
အမှတ်တရ
7000 (ကျပ်)
“ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့ အချိန်ရောက်ရင် ဖြတ်ကို ဖြတ်ရပါတယ်…မဖြတ်ဘဲ လွှတ်မချဘဲ ဆက်ပြီးဆုတ်ကိုင်ထားနေတဲ့အခါ အဲ့ဒီ ကြိုးကပဲ ကိုယ့်ကို နာကျင်မှုတွေပေးနေမှာဖြစ်ပါတယ်။”
အမှတ်တရစာအုပ်ဟာ ဆရာမဂျူးရဲ့ လူကြိုက်အများဆုံးလက်ရာတွေထဲက တစ်ခုဖြစ်ပြီး ဘာဝတ္ထုဖတ်ရမလဲဆိုတာနဲ့ ချန်လှပ်ထားခဲ့လို့ မရတဲ့…ဒီစာအုပ်ကို ဖတ်ပါဆိုပြီး ထိပ်ဆုံးကနေ ညွှန်းကြရတဲ့ စာအုပ်တစ်အုပ်ပါ။
တစ်ဦးလိုအပ်တာကို တစ်ဦးဖြည့်ဆည်းနိုင်စွမ်းရှိပါမှ…အချစ်နဲ့ အိမ်ထောင်ရေးကို ဟန်ချက်ညီညီတည်ဆောက်နိုင်မှာပါ။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ်ကိုယ်ကိုယ်အားကိုးပြီး အမှီအခိုကင်းစွာ ရပ်တည်နိုင်စွမ်းရှိတဲ့ စုစုထွေး နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့မှု၊ မှီခိုအားကိုးမှု၊ လေးစားမှုတို့ကို လိုချင်တဲ့ မောင် တို့ နှစ်ဦးရဲ အချစ်နဲ့ လက်တွေ့ဘဝကြားက အတ္တလွန်ဆွဲပွဲကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီစာအုပ်ဟာ တကယ့်လက်တွေ့ဘဝထဲက လူတွေရဲ့ သဘောသဘာဝနဲ့ စိတ်ခံစားချက်တွေ၊ အဖြစ်အပျက်တွေကို စာဖတ်သူရဲ့ စိတ်ထဲ နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်သွားအောင် လုပ်နိုင်စွမ်းရှိပြီး ကိုယ့်ဘဝနဲ့ပါ နှိုင်းယှဉ်ချိန်ထိုးပြီး အတွေးနယ်ချဲ့လို့ကောင်းစေမှာပါ။ ဆေးတက္ကသိုလ်နဲ့ ဆေးလောကကို နောက်ခံထားရေးဖွဲ့ထားတာကြောင့် ဆေးပညာဆိုင်ရာ ဗဟုသုတတွေကို စာဖတ်ရင်း ရသရော သုတပါရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။
| စာမျက်နှာ | 202 |
|---|---|
| စာအုပ်အရွယ်အစား | 4.1 x 0.5 x 6.5 inches |
| ပုံနှိပ်မှတ်တမ်း | ဂျူးစာပေ၊ 2015 စက်တင်ဘာလ၊ (တ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 21.11.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 7000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
41 in stock





hhtar –
အချစ်နဲ့အိမ်ထောင်ရေးကထင်သလောက်မရှိးရှင်းပါဘူ
အတိတ်အမှတ်တရတွေ က ဘယ်တော့မရိုးသွားဘဲ တိုက်ဆိုင်မူရှိတဲ့သတိရနေပါလိမ့်မယ်
ဆရာမအရေးအသားလဲအရမ်းကောင်းပါတယ် ကို့ life နဲ့ဆင်လို့ ဆရာမရေးတဲ့အဓိပါယ်ကိုအပြည့်ဝနားလည်ပါတယ်
ဆရာမရဲ့ စာအုပ်များစွာထဲကမှ ဝယ်ပီးသိမ်းထားသင့်တဲ့စအုပ်ကောင်းတအုပ်ပါ
အမှတ်တရ
Eaindra Tun Ko Ko –
ချစ်လျက်နဲ့ မပေါင်းဖက်ခဲ့ကြရဘူးမောင်၊ ဘာဖြစ်လို့ စုစုထွေးကိုအပြစ်တင်ရတာလဲ မောင်ရယ်။ ဖောက်ပြန်ခဲ့တာ မောင်ပါ။ စုစုထွေးအမှားဆိုလို့ မောင့်တယောက်ထဲကိုပဲ ချစ်ခဲ့ပီး၊ မောင့်ကိုပဲမေ့ဖျောက်လို့မရခဲ့တာပဲရှိခဲ့တာပါ။
စုစုထွေးဇာတ်ကောင်ထဲမှာ တအားနစ်ဝင်သွားခဲ့လို့ မောင့်ကိုလည်းအပြစ်မတင်ရက်တော့ပါဘူး။ ( ကိုယ်ပိုင်ဘဝမှာကြုံခဲ့ဖူးတဲ့ အခြေနေနဲ့ တူလွန်းနေတာကြောင့် တအားသက်ဝင်ခံစားရပါတယ် ဆရာမဂျူး အမှတ်တရ)
မောင့်အသက် –
ကျောင်းသားတစ်ယောက်ပင်မဲ့ဒီစာအုပ်လေးကိုေတာ့တော်”ကြိုက်မိတယ်မောင်ဆိုတဲ့နာမ်စားလေးရယ်အဲ့ထဲကဖြစ်ရပ်တွေကတကယ်ခံစားနေရသလိုပါပဲမခံစားဘူးပင်မဲ့တကယ်ကြုံနေရသလိုပါပဲရှင်”အချစ်ကိုယုံလွယ်မိတော့ငိုရတယ်တဲ့”အဲ့ထဲကစာသားတော့မဟုတ်ပါဘူးကြုံတုန်းလေးရေးလိုက်တာ
Bo Bo –
လုံးဝကိုဖတ်လို့ကောင်းတဲ့ဝတ္ထုစာအုပ်လေးပါ။ကိုယ့်ရဲ့ပထမဆုံးဖတ်ဖြစ်ခဲ့တဲ့ဝတ္ထုစာအုပ်လေးလည်းဟုတ်ပါတယ်။ဆရာမဂျူးရဲ့အမှတ်တရကိုဖတ်ပြီးနောက်ဝတ္ထုတွေတောင်ရင်ထဲသိပ်မရောက်တော့ဘူး။ပြီးတော့အမှတ်တရကိုလည်းဆရာမဂျူးရဲ့ဖြစ်ရပ်မှန်လို့လည်းပြောကြတယ်။တချို့ကလည်းမဟုတ်ဘူးတဲ့။ဘယ်လိုပဲဖြစ်ဖြစ်ဖတ်လို့ကတော့အရမ်းကောင်းတယ်။ကြိုက်လို့ခနခနလည်းပြန်ဖတ်တယ်။💯💕
Nann Tint Yi Linn Htet –
အမှတ်တရ ဆိုလို့ ကိုယ့် ၂၀ပြည့် မွေးနေ့မှာ အမှတ်တရ ဖြစ်အောင် ၀ယ်ဖြစ်ခဲ့တဲ့ စာအုပ်လေးပါ။ အမှတ်တရဆိုတဲ့အတိုင်း ဖတ်ပြီးတော့ တကယ်လည်း အမှတ်တရ ပါဘဲ။ စာအုပ် ဖတ်ပြီးတော့ စုစုထွေးလိုမျိုး အပြင်လောကမှာများ ဘယ်နှစ်ယောက်လောက် ရှိမလဲလို့လေ မောင့်ကို ပုခုံးချင်း ယှဉ်မဲ့ မိန်းမမို့ တချိန်မှာ ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့အချိန်ကျရင် ဖြတ်ကို ဖြတ်ရမှာဘဲဆိုပြီး သုံးပွင့်ဆိုင်လာတဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ လှည့်ထွက်ခဲ့ပြီး ဘ၀ကို ရှင်သန်သွားလဲဆိုတာ တကယ်ကို အားမရ ဖြစ်ခဲ့ရပေမဲ့ လှည့်ထွက်ခဲ့လို့ လည်း တကယ်ကို အားရ ခဲ့ရပါတယ်။ သစ္စာဖောက်ခံခဲ့ရဖူးတဲ့ အမျိုးသမီးတိုင်း ကိုယ်ချင်းစာပြီး မျက်ရည်ကျရတဲ့ အကောင်သေးပေမဲ့ အဆိပ်ပြင်းသောပါဘဲကွယ်😞