အမှတ်တရ

( 12 မှတ်ချက်)

7000 (ကျပ်)

“ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့ အချိန်ရောက်ရင် ဖြတ်ကို ဖြတ်ရပါတယ်…မဖြတ်ဘဲ လွှတ်မချဘဲ ဆက်ပြီးဆုတ်ကိုင်ထားနေတဲ့အခါ အဲ့ဒီ ကြိုးကပဲ ကိုယ့်ကို နာကျင်မှုတွေပေးနေမှာဖြစ်ပါတယ်။”

 

အမှတ်တရစာအုပ်ဟာ ဆရာမဂျူးရဲ့ လူကြိုက်အများဆုံးလက်ရာတွေထဲက တစ်ခုဖြစ်ပြီး ဘာဝတ္ထုဖတ်ရမလဲဆိုတာနဲ့ ချန်လှပ်ထားခဲ့လို့ မရတဲ့…ဒီစာအုပ်ကို ဖတ်ပါဆိုပြီး ထိပ်ဆုံးကနေ ညွှန်းကြရတဲ့ စာအုပ်တစ်အုပ်ပါ။

 

တစ်ဦးလိုအပ်တာကို တစ်ဦးဖြည့်ဆည်းနိုင်စွမ်းရှိပါမှ…အချစ်နဲ့ အိမ်ထောင်ရေးကို ဟန်ချက်ညီညီတည်ဆောက်နိုင်မှာပါ။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ်ကိုယ်ကိုယ်အားကိုးပြီး အမှီအခိုကင်းစွာ ရပ်တည်နိုင်စွမ်းရှိတဲ့ စုစုထွေး နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့မှု၊ မှီခိုအားကိုးမှု၊ လေးစားမှုတို့ကို လိုချင်တဲ့ မောင် တို့ နှစ်ဦးရဲ အချစ်နဲ့ လက်တွေ့ဘဝကြားက အတ္တလွန်ဆွဲပွဲကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 

ဒီစာအုပ်ဟာ တကယ့်လက်တွေ့ဘ​ဝထဲက လူတွေရဲ့ သဘောသဘာဝနဲ့ စိတ်ခံစားချက်တွေ၊ အဖြစ်အပျက်တွေကို စာဖတ်သူရဲ့ စိတ်ထဲ နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်သွားအောင် လုပ်နိုင်စွမ်းရှိပြီး ကိုယ့်ဘ​ဝနဲ့ပါ နှိုင်းယှဉ်ချိန်ထိုးပြီး အတွေးနယ်ချဲ့လို့ကောင်းစေမှာပါ။ ဆေးတက္ကသိုလ်နဲ့ ဆေးလောကကို နောက်ခံထားရေးဖွဲ့ထားတာကြောင့် ဆေးပညာဆိုင်ရာ ဗဟုသုတတွေကို စာဖတ်ရင်း ရသရော သုတပါရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။

စာမျက်နှာ

202

စာအုပ်အရွယ်အစား

4.1 x 0.5 x 6.5 inches

ပုံနှိပ်မှတ်တမ်း

ဂျူးစာပေ၊ 2015 စက်တင်ဘာလ၊ (တ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

21.11.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 7000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

41 in stock

အမှတ်တရ အား ဝေဖန်သုံးသပ်မှု 12 ရှိပါသည်။

  1. Than Soe Aung –

    အရမ်းကောင်းတယ်

  2. Shoon lai Wai –

    ဒီစာအုပ်ကလေးကို ထပ်ခါထပ်ခါ ဖတ်ဖြစ်မြဲပါ မောင်က ဒေါ်စုစုထွေးကိုမရွေးချယ်ခဲ့တာလဲမမှားပါဘူးအိမ်ထောင်တစ်ခုမှာ အရမ်းပြတ်သားလွယ်တဲ့မိန်းမမျိုးကို ဘယ်ယောကျာ်းက အိမ်ထောင်ဘက်အဖြစ်ရွေးချယ်မှာတုံး ကျွန်မလဲ ရွေးမချယ်ဘူး
    ဒါပေမဲ့ ဒေါ်စုစုထွေးက အရမ်းအချစ်ကြီးလွန်းတယ် အရမ်းလည်းအလိုလိုက်လွန်းတယ် ချစ်ရတဲ့သူအကြောင်းခေါင်းစခြေဆုံးအကုန်အလိုက်သိတက်လွန်းသူ့ဖြစ်တယ် အလှနေမှရွေးချယ်မယ်ဆိုရင် ကျွန်မလဲဒေါ်စုစုထွေးလိုဘဲ မရွေးချယ်ရင်နေပါစေ လှမှ ကြိုက်မယ်ဆိုရင် သေတာင် မကြိုက်နဲ့ မောင်က တန်ဖိုးရှိတဲ့အရာကိုဆုံးရှုံးသွားတယ် အတွေးအခေါ်ဆန့်ကျင်ရင် လူနှစ်ယောက်ပေါင်းဖက်ဖို့မဖြစ်နိုင်ဘူး လက်တွေ့ဘဝမှကိုယ့်နဲ့အဆင်ပြေမဲ့သူပဲလူတိုင်းကရွေးချယ်ချင်ကြတာမမှားပါဘူး အတိတ်ထဲကရုံးထွက်ပြီးမေ့ပျောက်လိုက်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဂျူး စာအုပ်များ