ကသောင်းကနင်းကာလခေါင်းဆောင်မှု : မာဂရက်သက်ချာ – ယုံကြည်ချက်ခိုင်မာခြင်းမဟာဗျူဟာ

( 0 မှတ်ချက်)

7000 (ကျပ်)

“ဥရောပ၏ လူမမာကြီး” ဟု အခေါ်ခံနေရသည့် ဗြိတိန်နိုင်ငံကို ပါဝါနိုင်ငံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူမှာ မာဂရက် သက်ချာဖြစ်သည်။ သက်ချာသည် သူမ၏ယုံကြည်ချက်အတိုင်း အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းခဲ့ပြီးမမှိတ်မသုန် လုပ်ဆောင်ခဲ့သည်။ အခြေအနေတွေ မရေမရာဖြစ်နေပါစေ၊ အန္တရာယ်တွေ ကြီးမားစွာကျရောက်နေပါစေ၊ ပြည်သူ့ထောက်ခံမှုတွေ မှေးမှိန်အားပျော့နေပါစေ သူမ၏ခံယူချက်အတိုင်း ရဲရဲရင့်ရင့် ဆုံးဖြတ်အကောင်အထည်ဖော်ခဲ့သည်။

ရာထူးလက်ခံပြီးခါစအချိန် ငွေကြေးဖောင်းပွမှုကိုဖြတ်တောက်ရန် ကျင့်သုံးချမှတ်ခဲ့သည့် ငွေကြေးထိန်းချုပ်ခြင်းမဟာဗျူဟာသည် လုံးဝ ဂငယ်ကွေ့ (U-turn)ဖြစ်သည်။ ဖောက်ခ်လန်ကျွန်းများကို ကျူးကျော်သိမ်းပိုက်ခြင်းကိုလည်း အားမာန်အပြည့်လက်တုံ့ပြန်ခဲ့သည်။

သတ္တုတူးဖော်ရေးသမားများ၏ဆန္ဒပြပွဲများ ပြင်းထန်နေချိန်ကာလအတွင်းမှာပင် ဗြိတိန်၏ စွမ်းအင်ထောက်ပံ့မှုကို မရပ်နားခဲ့ပေ။ သူမ၏မူဝါဒများနှင့်ပတ်သက်၍ ပြည်သူများ၏ မေးခွန်းထုတ်မှုအပေါ်ကိုလည်း ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့သည်။

ဆိုဗီယက်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသော Ted Star သတင်းစာကြီးက သက်ချာအား “Iron Lady”ဟု ခေါ်ဆိုပြီးတုံ့ပြန်ခဲ့သည်။ ယင်းနာမည်ပြောင်ကို ကဲ့ရဲ့ ရှုတ်ချသောသဘောဖြင့် မှည့်ခေါ်ခဲ့သော်လည်း သက်ချာအနေဖြင့် အယမနာပ စွပ်စွဲပြောဆိုချက်ကို ဂုဏ်ဒြပ်တစ်ခုအနေဖြင့် အရယူခဲ့ပြီး ယင်းစကားစုကို ချစ်စနိုးအမည်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

ငွေကြေးဖောင်းပွခြင်းဟာ ရန်သူ့ စစ်တပ်တွေ ကျူးကျော်တိုက်ခိုက်သလို နိုင်ငံတွေနဲ့ လူ့အဖွဲ့အစည်းတွေကို ဖျက်ဆီးနေကြတယ်။ ငွေကြေးဖောင်းပွမှုဟာ အလုပ်လက်မဲ့ဖြစ်မှုရဲ့ မိဘတွေပဲ၊ ငွေကြေးစုဆောင်း ထားသူတွေအတွက်တော့ မမြင်နိုင်တဲ့ သူခိုးဓားပြတွေပေါ့။

အခုထိ ကျွန်မတို့ကျွန်းကို ပြန်မရသေးဘူး၊ အာဂျင်တီးနားအနေနဲ့ ပြန်လည်ဆုတ်ခွာမှု မရှိသေးဘဲ အပစ်အခတ် ရပ်စဲရေးအောက်မှာ တိတ်တိတ်လေးထွက်ခွာပေးဖို့ ကျွန်မရဲ့ အကောင်းဆုံး စစ်သင်္ဘောကြီးတွေ၊ အကောင်းဆုံးအသက်တွေကို ဆုံးရှုံးမခံနိုင်ပါဘူး။

နိုင်ငံရေးဆိုင်ရာ လူသတ်မှု၊ နိုင်ငံရေးဆိုင်ရာ ဗုံးခွဲမှု ဒါမှမဟုတ် နိုင်ငံရေးဆိုင်ရာအကြမ်းဖက်မှုဆိုတာမရှိပါဘူး၊ တရားမဲ့တဲ့ လူသတ်မှု၊ တရားမဲ့တဲ့ ဗုံးဖောက်မှုနဲ့တရားမဲ့တဲ့ အကြမ်းဖက်မှုတွေပဲရှိပါတယ်၊ ဒီလို ကျူးလွန်သူတွေနဲ့ အပေးအယူ စေ့စပ်ညှိနှိုင်းမှု လုပ်မှာမဟုတ်ပါဘူး၊ သူတို့မှာ နိုင်ငံရေးအဆင့်အတန်းလည်း ရှိမှာမဟုတ်ပါဘူး။

စာမျက်နှာ

117

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2024 နိုဝင်ဘာလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကသောင်းကနင်းကာလခေါင်းဆောင်မှု : မာဂရက်သက်ချာ – ယုံကြည်ချက်ခိုင်မာခြင်းမဟာဗျူဟာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အလင်းဆက်(IR) စာအုပ်များ