ကသောင်းကနင်းကာလခေါင်းဆောင်မှု : ချားလ်စ်ဒီဂေါလ် – စိတ်ဓာတ်မဟာဗျူဟာ
7000 (ကျပ်)
ကမ္ဘာကြီးသည် ကသောင်းကနင်းကာလကို ဝင်ရောက်နေပြီဖြစ်၍ တွေးခေါ်မျှော်မြင်တတ်သောခေါင်းဆောင်များ အထူးကိုလိုအပ်နေသည်ဟု နိုင်ငံရေးပညာရှင်ကြီး ဟင်နရီ ကစ်ဆင်းဂျားက ဆိုသည် ။
ဉာဏ်ပညာကြီးမားသော နိုင်ငံရေးခေါင်းဆောင်များကို အင်တာနက်နည်းပညာဖြင့်ထုတ်လုပ်၍မရနိုင်ဟုလည်း အခိုင်အမာယုံကြည်ခဲ့သည်။ ကစ်ဆင်းဂျား၏အမြင်အရ ချားလ်စ် ဒီ ဂေါလ်သည် နပိုလီယံကဲ့သို့ပင် မိမိကိုယ်ကို ပြင်သစ်ခေါင်းဆောင်ကြီးအဖြစ် တင်မြှောက်ခဲ့သူဖြစ်သည်။
သို့သော်… သူသည် ပြင်သစ်တို့၏ ပျောက်ဆုံးနေသော ယုံကြည်ချက်ကို ပြန်လည်ရရှိအောင် တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုသည်။ ၂၀ ရာစု ခေါင်းဆောင်ကြီးများထဲတွင် ဒီဂေါလ်ကဲ့သို့ ထိုးထွင်းသိမြင်သူမရှိဟုလည်း တင်စားခဲ့သည်။
ချားလ်စ် ဒီ ဂေါလ်သည် ယုံကြည်မှုပျောက်ဆုံးနေသောတိုင်းပြည်ကို ပြန်လည်ပုံဖော်နိုင်သူ၊ ဗိုလ်ချုပ်ကြီးရာထူးထက် အမျိုးသားဂုဏ်သိက္ခာကို တန်ဖိုးထားသူ၊ အန္တိမအောင်မြင်မှု မရရှိသေးသော်လည်း မိမိ၏ရည်မှန်းချက်များကို ပြတ်ပြတ်သားသား ထုတ်ဖော်ကြေညာရဲသူ၊ အာဏာရှင်ကြီးအဖြစ် သမိုင်းတွင်သွားမည်ကို အလွန်စိုးရိမ်သူ၊ ပြည်သူ့ဆန္ဒကိုလေးစားပြီး ရာထူးမှ နုတ်ထွက်ပေးခဲ့သူ၊ နို့သက်ခံနိုင်ငံအဖြစ် မရပ်တည်လိုဘဲ နျူကလီးယားအင်အားကြီးနိုင်ငံဖြစ်စေရန် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။
လုပ်ရမယ့်တာဝန်ကို ပုံကြီးချဲ့ခြင်းဟာ အာဏာရှင်ရဲ့ ကြမ္မာဆိုးတစ်ခုပါပဲ၊ ပြည်သူတွေအနေနဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကို စိတ်မရှည်ဖြစ်လာလေလေ လွတ်လပ်မှုဆုံးရှုံးခြင်းကြောင့် အတိတ်ကို လွမ်းဆွတ်လေလေ အာဏာရှင်တွေ အဖိုးကြီးကြီးနဲ့ ပေးလျော်ရလေလေပါပဲ။
ကျွန်တော် အသက် ၆၇ နှစ် ရှိပြီ၊ ဘာကြောင့် အာဏာရှင်အဖြစ်ခံတော့မှာလဲ၊ ကျွန်တော်ပြောရမယ့်ဟာကို ပြောခဲ့ပြီးပြီ၊ ကျွန်တော့်ရွာကိုပြန်ပြီး တိုင်းပြည်ရဲ့ ဆန္ဒအတိုင်း ရပ်တည်ပါတော့မယ်။
| စာမျက်နှာ | 109 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2024 အောက်တိုဘာလ (ပထမအကြိမ်) |
9 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ