ကသောင်းကနင်းကာလခေါင်းဆောင်မှု : ရစ်ချက်နစ်ဆင် – ဟန်ချက်ညီခြင်းမဟာဗျူဟာ

( 0 မှတ်ချက်)

7000 (ကျပ်)

အမျိုးသားအကျိုးစီးပွားဆိုင်ရာ ပထဝီနိုင်ငံရေးအမြင်ကို လက်ကိုင်ထားပြီး သူ့တိုင်းပြည်၏ နိုင်ငံခြားရေးမူဝါဒကို အသွင်ကူးပြောင်းခဲ့သူ၊ ရဲရင့်ပြတ်သားသူ ဖြစ်သော်လည်း စဉ်းစားဆင်ခြင်မှုနှင့် ဆန်းစစ်ဝေဖန်မှုကို ဂရုတစိုက် လုပ်ဆောင်ခဲ့သူ၊ သတင်းအချက်အလက်များကို အငမ်းမရ ရယူလိုသူ၊ နိုင်ငံတော်၏ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ရေရှည်အမြင်ရှိသူ၊ ဖိအားအမြင့်ဆုံးအချိန်မှာပင် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။

သူသည် မဟာဗျူဟာမြောက်ညီမျှခြင်းကို ပြန်လည်ဟန်ချက်ညီစေရန်အတွက် စစ်ရေးဆိုင်ရာ အချက်ပြမှုနှင့် အဆင့်မြင့် သံတမန်ရေးရာလှုပ်ရှားမှုကို အသုံးပြုရန်နှင့် အကျပ်အတည်း၏ တင်းမာမှုကို ဖြေလျှော့ရန် ဆန္ဒရှိခဲ့သည်။သူ၏လုပ်ဆောင်ချက်များသည် အမျိုးသားအကျိုးစီးပွားကို အဓိကထားခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဟန်ချက်ညီမှုကို
ဆက်လက်ထိန်းသိမ်းထားခြင်းနှင့် တရားဝင်ဖြစ်မှု မူဘောင်တစ်ခု တည်ဆောက်နိုင်ရန် အဓိကနိုင်ငံများကြား အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးပွဲများဖန်တီးခြင်းတို့ဖြစ်သည်။

နိုင်ငံတစ်ခုဟာ သူ့ပြိုင်ဘက်ထက် ပိုမိုအင်အားကြီးလွန်းနေရင် စစ်ပွဲအန္တရာယ်ပေါ်ပေါက်လာမှာပဲ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆန့်ကျင်မှုမပြုကြဘဲ ဟန်ချက်ညီညီ နေကြမယ်ဆိုရင် ပိုမိုဘေးကင်း လုံခြုံတဲ့ကမ္ဘာ၊ ပိုမိုကောင်းမွန်တဲ့ကမ္ဘာ ဖြစ်လာလိမ့်မယ်လို့
ကျွန်တော်ထင်တယ်။

ပါဝါဆိုတာ နိုင်ငံတကာနဲ့သက်ဆိုင်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အပြန်အလှန်တာဝန်ကတော့ ဒီပါဝါတွေကို စည်းကမ်းတကျ ရှိစေဖို့ ဖြစ်ပါတယ်၊
ဒါ့အပြင် ဒီပါဝါတွေကို ငြိမ်းချမ်းရေးအတွက် အသုံးချဖို့နဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ရာမှာ မသုံးစွဲဖို့ တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်း လုပ်ဆောင်ရပါမယ်။

စစ်မြေပြင်တွင် အင်အားချိန်ခွင်လျှာ ညီမျှရေးဖြစ်တယ်၊အစ္စရေးကိုထောက်ပံ့ရခြင်းရဲ့
ရည်ရွယ်ချက်ဟာ စစ်ပွဲကို အရှိန်မြှင့်ဖို့ မဟုတ်ဘူး၊ အဓိကရည်ရွယ်ချက်က ဟန်ချက်ညီမှုကို ဆက်လက်ထိန်းထားဖို့ပဲ၊ ဒါမှသာ တန်းတူညီမျှတဲ့ဖြေရှင်းမှုကို ဖြစ်စေမယ်။

စာမျက်နှာ

125

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2025 ဇန်နဝါရီလ (ပထမအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကသောင်းကနင်းကာလခေါင်းဆောင်မှု : ရစ်ချက်နစ်ဆင် – ဟန်ချက်ညီခြင်းမဟာဗျူဟာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အလင်းဆက်(IR) စာအုပ်များ