တေလာဆွစ် သို့မဟုတ် တောက်ပနေသောငွေကြယ်ပွင့်

( 0 မှတ်ချက်)

4000 (ကျပ်)

Kirsten Andersonရဲ့ Who was ?Book Series ဟာ New York မှာ လူကြိုက်များ အားပေးခြင်းခံရတဲ့ စာအုပ်စီးရီးအနေနဲ့ ‌လူသိများပါတယ်။  Who was ? စာအုပ်စီးရီးဟာ ကမ္ဘာပေါ်က နယ်ပယ်အသီးသီးမှာ နာမည်ကြီးထင်ရှားတဲ့ အနုပညာရှင်၊ အတက်ပညာရှင်၊ ဖန်တီးရှင်စသည့်ဖြင့် လူပေါင်း ၁၀၀ကျော်ရဲ့ အတ္ထုပ္ပတ္တိတွေကို ရေးသားထားတဲ့ စီးရီးတစ်ခုလည်းဖြစ်တယ်။

Who is Taylor Swift?
ကမ္ဘာကျော် အမေရိကန် တေးဂီတပညာရှင် တေလာဆွစ်ကိုတော့ မသိသူ မရှိသလောက်ရှားပါလိမ့်မယ်။ အဆိုတော်၊ သီချင်းရေးဆရာ၊ ဂစ်တာသမားတစ်ယောက်အနေနဲ့ တေလာဟာဆယ်ကျော်သက်တွေရဲ့ အသည်းကွဲဝေဒနာအကြောင်း သီချင်းတွေရေးခဲ့ပြီး ရွယ်တူတွေနဲ့ လိုက်ဖက်တဲ့ သီချင်းတွေကို ဖျော်ဖြေသီဆိုခဲ့ပြီး လူငယ်တွေရဲ့ အသည်းစွဲ အဆိုတော်တစ်ဦးဖြစ်လာခဲ့တယ်။ ခရစ္စမတ်သစ်ပင်ခြံထဲမှာ နေထိုင်တဲ့ တေလာဆိုတဲ့ မိန်းကလေးငယ်လေးဟာ နယူးယောခ့်တိုင်းမ်ရဲ့ နံပါတ်တစ် အရောင်းရဆုံးစီးရီးရဲ့ အဆိုတော်ဖြစ်လာခဲ့ပါတယ်။

ဒီစာအုပ်ထဲမှာ တေလာ့ရဲ့ ငယ်ဘ၀မှသည် နှစ်ဆယ့်တစ်ရာစုရဲ့အကျော်ကြားဆုံးဂီတအနုပညာရှင်များထဲမှတစ်ဦးဖြစ်လာဖို့ ကြီးပြင်းလာပုံ၊ အခက်အခဲ အတွေ့အကြုံ ဖြတ်သန်းမှုတွေ ပါ၀င်ပါတယ်။ Swiftie တစ်ယောက်ပဲဖြစ်ဖြစ် ဂီတသမားတွေအကြောင်း လေ့လာရတာကို နှစ်သက်သူပဲဖြစ်ဖြစ် ဒီစာအုပ်က ကလေးငယ်တွေနဲ့ လူကြီးတွေတော်တော်များများကို အောင်မြင်တဲ့ စူပါစတားဖြစ်လာစေတဲ့ Taylor Swift ရဲ့ ဘ၀ အတွေ့အကြုံတွေကို ပြောပြပေးပါလိမ့်မယ်။

စာမျက်နှာ

80

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဇွန်လ (ပထမအကြိမ်)

17 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တေလာဆွစ် သို့မဟုတ် တောက်ပနေသောငွေကြယ်ပွင့်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ထက်ထက်တင်ဇာ စာအုပ်များ