အမှတ်တရ

( 12 မှတ်ချက်)

7000 (ကျပ်)

“ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့ အချိန်ရောက်ရင် ဖြတ်ကို ဖြတ်ရပါတယ်…မဖြတ်ဘဲ လွှတ်မချဘဲ ဆက်ပြီးဆုတ်ကိုင်ထားနေတဲ့အခါ အဲ့ဒီ ကြိုးကပဲ ကိုယ့်ကို နာကျင်မှုတွေပေးနေမှာဖြစ်ပါတယ်။”

 

အမှတ်တရစာအုပ်ဟာ ဆရာမဂျူးရဲ့ လူကြိုက်အများဆုံးလက်ရာတွေထဲက တစ်ခုဖြစ်ပြီး ဘာဝတ္ထုဖတ်ရမလဲဆိုတာနဲ့ ချန်လှပ်ထားခဲ့လို့ မရတဲ့…ဒီစာအုပ်ကို ဖတ်ပါဆိုပြီး ထိပ်ဆုံးကနေ ညွှန်းကြရတဲ့ စာအုပ်တစ်အုပ်ပါ။

 

တစ်ဦးလိုအပ်တာကို တစ်ဦးဖြည့်ဆည်းနိုင်စွမ်းရှိပါမှ…အချစ်နဲ့ အိမ်ထောင်ရေးကို ဟန်ချက်ညီညီတည်ဆောက်နိုင်မှာပါ။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ်ကိုယ်ကိုယ်အားကိုးပြီး အမှီအခိုကင်းစွာ ရပ်တည်နိုင်စွမ်းရှိတဲ့ စုစုထွေး နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့မှု၊ မှီခိုအားကိုးမှု၊ လေးစားမှုတို့ကို လိုချင်တဲ့ မောင် တို့ နှစ်ဦးရဲ အချစ်နဲ့ လက်တွေ့ဘဝကြားက အတ္တလွန်ဆွဲပွဲကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 

ဒီစာအုပ်ဟာ တကယ့်လက်တွေ့ဘ​ဝထဲက လူတွေရဲ့ သဘောသဘာဝနဲ့ စိတ်ခံစားချက်တွေ၊ အဖြစ်အပျက်တွေကို စာဖတ်သူရဲ့ စိတ်ထဲ နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်သွားအောင် လုပ်နိုင်စွမ်းရှိပြီး ကိုယ့်ဘ​ဝနဲ့ပါ နှိုင်းယှဉ်ချိန်ထိုးပြီး အတွေးနယ်ချဲ့လို့ကောင်းစေမှာပါ။ ဆေးတက္ကသိုလ်နဲ့ ဆေးလောကကို နောက်ခံထားရေးဖွဲ့ထားတာကြောင့် ဆေးပညာဆိုင်ရာ ဗဟုသုတတွေကို စာဖတ်ရင်း ရသရော သုတပါရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။

စာမျက်နှာ

202

စာအုပ်အရွယ်အစား

4.1 x 0.5 x 6.5 inches

ပုံနှိပ်မှတ်တမ်း

ဂျူးစာပေ၊ 2015 စက်တင်ဘာလ၊ (တ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

21.11.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 7000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

41 in stock

အမှတ်တရ အား ဝေဖန်သုံးသပ်မှု 12 ရှိပါသည်။

  1. Thaw –

    အချစ်ဆိုသည့်အရာက သိပ်နက်နဲပါတယ်။
    ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူက တစ်ချိန်ချိန်စွန့်ပစ်သွားခဲ့ရင်တောင်မှ ကိုယ်က သူနဲ့အတူအမှတ်တရလေးတွေ သိမ်းဆည်းထားမိဆဲပါ။ အချစ်က ချိုမြတယ် တစ်ခါတစ်ခါလည်း အရမ်းခါးသက်လွန်းပါတယ်မောင်
    မောင့်ရဲ့အချစ်တွေကို ခုထိသိမ်းဆည်းထားမိပါတယ်။ ဒီစာအုပ်လေးက မိန်းကလေးတစ်ယောက်ရဲ့ သစ္စာရှိမှု ကို ဖော်ပြထားပါတယ်။ ထို့ကြောင့် ဒီစာအုပ်လေးကိုဖတ်နေရင်းနဲ့ မျက်ရည်ကျမိပါတယ်။ ထို့ကြောင့် အရမ်းနှစ်သက်ရတဲ့စာအုပ်လေးတစ်အုပ်ပါ။

  2. Saw Zayer Oo –

    မင်း ချစ်ခဲ့ဖူးလားဟင်?
    ဟင့်အင်း…အမှတ်တရဖြစ်တဲ့အထိ ချစ်ဖူးလား?

    မင်းရှုပ်‌ထွေးစေဖို့ ဇာတ်ကောင်အများကြီး ရယ်
    မင်းရောနှောသွားဖို့ ဇာတ်လမ်းရှုပ်ရှုပ်‌တွေရယ်နဲ့
    မင်းပျင်းအီသွားဖို့ စာမျက်နှာထူထူတွေ
    မပါတဲ့ သိပ်လှတဲ့ ကဗျာတစ်ပုဒ်လိုပေါ့…

    မင်းချစ်တက်ဖို့ နားလည်မှုတွေ
    မင်းသိတက်ဖို့ ဟန်ဆောင်ရခြင်းတွေ
    မင်းခွင့်လွတ်တက်ဖို့ စွန့်လွတ်ရခြင်း‌တွေတော့
    အများကြီး ပါ၀င်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ရယ်ပါ…

    ဆရာမဂျူးရဲ့ ၀ယ်သိမ်းထားသင့်တဲ့ စာအုပ်‌တွေထဲက
    နံမည်သိပ်လှတဲ့ အမှတ်တရ ကို
    မင်း ချစ်ရဖို့ ကိုယ် review ရေးလိုက်တယ်❤

  3. Nang Htarwara –

    ကိုယ့်အတွက်လုံလောက်စွာချစ်ခဲ့ပြီးပြီမို့ မောင်ပေးခဲ့သောအချစ်တွေက စုစုထွေးအတွက်လုံလောက်ခဲ့ပြီမို့…
    ခိုင်မြဲသောချစ်ခြင်းတွေနဲ့ ဖောက်ပြန်တတ်တဲ့သဘောတရားတွေကိုကွင်းကွင်းကွက်ကွက်ရေးသားပြထားသော စာအုပ်ကောင်းတစ်အုပ်ပါ

  4. Htet Hnin Phyu –

    စုစုထွေးနဲ့မောင်နဲ့ဟာအရမ်းချစ်ခဲ့ကြတဲ့ ဆေးကျောင်းသူကျောင်းသားချစ်သူနှစ်ယောက် ကောင်းတူဆိုးဖက်
    အတူလက်တွဲခဲ့ကြတယ် ၅ နှစ်လောက်လက်တွဲခဲ့ကြပေမယ့်
    မောင်ဟာ စုစုထွေးကို လက်တွဲဖော်အဖြစ်
    ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး
    မောင်ဟာအလှအပကိုခုံမင်တယ်
    မောင်ရဲ့ဇာတိမြို့လေးက မောင့်ထက်၃နှစ်ငယ်တဲ့
    မောင့်ထက်ပညာအရည်အချင်းကွာတဲ့
    ချောမောလှပတဲ့နန်းကိုမှ
    မောင်ရွေးခဲ့တယ်
    စုစုထွေးဟာလည်း မောင့်ရဲ့ဆုံးဖြတ်ချက်ကိုဘဲ
    အမြဲအလေးထားခဲ့တယ်
    သူ(မ)ကြောင့် မောင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို
    တစ်စက်ကလေးမှ မပြောင်းလဲစေဘူး
    စုစုထွေးကိုသနားတယ်
    မောင့်ကိုလဲရက်စက်သူလို့ဘဲမြင်တယ်
    သို့ပေမယ့် ယောက်ျားတစ်ယောက်ဟာ
    သူတို့အပေါ် သြဇာညောင်းမယ့်မိန်းမမျိုးကို
    သဘောမကျကြဘူး အားကိုးတာကိုလိုလားတယ်
    စုစုထွေးက ပညာအရည်အချင်းကလဲမောင်နဲ့
    တန်းတူဖြစ်သလို ကိုယ့်ကိုယ်ကိုအားကိုးတဲ့
    မိန်းမတစ်ယောက်ဖြစ်တယ်
    ဒါကြောင့်ဘဲ စုစုထွေးကိုမောင်မရွေးခဲ့ဘူး
    ဘယ်လောက်ဖတ်ဖတ် မရိုးသွားတဲ့ဆရာမဂျူးရဲ့အမှတ်တရပါ
    စာဖတ်သူတို့ကိုလဲ ဖတ်သင့်တဲ့စာအုပ်ပါလို့
    review ပေးလိုက်ပါတယ်

  5. hsuyee –

    အသက် 16 နှစ်မှာ ဖတ်တုန်းက တစ်မျိုးခံစားရတယ်..နောက် 20 ကျော်တော့ ပြန်ဖတ်တော့ နောက်တစ်မျိုးလေး ထပ်ခံစားရတယ်…ပြောချင်တာ အသက်အရွယ်အပိုင်းအခြားမတူတဲ့အခါ ခံစားချက်တွေ ပြောင်းလဲသွားတယ် ကိုယ့်အတွက်တော့…ဘယ်သူ့ ဘယ်သူ့ မှားတယ် မှန်တယ် တော့ မသတ်မှတ်ချင်တော့ပါဘူး.. အချစ်နဲ့ အိမ်ထောင်ရေးဟာ ထင်သလောက် မရိုးရှုင်းဘူး ။ ဆန်းကြယ်တယ်လို့သာ သုံးနှုန်းပေးချင်ပါတယ်…ဆေးကျောင်းသူ ဆေးကျောင်းသား ဘဝ ရေးထားတာကတော့ ဗဟုသုတ ရဖွယ်ပါပဲ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဂျူး စာအုပ်များ