ကသောင်းကနင်းကာလခေါင်းဆောင်မှု : ကွန်ရက်ဒ်အာဒင်နာ – နှိမ့်ချခြင်းမဟာဗျူဟာ
7000 (ကျပ်)
၂၀ရာစု နိုင်ငံရေးသမိုင်းတွင် ခေါင်းဆောင်မှုသည် ထိုးထွင်းသိမြင်မှုဆိုင်ရာ သင်ပုန်းကြီးတစ်ခုသဖွယ် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသုခမိန် ဟင်နရီကစ်ဆင်းဂျားသည် ၂၀ရာစု နိုင်ငံရေးခေါင်းဆောင်ကြီး ၆ ဦး၏ ဘဝနှင့်လုပ်ဆောင်ချက်များကို ဆန်းစစ်ရေးသားခဲ့သည်။
ယင်းခေါင်းဆောင်အားလုံးတို့သည် မရေရာသော ကမ္ဘာတစ်ခုကို အမွေဆက်ခံရရှိသော်လည်း အမျိုးသားအကျိုးစီးပွားနှင့် ရည်မှန်းချက်များကို ပြန်လည်ပုံဖော်နိုင်ခဲ့ကြသည်။ အချုပ်ဆိုရလျှင် သူတို့သည် ကသောင်းကနင်းအခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြသည်။
ကစ်ဆင်းဂျား၏အမြင်အရ ကွန်းရတ်အာဒင်နာသည် ဒုတိယကမ္ဘာစစ်အပြီး စိတ်ပိုင်း ရုပ်ပိုင်းကျဆင်းနေသော ဂျာမနီကို ကမ္ဘာ့နိုင်ငံရေးအသိုင်းအဝိုင်းထဲ ပြန်ရောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ အာဏာရှင် ဟစ်တလာလက်ထက်တွင် မြို့တော်ဝန် ဖြစ်ခဲ့သော်လည်း ဟစ်တလာနှင့်နာဇီဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့သည်။ ၁၉၃၃ ခုနှစ်မှစတင်ကာ ပြည်တွင်း၌ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ၁၉၄၄ ခုနှစ်တွင် နာဇီတို့၏ ဖမ်းဆီး ထောင်ချခြင်းခံခဲ့ရသည်။ အာဒင်နာ၏ခေါင်းဆောင်မှုကြောင့် ၁၉၅၅ ခုနှစ်တွင် ဂျာမနီဖက်ဒရယ် သမ္မတနိုင်ငံသည် အချုပ်အချာအာဏာပိုင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။
အာဒင်နာ၏ ဒီမိုကရေစီအပေါ် လက်ခံယုံကြည်မှုတွင် မဟာဗျုဟာကျသောဆင်ခြင်တုံတရားတစ်ခုရှိသည်။ သူ့အနေဖြင့် အောက်ကျို့နှိမ့်ချမှုကို အားသာချက်တစ်ခုအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ ယာယီမညီမျှမှုအခြေအနေကို တန်းတူညီမျှရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဟု ရှုမြင်ခဲ့သည်။
အာဒင်နာ၏ သမိုင်းဝင် မိန့်ခွန်းတစ်ခုမှာ-
“အတိတ်က ကြွေးကြော်သံတွေကို မေ့လိုက်ကြပါ၊
တိုင်းပြည်နဲ့ ဘဝရဲ့ ပင်ပန်းနွမ်းလျမှု့တွေကိုလည်း ထားခဲ့လိုက်ပါ၊
တူညီတဲ့ ဆင်းရဲဒုက္ခတွေဟာ ငါတို့အားလုံးကို အလုပ်လုပ်ကြဖို့
ဖိအားပေးနေပြီ၊
ဘုရားတရားမဲ့ဝါဒ သို့မဟုတ် ဥပေက္ခာပြုနေသလို နေထိုင်ခြင်းဟာ
ကိုယ့်မိသားစုနဲ့ ဂျာမာန်လူမျိုးတွေရဲ့သစ္စာဖေါက်တစ်ယောက်
ဖြစ်သွားပါလိမ့်မယ်”
| စာမျက်နှာ | 103 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2024 စက်တင်ဘာလ (ပထမအကြိမ်) |
5 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ