ ရှင်သန်နေထိုင်တာဟာ ဘယ်လောက်တောင် ခွန်အားတွေဖြစ်စေသလဲဆိုတာကို ပြသပေးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

173

စာအုပ်အရွယ်အစား

5 x 0.4 x 7.3 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2024 စက်တင်ဘာလ (ပထမအကြိမ်)

14 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရောင့်ရဲခြင်းအနုပညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ထက်ထက်တင်ဇာ စာအုပ်များ