နာကျင်မှုထဲက ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်

( 0 မှတ်ချက်)

6000 (ကျပ်)

ကိုယ့်အချစ်ရေး ဒါမှမဟုတ် ပတ်သက်မှုတစ်ခုခုထဲမှာ ခြေဖျားထောက်ပြီး လျှောက်နေရသလိုမျိုး အမြဲတမ်း စိုးရိမ်ပူပန်နေဖူးလားဟင် ?

တစ်ဖက်လူရဲ့ စကားလုံးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးပြီး ငါ မှားနေတာလားဆိုတဲ့ သံသယတွေ စိတ်ထဲမှာ အမြဲဝင်နေပြီဆိုရင်တော့ ဒီစာအုပ်လေးက သင့်အတွက် လမ်းပြမြေပုံတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒီစာအုပ်က ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေထက် ပိုပြီး နက်ရှိုင်းတဲ့၊ မြင်ရခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းခံရမှုတွေအကြောင်းကို သေချာလေး ရှင်းပြထားတာပါ။

လူတော်တော်များများက ကိုယ့်ကိုယ်ကိုယ် အနှိပ်စက်ခံနေရမှန်းတောင် မသိဘဲ ဒီသံသရာထဲမှာ ပိတ်မိနေတတ်ကြတယ်။ စာအုပ်ထဲမှာ အဓိက ထောက်ပြထားတာက Emotional Abuse ဆိုတာ ဆဲဆိုတာထက် ပိုတယ်ဆိုတဲ့ အချက်ပါပဲ။

မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ဝေဝါးသွားအောင် လုပ်တဲ့ Gaslighting လုပ်တာ၊ အမြဲတမ်း အပြစ်ရှာ ဝေဖန်နေတာ၊ ဒါမှမဟုတ် လူအများကြားမှာ အရှက်ခွဲတာမျိုးတွေဟာ စိတ်ဝိညာဉ်ကို တဖြည်းဖြည်း တိုက်စားသွားတတ်တယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေက ခန္ဓာကိုယ်မှာ ဒဏ်ရာမထင်ပေမယ့် နှလုံးသားထဲမှာတော့ ကုသရခက်တဲ့ အမာရွတ်တွေကို ကျန်ရစ်စေတာပါ။

ဒီလိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်သက်မှုကနေ ဘေးကင်းကင်းနဲ့ ဘယ်လိုရုန်းထွက်မလဲ၊ ရုန်းထွက်ပြီးရင်ကော ကိုယ့်ဘဝကို ဘယ်လိုပြန်စမလဲဆိုတဲ့ လက်တွေ့ကျတဲ့ အဆင့်တွေကို ဖော်ပြထားပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေက မမြင်ရပေမယ့် ကုသလို့ ရပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်ဖို့နဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ပထမဦးစားပေး ထားတတ်ဖို့ပါပဲ။

ဒီစာအုပ်လေးကတော့ ကိုယ့်ဘဝရဲ့ လွတ်လပ်ခွင့်ကို ပြန်လည် သိမ်းပိုက်ချင်တဲ့သူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်နေမှာ အသေအချာပါပဲ။

စာရေးသူကျွန်မအနေနဲ့ ဝန်ခံချင်တာကတော့ ဒီစာအုပ်လေးမှာ တချို့ လက်တွေ့လုပ်ဆောင်သင့်တဲ့ အချက်ကလေးတွေကို Beverly Engel ရဲ့ Escaping Emotional Abuse ထဲက အကြောင်းအရာတွေကို ဘာသာပြန်ပြီး ထည့်သွင်းရေးသားထားပါတယ်။

စာမျက်နှာ

87(Woodfree paper)

စာအုပ်အရွယ်အစား

5.6 × 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026 ဇူလိုင်လ (ပထမအကြိမ်)

20 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နာကျင်မှုထဲက ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စုမြတ်ချစ် စာအုပ်များ