
မင်းရယ်ကိုယ်ရယ်အချစ်ရယ်
26000 (ကျပ်)
အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းထက် ပိုနက်ရှိုင်းတဲ့ “နားလည်မှု” တစ်ခုပါ…
Good Vibes, Good Life စာအုပ်နဲ့ စာဖတ်သူတွေရဲ့ စိတ်ခွန်အားတွေကို မြှင့်တင်ပေးခဲ့တဲ့ စာရေးသူ Vex King ရဲ့ နောက်ထပ်စာအုပ်တစ်အုပ်။ အချစ်အကြောင်း ပြောကြတဲ့အခါ အများစုက ရင်ခုန်စရာ အခိုက်အတန့်တွေကိုပဲ အာရုံစိုက်တတ်ကြပေမဲ့ ဒီစာအုပ်မှာတော့ ဒီထက်ပိုပြီး နက်ရှိုင်းတဲ့ ရှုထောင့်ကနေ တင်ပြထားပါတယ်။
လူတိုင်းက ချစ်တတ်ကြပေမဲ့ အချစ်ကို ထိန်းသိမ်းတတ်ဖို့ကျတော့ သင်ယူကြရပါတယ်။ ပျာ်ရွှင်တဲ့ စုံတွဲတစ်တွဲဖြစ်ဖို့ဆိုတာ တစ်ဖက်လူအတွက် အရာအားလုံးကို စွန့်လွှတ်အနစ်နာခံပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားရတာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်ရုံနဲ့တင် မလုံလောက်ဘဲ “ဘယ်လို မှန်မှန်ကန်ကန် ချစ်ရမလဲ” ဆိုတာကို ဒီစာအုပ်က လမ်းပြပေးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ချစ်တတ်မှ တပါးသူကိုလည်း စစ်မှန်တဲ့ မေတ္တာတွေ ပေးနိုင်မှာပါ။
အချစ်ရေးမှာ ပျော်ရွှင်ချင်လို့ပဲဖြစ်ဖြစ်၊ အဓိပ္ပာယ်ရှိတဲ့ Relationship တစ်ခုကို တည်ဆောက်ချင်လို့ပဲဖြစ်ဖြစ် ဒီစာအုပ်က သင့်အတွက် အဖော်မွန်ကောင်း ဖြစ်နေမှာပါ။
– အချစ်ဆိုတာ တစ်ဖက်လူဆီကနေ ကိုယ်လိုအပ်တာကို တောင်းဆိုတာမဟုတ်ဘဲ ကိုယ့်ရဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုကနေ စတင်တယ်ဆိုတာကို သိမြင်လာစေမှာပါ။
– တစ်ခါတလေမှာ ချစ်နေရပါလျက်နဲ့ ဘာလို့ နာကျင်နေရတာလဲ၊ ဘယ်လိုအရာတွေက ကိုယ့်အချစ်ရေးကို ပျက်စီးစေတာလဲ ဆိုတာကို လက်တွေ့ကျကျ ဆန်းစစ်တတ်လာပါလိမ့်မယ်။
– ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုထက် ကျော်လွန်ပြီး စိတ်ချင်းဆက်သွယ်နိုင်တဲ့၊ အပြန်အလှန် လေးစားမှုရှိတဲ့ ခိုင်မာတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်လာနိုင်မယ်။
– ကိုယ့်ရဲ့ ဖြစ်တည်မှု အစစ်အမှန် ပျောက်မသွားစေဘဲ တစ်ဖက်လူနဲ့ ဘယ်လို သဟဇာတဖြစ်အောင် နေထိုင်နိုင်ဖို့ ကောင်းမွန်တဲ့ စည်းဘောင်တွေ ချမှတ်နိုင်လာပါမယ်။
အချစ်ဆိုတာ မိုးကောင်းကင်က ကျလာတဲ့ မိုးရေစက်တွေလိုပဲ… သူ့အလိုလို ရောက်လာတတ်ပေမဲ့ အဲဒီအချစ်တွေ ရှင်သန်ကြီးထွားဖို့ကတော့ နေ့စဉ် ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ အချစ်အပေါ် ထားရှိတဲ့ အမြင်တွေ အပြုသဘောဆောင်တဲ့ဘက်ကို ပြောင်းလဲသွားတာကို သိသိသာသာ ခံစားရပါလိမ့်မယ်။
| စာမျက်နှာ | 431(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 × 0.7 × 8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
27 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ