လွှတ်ထားလိုက်ပါအရာရာကိုထိန်းချုပ်ဖို့မကြိုးစားနဲ့

( 0 မှတ်ချက်)

22500 (ကျပ်)

“သင် ထိန်းချုပ်ပိုင်ခွင့်မရှိတဲ့အရာတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာ ရပ်လိုက်တဲ့အခါ သင့်ရဲ့ စွမ်းအင် ဖြုန်းတီးတာကို ရပ်လိုက်နိုင်ပါတယ်။”

လူတွေမှာ ကိုယ့်ဘဝနဲ့ပတ်သက်တဲ့ အရာရာကိုထိန်းချုပ်ချင်တဲ့ မွေးရာပါ စိတ်ဆန္ဒရှိတယ်။ ကိုယ့်အချိန်၊ ကိုယ့်အတွေး၊ ကိုယ့်လုပ်ဆောင်ချက်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အစီအစဉ်၊ ကိုယ့်အနာဂတ်၊ ကိုယ့်ဆုံးဖြတ်ချက်တွေ အားလုံးကိုပေါ့။ ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်က သင့်ကို လုံခြုံတယ်၊ သက်သောင့်သက်သာရှိတယ်လို့ ခံစားရစေတယ်။ ဒါကြောင့် သဘာဝအတိုင်းပဲ ပတ်ဝန်းကျင်က လူအားလုံးနဲ့ အရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတတ်တယ်။

ဒါပေမဲ့ အမှန်တရားကတော့ သင် ဘယ်လောက်ပဲ ကြိုးစားပါစေ တခြားလူတစ်ယောက်ကို ထိန်းချုပ်တာ၊ ဒါမှမဟုတ် ပြောင်းလဲပစ်တာမျိုး ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သင် ထိန်းချုပ်ပိုင်ခွင့်ရှိတဲ့ တစ်ဦးတည်း သောသူက သင်ကိုယ်တိုင်ပါ။ သင့်အတွေး၊ သင့်လုပ်ရပ်၊ သင့်ခံစားချက်တွေကိုပဲ ထိန်းချုပ်နိုင်တာပါ။ သင်ဟာ လူတွေကို ပြောင်းလဲဖို့ တိုက်ခိုက်နေခဲ့ရတယ်၊ အခြေအနေတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့ ရတယ်။ လူတွေ ဘာပြောမလဲ၊ ဘာတွေးမလဲ၊ ဘာလုပ်မလဲဆိုတာ ပူပန်နေခဲ့ရတယ်။ အဲဒီလိုလုပ်တဲ့အတွက် သင်ကိုယ်တိုင်အတွက်ရော သင့်ဆက်ဆံရေးတွေအတွက်ပါ မလိုအပ်တဲ့ စိတ်ဖိစီးမှု၊ တင်းမာမှုနဲ့ ပွတ်တိုက်မှုတွေကို ဖန်တီးခဲ့တာဖြစ်တယ်။

Let Them သီအိုရီက စာရေးဆရာရဲ့ ဘဝအပေါ် ချဉ်းကပ်ပုံ အမြင်တစ်ခုလုံးနဲ့ တခြားသူတွေနဲ့ ဆက်ဆံပုံကိုပါ ပြောင်းလဲပစ်လိုက်တယ်။ လူ့သဘာဝရဲ့ ပုံမှန်စီးဆင်းမှုကို တွန်းလှန်နေမယ့်အစား အဲဒီ စီးဆင်းမှုကို လက်ခံလိုက်ဖို့ ကျွန်မ သင်ယူခဲ့တယ်။ တခြားလူတွေ ပြောတာ၊ တွေးတာ၊ လုပ်တာ စတဲ့ ထိန်းချုပ်လို့ မရတဲ့ကိစ္စတွေမှာ စွမ်းအင်ဖြုန်းတီးမယ့်အစား၊ ထိန်းချုပ်နိုင်တဲ့ ကိုယ်တိုင် မှာပဲ စွမ်းအင်တွေကို လောင်းထည့်ခဲ့ပါတယ်။

ရလဒ်က ဘာလဲဆိုတော့ အရင်ကထက် ကိုယ့်ဘဝကိုကိုယ် ပိုပြီး ထိန်းချုပ်နိုင်စွမ်း ရလာတာပဲ။ လွတ်မြောက်မှုကို ခံစားရတယ်။ တခြားသူတွေကို ပြဿနာရဲ့ အရင်းအမြစ်အဖြစ် သတ်မှတ်တာ ရပ်လိုက်တဲ့အခါမှာ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ နည်းလမ်းတွေနဲ့ ဆက်ဆံရေးတွေ တိုးတက် ကောင်းမွန်လာခဲ့တယ်။ ဒါဟာ နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တဲ့ တံခါးတစ်ခုကို သော့ဖွင့်လိုက်သလိုပါပဲ။ အဲဒီတံခါးနောက်ကွယ်မှာ ဘာရှိလဲ။ တခြားလူတွေကို စီမံခန့်ခွဲနေရတဲ့ ဝန်ထုပ်ဝန်ပိုး မရှိတော့တဲ့ ဘဝတစ်ခုပေါ့။

သင့်အနနဲ့ ဘ၀ကို မလိုအပ်တဲ့ဝန်ထုပ်ဝန်ပိုးတွေလျှော့ချပြီး လွတ်လပ်ပေါ့ပါးစွာနဲ့ ရှင်သန်ရပ်တည်လိုတယ်ဆိုရင် ဒီစာအုပ်က သင့်အတွက်ပါပဲ။
===

စာအုပ်ထဲတွင်  ကိုယ်မထိန်းချုပ်နိုင်တဲ့ လူတွေ၊ အခြေအနေတွေကို ပြောင်းလဲဖို့ ကြိုးစားရင်း စိတ်ဖိစီးမှုတွေ ခံနေရတဲ့ဘဝထဲကနေ လွတ်မြောက်ပြီး ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေမှာသာ စွမ်းအင်ကို အသုံးချတတ်ဖို့ သင်ပေးနိုင်မှာဖြစ်ပါတယ်။ “Let Them” ဆိုတဲ့ အမြင်ပြောင်းလဲမှုက မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချစေပြီး ဆက်ဆံရေးတွေကိုလည်း ပိုမိုကောင်းမွန်လာစေကာ ကိုယ့်ဘဝကို ပိုမိုလွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

စာမျက်နှာ

395(Woodfree paper)

စာအုပ်အရွယ်အစား

5.6 x 0.6 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2026 ၊ ဖေဖော်ဝါရီလ(ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လွှတ်ထားလိုက်ပါအရာရာကိုထိန်းချုပ်ဖို့မကြိုးစားနဲ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ထက်ထက်တင်ဇာ စာအုပ်များ